ချမ်းသာ​တဲ့ လူ​ကို လက်ထပ်​ဖို့
ကြိုးစား​နေ​တဲ့ မိန်း​ကလေး​တစ်​ယောက်​အား
ပညာ​ပေး ဆုံးမ​စာပြန်​ခဲ့​တဲ့​သူဌေး​တစ်​ဦး။
●●••●●••●●••●●••●●••●●••●●••●

ချမ်းသာ​တဲ့ လူ​တစ်​ယောက်​ကို လပ်​ထပ်​ဖို့ ကြိုးစား​နေ​တဲ့ မိန်းမ​တစ်​ယောက်​က ချစ်​သူ​ရှာဖွေ​ရေး​ဖို​ရမ်​တစ်​ခု​မှာ အောက်​ပါ ပို့စ်​ကို တင်​ခဲ့​ပါ​တယ်။

ဒီ​နေရာ​မှာ
ကျွန်မ ရိုး​ရိုးသား​သား​ပြော​ပါ​ရ​စေ…
ဒီ​နှစ်​မှာ ကျွန်မ​အသက်​၂​၅ ပြည့်​ပါ​ပြီ။
ကျွန်မ​က အတော်​လှ​ပါ​တယ်။
စ​တိုင်​နဲ့ ဆွဲ​ဆောင်​မှု​လည်း​ရှိ​ပါ​တယ်။

တစ်​နှစ်​လ​စာ ဒေါ်လာ​၅​သိန်း​နဲ့
အထက်​လောက် ဝင်​တဲ့​လူ​ကို
လပ်​ထပ်​ချင်​ပါ​တယ်။

ရှင်​တို့​ကတော့ ပြော​မယ်။
ကျွန်မ​က လောဘကြီး​တယ်​ပေါ့။
ဒါပေမဲ့ တစ်​နှစ် ဒေါ်လာ ၁​သန်း​လောက်
ရ​တဲ့​လူ​ဟာ န​ယူး​ယောက်​လို​မြို့​မှာ
လူ​လတ်​တန်း​စား​အဆင့် ပဲ​ရှိ​ပါ​တယ်။

ကျွန်မ​တောင်း​တာ မ​မြင့်​ပါ​ဘူး။
ခု ဒီ​ဖို​ရမ်​ထဲ​မှာ တစ်​နှစ်
ဒေါ်​လာ ၅​သိန်း​လာက် ဝင်​တဲ့​လူ​များ​ရှိ​လား။
ရှိ​တဲ့​လူ​တွေ အားလုံး လက်ထပ်
ထား​ကြ​သလား​ရှင်။

ရှင်​တို့​လို လူ​တွေ​ကို လပ်​ထပ်​ဖို့ ကျွန်မ
ဘာ​တွေ​များ​လုပ်​သင့်​သလဲ?

ကျွန်မ တွဲ​ခဲ့​ဖူး​တဲ့​လူ​တွေ​ထဲ​မှာ
အချမ်း​သာ​ဆုံး​က တစ်​နှစ်
ဒေါ်​လာ နှစ်​သိန်း​ခွဲ ရ​တဲ့​လူ​ပါ။
ဒါ ကျွန်မ​ရဲ့​အမြင့်​ဆုံး ဖြစ်​တော့​မယ့်​ပုံ​ပါ​ပဲ…..

ဒီ​နေရာ​မှာ​ရှင်​တို့​ကို​ကျွန်မ​ရိုး​ရိုးသား​သား​နဲ့
မေးခွန်း​လေး​တွေ မေး​ပါ​ရ​စေ…

(၁)ချမ်းသာ​ပြီး လက်မ​ထပ်​ရ​သေး​တဲ့
ယောက်ျား​တွေ​က ဘယ်​နေရာ​ကို
သွား​တတ်​ကြ​သလဲ။
(ကျေးဇူးပြု​၍ သူ​တို့​သွား​တတ်​တဲ့
စား​သောက်​ဆိုင်​နာမည်​တွေ၊
ဘား​ဆိုင်​နာမည်​တွေ​ကို ချ​ရေး​ပေး​ပါ။)

(၂) ဘယ်​လို အသက်အရွယ်​မျိုး​လောက်​ကို
ကျွန်မ ပစ်​မှတ်ထား​သင့်​လဲ။

(၃)ဘာ​ကြောင့်​ချမ်းသာ​တဲ့ လူ​တွေ​ရဲ့
မိန်းမ​တွေ​က သာမန် ရုပ်​ရည်​ပဲ ရှိ​ကြ​တာ​လဲ။
ရုပ်​ရည်​လည်း​မ​ရှိ၊ စိတ်ဝင်စား​စရာ​လည်း
မ​ကောင်း​တဲ့ ကောင်​မ​လေး​တွေ ကျွန်မ
တွေ့​ဘူး​ပါ​တယ်။ ဒါပေမဲ့ သူ​တို့​က
ချမ်းသာ​တဲ့​လူ​တွေ​ကို လပ်​ထပ်​နိုင်​တယ်။

