မြောက်​ကို​ရီး​ယား ခေါင်းဆောင် ကင်​ဂျုံ​အန်​၏ ညီမ ကင်​ရို​ဂျုံး​သည် အာဏာ​ရ အလုပ်​သမား ပါ​တီ​၏ အကြီး​တန်း အရာရှိ တစ်​ဦး​အဖြစ် နိုင်ငံ​ပိုင်​မီ​ဒီ​ယာ​တွင် ပထမ​ဆုံး အကြိမ် ဖော်​ပြ​ခြင်း ခံ​ခဲ့​ရ​သည်။

(၂​၆)နှစ်​အရွယ်​ရှိ ကင်​ရို​ဂျုံး​အား အာဏာ​အရှိ​ဆုံး ဗ​ဟိုကော်​မ​တီ​တွင် ဌာန​တစ်​ခု​၏ ဒုတိယ​ညွှန်​ကြား​ရေး​မှူး အဖြစ်​ခန့်​အပ်​လိုက်​ပြီ ဖြစ်​ကြောင်း မြောက်​ကို​ရီး​ယား ဗဟို​သ​တင်း​ဌာန​က ပြော​ကြား​ခဲ့​သည်။

ကင်​ဂျုံ​အန်​သည် မြောက်​ကို​ရီး ယား​နိုင်ငံ​အား အစဉ်​အဆက် အုပ်ချုပ်​ခဲ့​သော ကင်​မိသား​စု​၏ တတိယ​မျိုး​ဆက် ဖြစ်​သည်။ သူ​၏​အဒေါ်​သည် ပါ​တီ​တွင်​ဩဇာ​တိက္က​မ ကြီး​သော​နေရာ ရ​ခဲ့သော်​လည်း ယောက်ျား​ဖြစ်​သူ နိုင်​ငံတော်​သစ္စာ​ဖောက်​မှု​ကြောင့် ကွပ်မျက်​ခံ​ရ​ချိန်​မှ​စ​ပြီး ဩဇာ​အာဏာ မှေး​မှိန်​ခဲ့​ရ​သည်။

၂​ဝ​၁​၁ ခု​နှစ် ဒီဇင်ဘာ​လ​တွင်​ကျင်းပ​ခဲ့​သော ကင်​ဂျုံ​အီ​၏ အသုဘ​အခမ်းအနား​တွင် ကင်​ရို​ဂျုံး​အား ပြည်​သူ့​ရှေ့ မှောက်​တွင် ပထမ​ဆုံး​အကြိမ်​အဖြစ်​မြင်​တွေ့​ခဲ့​ရ​ခြင်း​ဖြစ်​သည်။ ထို​အချိန်​မှ​စ​ပြီး သူ​သည် ပါ​တီ​၏​မည်​သည့်​ရာထူး​ကို​မျှ ရ​ယူထား​ခြင်း​မ​ရှိ​သေး​ဘဲ နိုင်​ငံတော်​အခမ်းအနား​များ​တွင် သူ့​အား ရံ​ဖန်​ရံ​ခါ​တွေ့​မြင်​ခဲ့​ရ​သည်။

အသက် ၃​၁ နှစ်​ရှိ​ပြီ​ဖြစ်​သည့် ခေါင်းဆောင် ကင်​ဂျုံ​အန် နှင့် ညီမ ကင်​ရို​ဂျုံး​တို့​သည် ၎င်း​တို့​၏​အစ်ကို​ဖြစ်​သူ ကင်​ဂျုံ ချိုလ်​တက်​ရောက်​ခဲ့​သည့် ဆွစ်​ဇ​လန်​နိုင်ငံ​ရှိ ကျောင်း​တစ်​ကျောင်း​မှ ပညာ​ဆည်း​ပူး​ခဲ့​ခြင်း​ဖြစ်​ကြောင်း​သိ​ရ​သည်။

Credit to BBC