Big Bag လို့ ပြော​လိုက်​ရင် မြန်မာ​နိုင်ငံ​ရဲ့ အထင်​ကရ Punk အဖွဲ့​ရယ်​လို့ အားလုံး သိ​ထား​ပြီး​သား​ပါ။ အဖွဲ့​ခေါင်းဆောင်​လို ဆို​နိုင်​တဲ့ ဟန်​ထူး​လွင်​ကို​တော့ အထူး​တ​လည် မိတ်​ဆက်​နေ​စရာ​မ​လို​တော့​ပါ​ဘူး။ ကဲ ဟန်​ထူး​လွင်​နဲ့ တွေ့​ဆုံ​ခိုက် ဘာ​တွေ​မေး​ဖြစ်​ခဲ့​သလဲ​ဆို​တော့

လတ်​တ​လော အနု​ပညာ​လှုပ်ရှား​မှု​က​နေ စ​ပြော​ပေး​ပါ​ဦး

We are Big Bagရဲ့ Music Video ကို ရိုက်​ကူး​နေ​ပြီး ဂီ​တ​လောက​သား​တွေ မူ​ပိုင်​ခွင့်​နဲ့ ပတ်သက်​လို့ အကျိုး​ခံစား​ခွင့် အပြည့်​အဝ​ရ​ရှိ​အောင် လုပ်ဆောင်​ပေး​နေ​ပါ​တယ်။ လက်​ရှိ​မှာ Big Bag အတွက် သီချင်း​တွေ​ကို တစ်​နှစ်​လောက်​မ​ရေး​သေး​ပါ​ဘူး။

မူ​ပိုင်​ခွင့် နဲ့​ပတ်သက်​လို့ DIGI RIGHT ကုမ္မ​ဏီ​တည်ထောင်​ဖြစ်​တဲ့ အကြောင်း​အရင်း​ပြော​ပြ​ပေး​ပါ။

ကျွန်တော်​ရယ်၊ စ​မိုင်းလ် ခင်ပွန်း​ကို​ပြည့်​မောင်​ရယ် လုပ်​တာ​ပါ။ အဓိက​ကတော့ ဂီ​တသ​မား​တစ်​ယောက်​ရဲ့ မူ​ပိုင်​ခွင့်​ကို အပြည့်​အဝ ရ​ရှိ​စေ​ချင်​တဲ့ စေတနာ​နဲ့​ပါ။ အခု​ဖြစ်​နေ​တာ​တွေ​က အဆိုတော်​တစ်​ယောက်​က သူ့​သီချင်း​ကို​တောင် ကျွန်တော့်​သီချင်း​မူပ်ိုင်​ပါ​ဆို​တာ​ကို ပိုက်ဆံ​အကုန်ခံ​ပြီး လုပ်​နေ​တာ​ပါ။ ကျွန်တော်​တို့​က ကိုယ်​ကြိုးစား​ပြီး ဖန်တီး​ထား​တဲ့ ဂီ​တ​ကို နောက်ထပ်​ပိုက်ဆံ​ပေး​ပြီး မူ​ပိုင်​ပါ​လို့ လုပ်​နေ​ရ​တာ ပုံစံ​တော့​မ​ကျ​ဘူး။ ကျွန်တော်​တစ်​ယောက်​တည်း ဆို​ရင်တောင် မ​လုပ်​နိုင်​ပါ​ဘူး။ ဒါ​ပေ​မယ့် ဂီ​တ​လောက​ကို မူ​ပိုင်​ခွင့် နဲ့​ပတ်သက်​လို့ အဆိုတော်​တွေ ခံစား​ခွင့်​အပြည့်​အဝ ရ​ရှိ​စေ​လို​တဲ့ လူ​တွေ​ပါ​ပံ့ပိုး​ပေး​လို့ လုပ်​ဖြစ်​တာ​ပါ။

ဂီ​တ​အစည်း​အရုံး​နဲ့​ပတ်သက်​လို့​ဘယ်​လို​ညှို​နှိုင်း​ခံ​ရ​လဲ။

ပွင့်​ပွင့်လင်း​လင်း ပြော​ရ​ရင် ဘာ​တစ်​ခု​မှ​မ​ညှိနှိုင်း​ပါ​ဘူး။ ကျွန်တော်​အခု ဂီ​တ​အစည်း​အရုံး​က နေ နှုတ်ထွက်​တယ်။ ပြီး​တော့ အခု​ဒီ​ကုမ္မ​ဏီ​ကို​ထောင်​တယ်။ သူ​တို့​က​ဘာ​အကူအညီ​မှ မ​ပေး​သ​လို ဘာ​ဝေဖန်​သံ​မှ​လဲ ပြော​တာ​မ​ကြား​ပါ​ဘူး။ သူ့​အလုပ်​သူ​လုပ်၊ ကိုယ့်​အလုပ်​ကိုယ်လုပ်​ပေါ့။

