ဗုဒ္ဓ​ဘာသာ ဝင် မြန်မာ လူ​မျိုး တို့​ရဲ့ ယုံကြည် ကိုးကွယ်​ရာ စေ​တီတော် ကြီး ဖြစ်​တဲ့ ရွှေတိဂုံ စေတီ တော်​ကြီး အောက် မှာ ပင်လယ်​ရေ အတက် အကျ အလိုက် ရေ အနိမ့်​အမြင့် ဖြစ်ပေါ် စေ​တဲ့ (၁​၀) ပေ ပတ်လည် လောက် ရှိ​တဲ့ ရေတွင်း နဲ့ အဲ​ဒီ ရေတွင်း ထဲ​မှာ (၆) ပေ​ခွဲ လောက် ရှိ​ပြီး ရတနာ များ စီ​ချယ် ထား​တဲ့ ရွှေ​လှေ တစ်​စီး ရှိ​တယ် လို့​မျက်​မြင် ကိုယ်​တွေ့ ကြုံ​ဖူး ခဲ့​တဲ့ မြန်မာ နိုင်ငံ ဖွား အာ​မေး​နီး​ယား လူ​မျိုး ဒီ​အက်စ် အပ​ရ​မေ က ပြော​ကြား ခဲ့​တယ် လို့ ၁​၃. ၃. ၆​၈ နေ့​ထုတ် ကြေးမုံ သတင်းစာ မှာ ဖော်​ပြ ခဲ့​တာ ကို ကျီး​မ​နိုး တင်​ဝင်း (ပေါင်း​တည်) ရဲ့ ပြန်လည် ဖော်​ပြ ချက် အရ သိရှိ ရ​ပါ​တယ်။

မစ္စတာ အပ​ရ​မေ ကို ကြေးမုံ သတင်းစာ က တွေ့​ဆုံ မေးမြန်း ရာ​မှာ ၁​၉​၀​၄ ခု၊ သူ့​ရဲ့ အသက် (၇) နှစ်​သား အရွယ် မှာ သူငယ်ချင်း တွေ နဲ့ အတူ ရွှေတိဂုံ ဘုရား ကို သွား​ရောက် ခဲ့​တယ်။ ရွှေတိဂုံ ရင်​ပြင်တော် ရဲ့​အရှေ့ မြောက် ထောင့်၊ တနင်္ဂနွေ ထောင့်​ရှိ ဌာပနာ တိုက်​ဝ ကို ရောက်​တဲ့ အခါ​မှာ ရသေ့ ကြီး တစ်ပါး နဲ့​တွေ့​လို့​ချဉ်းကပ် တောင်းပန် ပြီး ဌာပနာ တိုက်​ထဲ ကို ဆင်း​ခဲ့ တယ် လို့​ဆို ပါ​တယ်။ရသေ့ ကြီး​ရဲ့ ခွင့်​ပြု​ချက် အရ ဌာပနာ တိုက်​ထဲ ကို ဆင်း​သွား တဲ့ လမ်း တစ်​လျှောက် လုံး မှာ ယော​ဂီ​ဝတ် နဲ့​နီဝါ​ရောင် ဝတ် ပုဂ္ဂိုလ် (၇) ဦး ကို (၈) ပေ၊ (၉) ပေ​စီ ခြား​ပြီး တွေ့​ရ​တယ် လို့​ဆို ပါ တယ်။

ဌာပနာ တိုက် ရဲ့ ပတ်​ပတ်လည် ကို အုတ်​များ နဲ့​အခန်း (၃​၆) ခန်း တည်ဆောက် ထား​တယ်။ အလယ် တိုင် မ​ရှိ ဘူး။ အလယ် ဗဟို​မှာ တော့ (၁​၀) ပေ ပတ်လည် လောက် ရှိ​တဲ့ ရေတွင်း ရှိ​တယ်။ ရေတွင်း ဟာ ပင်လယ်​ရေ အတက် အကျ အလိုက် ရေ အနိမ့် အမြင့် ဖြစ်ပေါ် တယ် လို့ ဆို​ပါ​တယ်။ ရေတွင်း ထဲ​မှာ အလျား (၆) ပေ ခွဲခန့်​ရှိ​ပြီး ကျောက်​မျက် ရတနာ များ နဲ့​စီ​ချယ် ထား​တဲ့ ရွှေ​ကရ​ဝိတ် လှေ တစ်​စင်း ရှိ​တယ်။ လှေ​ဟာ ဒီရေ အတက် အကျ အလိုက် ရေတွင်း ထဲ​မှာ အနိမ့် အမြင့် လှုပ်ရှား နေ​တယ်။ ကရ​ဝိတ် ရွှေ​လှေ ပေါ်​မှာ ဆံတော် များ လို့​ယူဆ ရ​တဲ့ ဌာပနာ​တွေ ကိန်း​ဝပ်​လျှက် ရှိ​တယ်။ ဒါပေမဲ့ ပု​ဝါ လွှမ်း​ထား လို့ ဆံတော် လို့​အတိ​အကျ မ​ပြော နိုင်​ဘူး လို့​ဆို​ပါ တယ်။ ဌာပနာ တိုက် ရဲ့ ထူးခြား ချက် မှာ တစ်​ခန်း လုံး ထိန်​လင်း နေ​ခြင်း ဖြစ်​တယ်။ တစ်​ခု တည်း သော အလင်း​ရောင် ဟာ အချိန် အခါ မ​ရွေး ရွှေ​လှေပေါ် ကို အချိန် မ​ရွေး ထိုး​စိုက် ကျ​ရောက် နေ​တယ်။ ထုထည် ကြီးမား လှ​တဲ့ စေတီ အဆောက် အအုံ ကြီး ကို ပင်မ အလယ်​တိုင် မ​ပါ၊ သံ​ယက် မ မ​ရှိ​ပဲ ကျောက်​တုံး ကျောက်ခဲ များ နဲ့​သာ တည်ဆောက် ခဲ့​တယ်။ ပင်လယ် ရေ​ဝင်​ပေါက်၊ ထွက်ပေါက် နဲ့​အလင်း​ရောင် ယူထား ပုံ​က ရှေး​ဗိသုကာ တွေ​ရဲ့​လက်ရာ ဖြစ် တယ်။

