အရောင်​တောက်တောက် ကြေးဝါ​ကွင်း ၂​၀ ခန့်​စွပ်​ထား​သည့် လည်တိုင်​သွယ်⁠သွယ်​ရှည်⁠ရှည်​လေး​က အမှောင်​ရိပ်​ထဲ​တွင် ဟို​ယိမ်း​သည်​ခါ လှုပ်ရှား​နေ​သည်။ လျှပ်စစ်မီး​မ​ရှိ​သော အလုံပိတ်​ဝါးထရံ​ကာ အိမ်​ကလေး​ထဲ​၌ က​ယန်း​လ​ဝီ (ပ​ဒေါင်) တိုင်း​ရင်း​သူ အမယ်​အို ဒေါ်​မူ​ဆူ လမ်းလျှောက်​နေ​ခြင်း ဖြစ်​သည်။

ဒေါ်​မူ​ဆူ့​အသက် (၇​၄) နှစ် ရှိ​ပြီ။ သူ့​လည်ပင်း​က ကြေး​ကွင်း တို့​လည်း သက်​တမ်း​ရင့်​လာ​ကြ ပြီ။ ဘဝ​လမ်းခရီး​ရှည်​လာ​သည် နှင့် အမျှ သူ့​မှာ သားသမီး၊ မြေး များ​နှင့် ကိုယ်​ပိုင်​မိသား​စု​ဝင် ၁​၀ ယောက်​ခန့်​ပင် တိုးပွား​ပိုင်ဆိုင် နေ​ပါ​ပြီ။ သို့သော်​သူ​နှင့် သူ့​သမီး တစ်​ယောက်​က​လွဲ​လျှင် ကျန်​မိ သား​စု​ဝင်​များ​က ရှေး​နှစ်​ပေါင်း များ​စွာ​ကတည်းက အစဉ်​အလာ ရိုးရာ​ဆင်ယင်​မှု​ဖြစ်​သည့် လည် ပင်း​ကြေး​ကွင်း​စွပ်​ခြင်း​ကို မ​လုပ် ကြ​တော့။ တစ်​ချိန်​တည်း​မှာ​ပင် သူ​နှင့် မျိုး​နွယ်​စု​တူ​သူ အများ​စု က​လည်း ကြေး​ကွင်း​စွပ်​ခြင်း ဓလေ့​ကို အရင်​လောက် မ​ထိန်း သိမ်း​ကြ​တော့။

လူ​ဦးရေ ၃​၄​၃ ဦး​ရှိ​သည့် မြန်မာ​နိုင်ငံ​အရှေ့​ခြမ်း၊ ဒေါ​ဆန်း​ဘွန်း​ရွာ​ကလေး​တွင် က​ယန်း​ရိုးရာ​ယဉ်ကျေး​မှု​အတိုင်း ဆင် မြန်း​သူ​က ယနေ့​အချိန်​တွင် စု​စု ပေါင်း ခုနစ်​ယောက်​သာ ကျန်​ပါ​တော့​သည်။

‘‘ဟို​တစ်​လောက​ထိ ရွာ​ထဲ မှာ ဆယ်​ယောက်​လောက်​ရှိ တယ်။ အခု​တရုတ်​ပြည်​ဘက်​မှာ အလှ​ပြ​တဲ့​အလုပ်​သွား​လုပ်​ကုန် ကြ​ပြီ’’ဟု မြန်မာ​စကားမ​ပြော တတ်​သည့် ဒေါ်​မူ​ဆူ​က စကား ပြန်​မှ​တစ်​ဆင့်​ပြော​ပြ​သည်။

