မြန်မာ​နိုင်ငံ မ​သန်စွမ်း အဖွဲ့​ချုပ်​ရန်​ပုံငွေ ဘော​လုံး​ပြိုင်​ပွဲ ကို ပရဟိတ​ပွဲ​အဖြစ် ကျင်းပ​ခဲ့ သော်လည်း ဗိုလ်​လု​ပွဲ​တွင် နှစ်​ဖက် ကစားသမား​များ အချေအတင် ဖြစ်ပွား​၍ ပွဲ​ကို​ခေတ္တ​ရပ်နား​ခဲ့​ရ သော​ကြောင့် ကြည့်​ရှု​သည့် ပရိသတ်​များ​က ဝေဖန်​ခဲ့​ကြ​သည်။

ဗိုလ်​လု​ပွဲ​တွင် လူ​ရွှင်တော်​အသင်း​နှင့် ဘိုင်​စ​ကုပ် အသင်း​တို့​ယှဉ်​ပြိုင်​ခဲ့​ကြ​ခြင်း​ဖြစ်​ပြီး ပွဲ​ချိန် ၂​၅ မိ​နစ်​ခန့်​တွင် နှစ်​ဖက်​ဘော​လုံး​သမား အချင်းချင်း ခိုက်ရန်​ဖြစ်ပွား​မှု​များ ဖြစ်ပွား​ခဲ့​၍ ဘော​လုံး​ပွဲ​ကို ဆယ်​မိ​နစ်​ခန့် ရပ်နား​ခဲ့​ရ​ခြင်း​ဖြစ်​သည်။

ထို့​အပြင် ဒုတိယ​ပိုင်း ကစား​ချိန်​တွင် လူ​ရွှင်တော်​အသင်း​ဘက်​ကို ပြစ်​ဒဏ်​ဘော ပေး​ခဲ့​သော​ကြောင့် အဆို​ပါ အသင်း ဦးဆောင်​သူ​အချို့ ကွင်း​အတွင်း​ဝင်​ရောက်​မှု​များ​ရှိ​ခဲ့​သည်။

ပရဟိတ အလှူ​ပွဲ​အနေ​ဖြင့် ကျင်းပ​သော ပြိုင်​ပွဲ​ဖြစ်​ပြီး ရုပ်​သံ မှ တိုက်ရိုက်​လွှင့်​ပေးသော်​လည်း အထက်​ပါ​ကဲ့သို့ ခိုက်ရန်​ဖြစ်ပွား​ခဲ့​၍​ပရိသတ်​များ​က ဝေဖန်​ခဲ့​ကြ​ခြင်း​ဖြစ်​သည်။

ပရဟိတ​ပွဲ​ဖြစ်​သည့်​အပြင် အနု​ပညာ​ရှင်​များ​သည် ပရိသတ်​အထင်ကြီး အားကျ​ရ​သူ​များ​ဖြစ်​သော​ကြောင့် ယခုကဲ့သို့ မ​ဖြစ်​သင့်​ကြောင်း အသက် (၂​၀) ကျော်​အရွယ်​ပရိသတ်​တစ်​ဦး​က ပြော​သည်။