ခမ်းနား ဆန်းကြယ် တဲ့ ဌာပနာ တိုက်​ကို ကိုယ်တိုင် တွေ့​မြင် ခဲ့​ရ တာ ဖြစ်​လို့​နှောင်း​လူ​တွေ သု​တေ​သန ပြု နိုင်​အောင် ရွှေတိဂုံ ဂေါ​ပ​က အဖွဲ့​ကို မြေပုံ​ဆွဲ လို့​တင်ပြ ခဲ့​တယ်။ ရွှေတိဂုံ ဂေါ​ပ​က အဖွဲ့ က​လည်း မစ္စတာ အပ​ရ​မေ ကို တွေ့​ဆုံ မေးမြန်း ပြီး ဌာပနာ တိုက် တည်​နေရာ ကို လိုက်လံ ပြသ စေ​တဲ့ အခါ​မှာ ဌာပနာ တိုက် လှိုဏ်​ဂူ​ဟာ ရွှေတိဂုံ ရင်ပြင် တော် တနင်္ဂနွေ ထောင့်​ရှိ ဆုတောင်းပြည့် ဘုရား နဲ့​ဆုတောင်း ပြည့် တန်ဆောင်း နေရာ​မှာ ရှိ​တယ် ဆို​ပေ​မဲ့ လည်း နောက်​တိုး တန်ဆောင်း တွေ​နဲ့ ဘုရား​များ ထပ်မံ မွမ်းမံ ပြင်ဆင် ထား​မှု ကြောင့် အတိ အကျ ပြသ နိုင်​ခြင်း မ​ရှိ​ပဲ ဆုတောင်း ပြည့် စေတီ ရဲ့​လှိုဏ်​ဂူ အောက်​မှာ သာ ရှိ​တယ် လို့ ခန့်​မှန်း ညွှန်ပြ သွား​နိုင် တယ်​လို့ သိ​ရ ပါ​တယ်။ မစ္စတာ အပ​ရ​မေ ကို လွစ္စ လမ်း ( ယခု ဆိပ်ကမ်း သာ​လမ်း ) အမှတ် (၂​၅) မှာ ၁​၈​၉​၅ ခု​နှစ် က ဖွားမြင် ခဲ့​တာ​ပါ။ မိဘ များ​မှာ မစ္စတာ အက်စ် အပ​ရ​မေ နဲ့ မစ္စက် ရိုစ် လူ​ကပ်စ် တို့ ဖြစ်​ပါ တယ်။ မြန်မာ အမျိုးသမီး ဒေါ်​သိန်း​ရွှေ နဲ့ အိမ်ထောင် ကျ​ပြီး သားသမီး ၅ ယောက် ထွန်းကား ခဲ့​ကာ သားသမီး မြေး​များ နဲ့ အတူ ဘောက် ထော် မှာ နေထိုင် တယ်​လို့ သ​တင်း​မှာ ဖော်​ပြ ထား​ပါ တယ်။ မစ္စတာ အပ​ရ​မေ ကို ယနေ့​ကြေးမုံ က တွေ့​ဆုံ မြေး​မြန်း ပြီး ၁​၃. ၃. ၆​၈ နေ့​မှာ ဖော်​ပြ ခဲ့​ခြင်း ဖြစ်​ပါ​တယ်။ တွေ့​ဆုံ မေးမြန်း ချိန် မှာ မစ္စတာ အပ​ရ​မေ ဟာ (၇​၃) နှစ် ရှိ​ပြီ လို့ဖော်​ပြ ထား​ပါ တယ်။

ကျွန်တော်​တို့ ဗုဒ္ဓ ဘာသာ ဝင် အပေါင်း ယုံကြည် ကိုးကွယ် ဆည်းကပ် ပူဇော် ကြ တဲ့ ရွှေတိဂုံ စေ​တီတော် မြတ်​ကြီး ရဲ့ အောက် ပေ (၆​၀) ခန့် အကွာ မှာ တည်​ရှိ တဲ့ ဆံတော် တွင်း ဌာပနာ တိုက်​ကြီး အကြောင်း ကို နှောင်း လူ​များ သိရှိ စေ​ရန် ထပ်မံ ဖော်​ပြ ရ​ခြင်း ဖြစ်​ပါ​တယ်။

Credit to FB