(၄)ရှင်​တို့ ရဲ့​ဇနီး(သို့မဟုတ်)
ရှင်​တို့​ရဲ့​ရည်းစား​ဖြစ်​နိုင်​တယ်​ဆို​တဲ့
လူ​တွေ​ကို ရှင်​တို့​က ဘယ်​လို
သတ်​မှတ်​ပြီး​ရွေးချယ်​သလဲ။
(ကျွန်မ​ရဲ့​ရည်​ရွယ်​ချက်​က ဇနီး​ဖြစ်​ဖို့​ပါ။)….

( Ms Pretty )

————————

ကမ္ဘာကျော် J P Morgan က
CEO တစ်​ယောက်​ရဲ့ ပြန်စာ​ကတော့
အောက်​ပါ​အတိုင်း​ပါ…..

ချစ်​လှ​စွာ​သော Ms Pretty….

ခင်ဗျား​ရဲ့ ပို့စ်​ကို ကျွန်တော်
လေး​လေးနက်​နက်​နဲ့​ကို ဖတ်​ခဲ့​ပါ​တယ်။

ခင်ဗျား​လို မေးခွန်း​တွေ​မေး​နေ​တဲ့
ကောင်​မ​လေး​တွေ​လည်း အပြင်​မှာ
အများ​ကြီး​ရှိ​နေ​မယ်​လို့ ခန့်​မှန်းမိ​ပါ​တယ်။

ပရော်​ဖက်​ရှင်​နယ် ရင်းနှီး​မြှပ်​နှံ​ရေး
သမား​တစ်​ယောက်​ဖြစ်​တဲ့ ကျွန်တော့်​ကို
ခင်ဗျား​ရဲ့ အခြေအနေ​လေး​ကို
ခွဲခြမ်း​လေ့​လာ​ခွင့်​ပြု​ပါ။

ကျွန်တော့်​ရဲ့ တစ်​နှစ်​ဝင်ငွေ​က
ဒေါ်​လာ​၅​သိန်း​ထက် ပို​ပါ​တယ်။
ခင်ဗျား​ရဲ့​တောင်း​ဆို​ချက်​နဲ့
ကိုက်​ညီ​တယ်​ပေါ့။ ဒါ​ကြောင့်
လူ​တိုင်း​က​ပြော​ကြ​မယ်၊
ကျွန်တော်​တော့ ဒီ​နေရာ​မှာ
အချိန်​ဖြုန်း​နေ​မှာ မဟုတ်​တော့​ဘူး​ပေါ့။

လုပ်​ငန်း​ရှင်​တစ်​ယောက်​ရဲ့ အမြင်​နဲ့
စဉ်းစား​ကြည့်​လိုက်​တော့ ခင်ဗျား​ကို
လပ်​ထပ်​တာ​ဟာ ဆိုးဝါး​တဲ့
ဆုံးဖြတ်ချက်​တစ်​ခု​ကို ချ​မိ​တာ​ပဲ​ဗျ။
အကြောင်းပြ​ချက်​က ရိုး⁠ရိုး​လေး​ပါ။

ကျွန်တော်​ရှင်း​ပြ​ပါ​ရ​စေ။
အသေး​စိတ်​တွေ ပြော​မ​နေ​တော့​ဘူး​ဗျာ။

ခင်ဗျား​လုပ်​ဖို့ ကြိုးစား​နေ​တာ​က
“အလှ”နဲ့ “ပိုက်ဆံ”ကို
အလဲ​အလှယ်​လုပ်​ဖို့​ပဲ။

အေ​ဆို​တဲ့ လူ​က အလှ​ပေး​မယ်။
ဘီ ဆို​တဲ့​လူ​က ဒီ​အလှ​အတွက်
ပိုက်ဆံ​ပေး​မယ်၊ မျှ​မျှတ​တ​ပဲ​ပေါ့။

ဒါပေမဲ့
ဒီ​နေရာ​မှာ ကြောက်​စရာ​ကောင်း​တဲ့
ပြ​ဿ နာ​တစ်​ခု​ရှိ​နေ​တယ်။
ခင်ဗျား​အလှ​က တ​ဖြည်း⁠ဖြည်း​နဲ့
ပျောက်​သွား​မှာ။

ကျွန်တော့်​ပိုက်ဆံ​ကတော့
အကြောင်းပြ​ချက် ကောင်း​ကောင်း
မ​ရှိ​ဘဲ​နဲ့ ပျောက်​သွား​မှာ မဟုတ်​ဘူး။

