ဆိုင်​တွေ​မှာ ရောင်း​အားတက်​ဖို့ ဧည့်​သာ​အောင် သန့်ရှင်း​ရေး​လုပ်​ရသ​လို စိတ်ညစ်၊ စိတ်​ပုတ် အနံ​ဆိုး​တွေ မ​ထွက်​အောင်​လည်း စိတ်​အမှိုက်​ကို တစ်​ပတ်​တစ်​ခါ​လောက် သန့်ရှင်း​ရေး​လုပ်​သင့်​ပါ​တယ်။ တကယ်​ကို စိတ်ညစ်​စိတ်ရှုပ်​လာ​တဲ့​အခါ

(၁) သန့်ရှင်း​ရေး​လုပ်​လိုက်​ပါ။

ကိုယ်​နေ​တဲ့​အခန်း၊ အိပ်ရာ​ခြင်ထောင် ခေါင်းအုံး​တွေ​ကို လျှော်​ဖွတ်​ပြီး​အသစ်​နဲ့ လဲ​လိုက်​ပါ။ ပြီး​တော့​ရေချိုး​လိုက်​ပါ။ ရေချိုး​ပြီး​ရင် ကိုယ်​နှစ်သက်​တဲ့ လျှော်​ဖွတ်​ပြီး​သား​အဝတ်​လေး​ကို ဝတ်​လိုက်​ပါ။

အားလုံး​ပြီး​တာ​နဲ့ အိပ်​ရာပေါ်​မှာ ထိုင်​ပြီး ခါး​ကို​ဖြောင့်⁠ဖြောင့်​ထား မျက်လုံး​လေး​မှိတ် လက်အုပ်​လေး​ချီ​ပြီး ငါးပါးသီလ​ကို ယူ​လိုက်​ပါ။ တစ်​ဆက်​တည်း​ပဲ ” မြတ်​စွာ​ဘုရား ဘုရားတပည့်တော်​ခန္ဓာ​ကိုယ်​ထဲ​ကို သီတင်း​သုံးတော်​မူ​ပါ​ဘုရား” လို့ ပင့်​လိုက်​ပါ။

အမျိုးသမီး​ဆို​ရင် ဦးခေါင်း​ထက်​ကို ပင့်​လိုက်​ပါ။ မြတ်​စွာ​ဘုရား​ကတော့ ပရိနိဗ္ဗာန်စံ ပြီး​ပြီ​ဆို​တော့ မ​ကြွလာ​နိုင်​ပေ​မယ့် စိတ်​ဓာတ်​အင်အား​ကို ယူ​ရ​ပါ​မယ်။ စိတ်​ထဲ​မှာ​မြတ်​စွာ​ဘုရား တကယ်​ကြွလာ​တယ်​လို့ နှလုံးသွင်း​ထား​ပါ။

လက်အုပ်ချီ​တာ​လေး​ချ​ပြီး အရဟံ​ဂုဏ်တော် ၅ မိ​နစ် မေတ္တာ ၅ မိ​နစ် ဝိပဿနာ ၅ မိ​နစ် ပွား​နေ​လိုက်​ပါ။

တကယ်​ကို စိတ်​ချမ်းသာ​ပါ​လိမ့်​မယ်။ စိတ်ညစ်​တာ ပျောက်​သွား​တာ များ​ပါ​တယ်။ စိတ်​ဟာ အခါ​အားလျော်စွာ ညစ်​နေ​မှာ​ပါ။ စိတ်ညစ်​တာ​ကို ညစ်​တဲ့​အတိုင်း​မ​ထား​ပဲ ကိုယ်​နှစ်သက်​တဲ့​နည်း တစ်​ခု⁠ခု​နဲ့ ပယ်ပစ်​လိုက်​ပါ…

Credit to – ဆရာတော် ရ​ဝေ​နွယ်(အင်းမ)