‘‘တကယ်​တမ်း ပြော​ရ​ရင် ဒီ​ပွဲ​က ရန်​ဖြစ်​ရ​လောက်​အောင် ဘာ​မှ အရေးကြီး​တဲ့​ပွဲ မဟုတ်​ပါ ဘူး။ ရန်​ပုံငွေ​ရှာ​ရုံ​သက်သက်​ပါ။ ကန်​ကြ​တာ​က​လည်း သူ​များ​တွေ မဟုတ်​ဘူး။ အနု​ပညာ ညီ​အစ်ကို တွေ​ပါ။ SKY NET က​လည်း တိုင်း​ပြည်​ကို တိုက်ရိုက်​ပြ​နေ​တာ။ ရန်​ဖြစ်​လိုက်​ကြ​တာ ရွံ​ဖို့​တောင် ကောင်း​တယ်။ အနိုင်​မ​ခံ အရှုံး​မ ပေး​စိတ်​ဓာတ်​ကို ကြိုက်​ပါ​တယ်။ ဒီ​ပွဲ​က အား​ကစား​လို့ အမည်တပ် ထား​ပေ​မယ့် ဖျော်ဖြေ​ပွဲ​တစ်​ခု​ပါ။ ဒါ​ကို​တောင် နား​မ​လည်​နိုင်​ဘဲ ရူး တာ။ မ​ရှက်​ကြ​ဘူး​လား​မ​သိ​ဘူး။ သူ​တို့​ကိုယ်​သူ​တို့ ကမ္ဘာ့​ဖလား​ကန် နေ​တာ​များ ထင်​နေ​ကြ​တာ​လား မ​သိ​ဘူး။ မင်းသား​တွေ​က ပို​နား လည်​သင့်​တာ​ပေါ့။ ပရိသတ်​က ရှုံး​တာ၊ နိုင်​တာ အဓိက​ထား​ကြည့် တာ​မှ​မဟုတ်​ဘဲ။ ပျော်​ချင်​လို့၊ သူ တို့ ကြိုက်​တဲ့ မင်းသား​တွေ​ကို ကြည့်​ချင်​လို့ ကြည့်​တာ​ဆို​တာ မ သိ​တာ အံ့​ပါ​ရဲ့။ အခု​ကန်​တဲ့​အ ထဲ​က တစ်​ယောက်​မှ လက်ရွေး စင်​မ​ရွေး​ဘူး​ဆို​တာ မ​သိ​တာ ရှက် ဖို့​ကောင်း​ပါ​တယ်’’ ဟု တင့်​ဆွေ အမည်​ဖြင့် ဖေ့စ်​ဘွတ်ခ်​သုံးစွဲ​သူ တစ်​ဦး​က မှတ်ချက်​ပေး​သည်။

‘‘မ​ဖြစ်​သင့်​ပါ​ဘူး။ နောက် နေ့​ပြန်​တွေ့​ရင် ဘယ်​လို​မျက်နှာ နဲ့​တွေ့​မှာ​လဲ’’ ဟု ပရိသတ်​တစ်​ဦး​က မှတ်ချက်​ပြု​သည်။

ယင်း​ကဲ့သို့ ဖြစ်ပွား​ရ​ခြင်း​မှာ လူ​ရွှင်တော်​အသင်း​ဘက်​၌ လူ​ရွှင် တော်​မဟုတ်​သည့် ကစားသမား များ​ပါဝင်​ခဲ့​သော​ကြောင့် မ​ပြေ လည်​မှု​များ စတင်​ခဲ့​ခြင်း​ဖြစ်​သည် ဟု ဘိုင်​စ​ကုပ်​အသင်း​သား​အချို့ က ဆို​သည်။

သို့သော် ဘော​လုံး​ပွဲ​ကို ပွဲ ပြီး​သည်​အထိ ကျင်းပ​နိုင်​ခဲ့​ပြီး လူ ရွှင်တော်​အသင်း​က ဘိုင်​စ​ကုပ်​အ သင်း​ကို တစ်​ဂိုး ဂိုး​မ​ရှိ​ဖြင့် အနိုင် ရ​ရှိ​ခဲ့​သည်။

လာ​ရောက်​ကြည့်​ရှု​သည့် ပရိသတ်​အများ​စု​က လူ​ရွှင်တော် အသင်း​ကို အားပေး​ခဲ့​ကြ​ပြီး ဘိုင် စ​ကုပ်​အသင်း​ဘက်​မှ ကစား​သ မား​များ​ကို နာမည်​တပ်​၍ ဆဲဆို မှု​များ​လည်း ရှိ​ခဲ့​သည်။

သို့သော်​လည်း ဘိုင်​စ​ကုပ် အသင်း​ဘက်​မှ ဂိုး​သမား နာ​သွား ၍ လူ​စားဝင်​ကစား​ခဲ့​သည့် နေ​တိုး​ကို​မူ လာ​ရောက်​ကြည့်​ရှု​သည့် ပရိသတ်​များ​က နေ​တိုး​၏​အမည်​ကို သံ​ပြိုင်အော်​၍ အားပေး​ခဲ့​ကြ​သည်။ အဆို​ပါ ပြိုင်​ပွဲ​တွင် အသင်း လေး​သင်း ပါဝင်​ကစား​ခဲ့​ပြီး တ​တိ ယ​နေရာ​လု​ပွဲ​ကို အောက်တိုဘာ ၂​၆ ရက်​က ပထမ​ပွဲ​စဉ်​အနေ​ဖြင့် ကစား​ခဲ့​ရာ မော်​ဒယ်​အသင်း​က ဂီ​တ​အသင်း​ကို ငါး​ဂိုး​တစ်​ဂိုး​ဖြင့် အနိုင်​ရ​ရှိ​ခဲ့​သည်။

Credit to 7Day Daily