သီချင်း​တွေ​ရောင်းချ​ဖို့ ဘယ်​လို​ပုံစံ​လေး​တွေ လုပ်​ထား​သေး​လဲ။

ရောင်းချ​မှု​ပုံစံ​ကတော့ နှစ်​မျိုး​ပါ။ Online သီချင်း​တစ်​ပုဒ်​ချင်း​စီ ရောင်း​မ​လား၊ ဒါ​မှ​မဟုတ် သူ​တို့​ရဲ့​အခွေ​တစ်​ခု​လုံး မူ​ပိုင် အပ်ထား​ချင်​တာ​လား​ဆို​တာ​ပါ။ ဒီ​နှစ်​ခု​ရဲ့​ကွာ​ခြား​ချက်​က သီချင်း တစ်​ပုဒ်​ရောင်း​ပြီး မူ​ပိုင်​မ​ထား​ရင် Online မှာ သူ​တို့​ရောင်း​ရ​တဲ့ ငွေ​ပမာဏ​ကို တွက်​ပေး​တာ​ပေါ့။ မူ​ပိုင်​ခွင့် ပေး​တဲ့​သူ​ကတော့ ဒီ​သီချင်း​တွေ​နဲ့​ပတ်သက်​တဲ့ ကိစ္စ​အဝ​ဝ​ကို ကိုင်တွယ်​ဖြေ​ရှင်း​ပေး​ရ​တာ​ပါ။ ဥပမာ ထိုင်း​နိုင်ငံ​မှာ ဒီ​က မူ​ပိုင်​လုပ်​ထား​တဲ့​သီချင်း​ကို သုံး​နေ​တယ်​ဆို​ရင် ကိုယ်​က​လှမ်း​ပြီး တား​လို့​ရ​ပါ​တယ်။ ပြီး​တော့ အဆိုတော်​တွေ​အနေ​နဲ့ ဘယ်​ဈေး​ကွက်​မှာ ကိုယ့်​သီချင်း​ကို ဘယ်​လို​ရောင်း​ပေး​ပါ​လို့ ပြော​ရင်​လဲ ကျွန်တော်​တို့​က အားလုံး​အဆင်​ပြေ​အောင် ချိတ်ဆက်​ပေး​ပါ​တယ်။

အဲ​ဒီ​လို​လုပ်​ပေး​ရ​တဲ့​အတွက် Company အနေ​နဲ့ ဝန်​ဆောင်​ခ ဘယ်လောက်​ယူ​လဲ။

ဝန်​ဆောင်​ခ​အနေ​နဲ့​တော့ ၁​၅​ရာ​ခိုင်​နှုန်း​ပဲ​ယူ​တယ်။ ကျွန်တော်​ထင်​တယ်။ မြန်မာ​နိုင်ငံ​မှာ အဲ​ဒီ​လိုလို​လုပ်​ပေး​တဲ့ ဌာန​တွေ​နဲ့ ယှဉ်​လိုက်​ရင် ကျွန်တော်​တို့​ကုမ္မ​ဏီ​က အနည်း​ဆုံး​လို့ ထင်​ပါ​တယ်။ စီးပွား​ရေး​အရ တွက်ချက်​ပြီး လုပ်​တာ​မဟုတ်​ဘူး။ သူ​တို့​သီချင်း​တွေ လာ​ရောင်း​ခိုင်း​တဲ့ အခါ​မှာ​လည်း ဘာ​ပိုက်ဆံ​မှ​ပေး​စရာ​မ​လို​ပါ​ဘူး။ တ​ကယ့်​ကို ဂီ​တ​ဖန်တီး​တဲ့​သူ​တွေ​အတွက် မူ​ပိုင်​ခွင့်​အပြည့်​အဝ​ခံစား​စေ​ချင်​တာ​ပါ။

ဂီ​တ​အမျိုး​အစား အကုန်​လုံး​ကို လက်ခံ​တာ​လား။

ဟုတ်ကဲ့။ ဂီ​တ​အမျိုး​အစား​အစုံ လက်​တွဲန်ိုင်​ပါ​တယ်။ ကိုယ်​တွေ တကယ်​လုပ်​ပေး နေ​တယ်​ဆို​တာ​ကို သိ​တဲ့​သူ​တွေ​လည်း သိ​နေ​ပါ​ပြီ။ ဂီ​တ​လောက​ထဲ​က ဘယ်​သူ့​ကို​မ​ဆို အကုန်​လုပ်​ပေး​ပါ​တယ်။ တစ်​ခြား​သော အဖွဲ့​အစည်း​တွေ​နဲ့ စကားမ​ပြော​ပါ​ဘူး။ အနု​ပညာ​သမား​တွေ​ကိ ု​လုပ်​ပေး​ဖြစ်​တဲ့​အတွက် အနု​ပညာ​သမား​တွေ အချင်းချင်း​ပဲ​ပြော​ပါ​တယ်။

ဂီ​တ​လောက​အတွက် ရေ​ရှည်​မှာ ဘယ်လောက်​ထိ​ကောင်း​နိုင်​မယ်​လို့​ထင်​သလဲ။

ရေ​ရှည်​မှာ​တော့ ဂီ​တသ​မား​တွေ​ရဲ့​မူ​ပိုင်​ခွင့် အကျိုး​ခံစား​မှု ဒီ​ထက်​မက​ရ ရှိ​ခံစား​နိုင်​မှာ​ပါ။

ပရိသတ်​အတွက် စကားလက်ဆောင်​ပြော​ပေး​ပါ။

ဟုတ်ကဲ့​ပါ။ အားပေး​နေ​တဲ့​အတွက် အရမ်း​ကျေးဇူးတင်​ပါ​တယ်။ ကျွန်တော်​က ဒီ​လို​ကိစ္စ​မျိုး​တွေ လိုက်​လုပ်​နေ​တော့ တစ်​ချို့​ပရိသတ်​တွေ​က ကျား​ပေါက် သီချင်း​မ​ရေး​တော့​ဘူး​လား​လို့ မေး​လာ​ပါ​တယ်။ Big Bag သီချင်း​တွေ​ကို တစ်​နှစ်​လောက် မ​ရေး​ပဲ နေ​ပါ​ဦး​မယ်။

Credit to Trend Myanmar