သင်္ဘော​မြုပ်​မှု​က လွတ်​လာ​တဲ့ ခရီးသည်​တွေ
ရခိုင်ပြည်နယ် မြေပုံ မြို့​နယ် နောင်တော်​ကြီး မြစ်​ထဲ မှာ အောင်​တံခွန် (၃) သင်္ဘော နစ်​မြုပ် ခဲ့​ပြီး​တဲ့​နောက် အသက် ဆုံးရှုံး​ခဲ့​ရ​သူ တွေ​ရဲ့ အလောင်း တွေ​ကို ရှာဖွေ ဆယ်ယူ​မှု တွေ လုပ်​နေ​ပြီး နောက်ထပ် ပျောက်​ဆုံး​သူ ကတော့ (၁​ဝ)ဦး​ပဲ ကျန်​တော့​တယ် လို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့​က ပြော​ပါ​တယ်။

အခု အထိ​တော့ အလောင်း (၃​၅)လောင်း ဆယ်ယူ​ထား ပြီး အသက် ရှင်​လျက် (၂)ဦး ထပ်မံ တွေ့​ရှိ တဲ့​အတွက် စုစုပေါင်း ကယ်ဆယ် ထား​သူ ဦးရေ​က (၁​၆​၉) ဦး​ရှိ တယ်​လို့ ရခိုင်ပြည်နယ် အစိုးရ သ​တင်း ထုတ်​ပြန်​ရေး ကော်မတီ ဥက္ကဌ ဦး​လှ​သိန်း က ပြော​ပါ​တယ်။

လောလောဆယ်​မှာ သင်္ဘော နစ်​မြုပ်​တဲ့ နေရာ​နား တ​ဝိုက် ရှာဖွေ ကယ်ဆယ် မှု​တွေ ကို အစိုးရ နဲ့ ရခိုင် အရပ်​ဘက် အဖွဲ့​တွေ​က ဆောင်ရွက်​နေ​ပြီး ပျောက်​ဆုံး​နေ​သူ ဦးရေ က (၁​ဝ)ဦး​ပဲ ကျန်​တော့​တယ်​လို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ က သ​တင်း ထုတ်​ပြန်​ပါ​တယ်။

ကယ်ဆယ် မှု​တွေ လုပ်​နေ​တဲ့ ရခိုင် အရပ်​ဘက် အဖွဲ့​တွေ​ကတော့ ခရီးသည်​တွေ လက်မှတ် မ​ပါ​ဘဲ စီးနင်း​တတ်​မှု​ကြောင့် ပျောက်​ဆုံး​သူ ဦးရေ (၁​ဝ⁠ဝ) ကျော် လောက်​ရှိ​မယ်​လို့ ခန့်​မှန်း​ကြောင်း မ​ဒေး​ကျွန်း ဒေသ ဘက်​စုံ​ဖွံ့ဖြိုး တိုးတက်​ရေး အသင်း ဥက္ကဋ္ဌ​ဌ ဦး​ထွန်း​ကြည် က ပြော​ပါ​တယ်။

သင်္ဘော ခန်း​တွေ​ထဲ ပိတ်​မိ သေ​ဆုံး​သူ​တွေ များ​တယ်​လို့ ယုံကြည်​ကြ​လို့ ရေ​ငုပ် သမား​တွေ​နဲ့ တနင်္လာ နေ့​မှာ ရှာဖွေ​ရေး​တွေ ဆက်​လုပ်​မယ် လို့​လည်း သူ​က ပြော​ပါ​တယ်။

နစ်​မြုပ်​စဉ် သင်္ဘောပေါ်​မှာ လိုက်​ပါလာ​သူ တွေ​နဲ့ အသက် ဆုံးရှုံး ခဲ့​သူ ဦးရေ နဲ့ ပတ်သက်​လို့ အပြင် စကား​တွေ​သာ ဖြစ်​ပြီး ခရီးသည် ၂​၁​၄ ယောက်​ထက် ပို​ပြီး လိုက်​ပါလာ​မယ်​လို့ မ​ယူဆ​ကြောင်း ပြည်နယ် အစိုးရ သ​တင်း ထုတ်​ပြန်​ရေး ကော်မတီ ဥက္ကဋ္ဌ ဦး​လှ​သိန်း က ပြော​ပါ​တယ်။

နစ်​မြုပ်​စဉ်​က ရေ​လယ်​ခေါင် ဖြစ်​နေ​လို့ ခရီးသည်​တွေ ဖုန်း​နဲ့ ဆက်​သွယ်​ရေး​တွေ မ​ရ​ကြောင်း၊ သင်္ဘောပေါ် အသက်​ကယ် ပစ္စည်း အလုံ​အလောက် မ​ပါ​ကြောင်း​လည်း သူ​က ပြော​ပါ​တယ်။

သင်္ဘော နစ်​မြုပ်​ရ​တာ နဲ့ ပတ်သက် လို့ တော့ လောလောဆယ်​မှာ စုံစမ်း​စစ်ဆေး မှု​တွေ လုပ်​နေ ပြီး ဖြစ်​စဉ်​မှန် ပေါ်ပေါက်​ရေး သိရှိ​နိုင်​အောင် အစိုးရ​က စုံစမ်း စစ်ဆေး​ရေး ကော်​မရှင်​ဖွဲ့ ပြီး ဆောင်ရွက်​မယ်​လို့ သိ​ရ​ပါ​တယ်။

Credit to BBC Burmese