ပြော​ရ​မယ်​ဆို​ရင်​တော့​ဗျာ….
ကျွန်တော့်​ဝင်ငွေ​က တစ်​နှစ်​ထက်
တစ်​နှစ်​ထက် တိုးပွား​လာ​မှာ။ ဒါပေမဲ့
ခင်ဗျား​အလှ​ကတော့ တစ်​နှစ်​ထက်
တစ်​နှစ် ဒီ​လို​ဖြစ်​မ​လာ​နိုင်​ဘူး။

စီးပွား​ရေး​ပညာ​ရှု​ထောင့်​က
ကြည့်​မယ်​ဆို​ရင် ကျွန်တော်​က
တန်ဖိုး​ရှိ​ပစ္စည်း​ကို ကိုင်​ထား​တာ​ဖြစ်​ပြီး
ခင်ဗျား​က တန်ဖိုး​ယုတ်လျော့
ပစ္စည်း​ကို​ကိုင်​ထား​တာ​ပဲ။

သာမန် တန်ဖိုး​ယုတ်လျော့​တောင်
မဟုတ်​ဘူး။ ဆတိုး တန်ဖိုး​ယုတ်လျော့
ပစ္စည်း​ပဲ။ ဒီ​ပစ္စည်း​တစ်​ခု​တည်း​သာ
ခင်ဗျား​ကိုင်​ထား​ရင်​တော့ လာ​မယ့်
၁​ဝ​နှစ်​အတွင်း ခင်ဗျား​တန်ဖိုး​က
အဆိုး​ဆုံး​ဖြစ်လာ​လိမ့်​မယ်။

Wall Street မှာ
ကျွန်တော်​တို့​သုံး​တဲ့​စကား​တွေ​အရ
ဆို​ရင်​တော့ အရောင်းအဝယ်​တိုင်း​မှာ
”အနေအထား”ရှိ​တယ်။

ခင်ဗျား​နဲ့​တွဲ​တယ်​ဆို​တာ​က​လည်း
”အရောင်းအဝယ်​အနေအထား”တစ်​ခု​ပဲ။

တန်ဖိုး​ကျ​ရင် ကျွန်တော်​တို့​က
ရောင်းထုတ်​မှာ​ပဲ။
ကြာ⁠ကြာ​ကိုင်​ထား​တာ​ဟာ
စိတ်ကူး​ကောင်း​မဟုတ်​ဘူး။

ခင်ဗျား စိတ်​မ​ဆိုး​ဘူး​ဆို​ရင်
အိမ်ထောင်​ပြု​တယ်​ဆို​တာ​က​လည်း
ဒီ​လို​ပဲ​လို့ ပြော​ပါ​ရ​စေ။ ဒီ​လို​ပြော​လိုက်​လို့
ရိုင်း​သ​လို​တော့ ဖြစ်​သွား​မယ်​ဗျာ။

ဒါပေမဲ့ အမှန်​ကန်​ဆုံး ဆုံးဖြတ်ချက်​ကို
ချ​မယ်​ဆို​ရင်​တော့ ယုတ်လျော့
တန်ဖိုး​ပဲ​ရှိ​တဲ့​ပစ္စည်း​တစ်​ခု​ကို
ရောင်း​ရင်​ရောင်း​မ​ရောင်း​ရင်​တော့
“ပေါင်”ရ​မှာ​ပဲ။

တစ်​နှစ် ဝင်ငွေ
ဒေါ်​လာ​၅​သိန်း​လောက်​ရ​နေ​တဲ့
လူ​တစ်​ယောက်​ဟာ အရူး​မဟုတ်​ဘူး​ဗျ။
ကျွန်တော်​တို့​က ခင်ဗျား​ကို
အပျော်​ပဲ​တွဲ​မှာ။ လက်မ​ထပ်​ဘူး။

ချမ်းသာ​တဲ့​လူ​တစ်​ယောက်​ကို
လက်ထပ်​ဖို့ လမ်း​စ​ရှာ​နေ​တာ​ထက်.
ခင်ဗျား​ကိုယ်တိုင် တစ်​နှစ်ဒေါ်​လာ ၅​သိန်း
ဝင်​တဲ့​လူ ဖြစ်​အောင် လုပ်​လို့​ရ​တယ်။

သူဌေး​တစ်​ယောက်​ကို ခပ်​ကြောင်ကြောင်
လိုက်​ရှာ​နေ​တာ​ထက်​စာ​ရင် ဒါ​က
ပို​ပြီး​ဖြစ်​နိုင်​ချေ​ရှိ​ပါ​တယ်။

ဒီ​ပြန်စာ​က ဘဝ​အတွက်
အကူအညီ​ဖြစ်​လိမ့်​မယ်​လို့
မျှော်​လင့်​ပါ​တယ်။

signed,
J.P. Morgan CEO
Credit to fb