တောင်ယာ​လုပ်​ငန်း​နှင့် ရောင်းဝယ်​ရေး​လုပ်​ငန်း​ကို မိ​ရိုး ဖ​လာ​လုပ်ကိုင်​နေထိုင်​ကြ​သည့် က​ယန်း(ပ​ဒေါင်)တို့​သည် ၎င်း​တို့ ၏ လည်ပင်း​ကြေး​ကွင်း​များ​တပ် သည့် ဓလေ့​ကြောင့်​ပင် အလှ​ပြ စရာ​ယဉ်ကျေး​မှု​အသွင်​သို့ ကျ ရောက်​ခဲ့​သည်။ လွန်​ခဲ့​သည့် လေး နှစ်​အထိ ရက်ကန်းရက်​ခဲ့​သည့် ဒေါ်​မူ​ဆူ​တစ်​ယောက် မျက်စိ​မှုန် ခြင်း၊ အကြား​အာရုံ​မ​ကောင်း​ခြင်း​နှင့် ဇရာ​ထောင်း​လာ​ခြင်း​များ ကြောင့် ယင်း​အလုပ်​ကို​နား​ခဲ့​ရ​သည်။ အခြား အသက် (၅​၀)ကျော် (၆​၀) အရွယ် အိမ်​နီး​နား​ချင်း​အမျိုးသမီး​က ရိုးရာ​ဆင်ယင်​မှု အလှ​ပြ​အလုပ်​လုပ်​ရင်း ဝင်ငွေ​ရှာ​ရန် တစ်ဖက်​နိုင်ငံ​သို့ ထွက်​ခွာ​သွား​ချိန်​တွင် ဒေါ်​မူ​ဆူ​တစ်​ယောက်မ​လိုက်​ပါ​နိုင်​ဘဲ ကျန်​ရစ်​ခဲ့​သည်​ဟု​ဆို​သည်။

လွန်​ခဲ့​သည့် ရှစ်​နှစ်​က​မူ ဒေါ် မူ​ဆူ​လည်း ဇာတိ​ဒေသ​မှ​ခွာ​၍ အခြား​အရပ်​သို့ ခရီး​နှင်​ခဲ့​ဖူး​ပါ သည်။ ပ​ဒေါင်​ရိုးရာ​ယဉ်ကျေး​မှု ပြသ​ရန်​အတွက်​ဟု​ဆို​ကာ အစိုးရ လူကြီး​မင်း​များ​က ဖိတ်ခေါ်​၍ ရန်ကုန်မြို့​သို့ တစ်​သက်​မှာ တစ်​ခါ​ပထမ​ဆုံး​အကြိမ်​အဖြစ် ရောက်​ဖူး​ခဲ့​ခြင်း​ပင်​ဖြစ်​သည်။

‘‘ရိုးရာ​ဝတ်​စုံ​နဲ့​ပဲ ဝတ်​ပြီး သွား​ခဲ့​တာ။ ကား​လည်း​တွေ့ တယ်။ လေ​ယာဉ်​ပျံ​လည်း​တွေ့ တယ်။ တိုက်အိမ်​တွေ​အများ​ကြီး ပဲ လှ​တယ်။ အကုန်​လုံး​ကြိုက် တယ်။ ရန်ကုန်​သွား​ရ​တာ ပျော် တယ်။ တစ်​ခေါက်​လောက်​ထပ် သွား​ချင်​တယ်။ ဒါပေမဲ့​မခေါ် တော့​ဘူး’’ဟု အမယ်​အို​က သူ့ ကိုယ်ပေါ်​မှ ဟောင်းနွမ်း​နေ​ပြီ​ဖြစ် သည့် ရိုးရာ​ဝတ်​စုံ​လေး​ကို သေ သေ​သပ်သပ်​ဖြစ်​အောင် လက် ချောင်း​ကလေး​များ​ဖြင့် သပ်​ရင်း ရယ်​ရယ်မော​မော​ပြော​ပြ​သည်။

သမိုင်း​ပညာ​ရှင် ဒေါက်​တာ သန်း​ထွန်း​၏ ခေတ်​ဟောင်း မြန် မာ​ရာဇဝင်​အရ ကရင်နီ​မျိုး​နွယ်​စု ဝင်​ဖြစ်​သော က​ယန်း(ပ​ဒေါင်) တု့​ိ​သည် ကယားပြည်နယ်​နှင့် ရှမ်းပြည်နယ်​တောင်​ပိုင်း​ဒေသ​အ ကြား​တွင် အနှံ့အပြား​နေထိုင်​ကြ သည်။ ရှမ်းပြည်နယ်​တောင်​ပိုင်း တွင် လူ​ဦးရေ ၁​၄,၀⁠၀​၀ ခန့်​ရှိ​ပြီး ကယားပြည်နယ်​တွင် ၂​၅,၀⁠၀​၀ ကျော်​ရှိ​သည်။ နဂါး​အနွယ်​ဟု ၎င်း​တို့​ကိုယ်​ကို သတ်​မှတ်​ကြ သော က​ယန်း(ပ​ဒေါင်)တို့​သည် လည်ပင်း​နှင့် ခြေထောက်​တို့​တွင် နဂါး​ရစ်​သဖွယ် ကြေး​ခွေ၊ ကြေး ကွင်း​များ​ကို စွပ်​ကြ​သည်​ဟု​ဆို သည်။

ငယ်​စဉ်​ကလေး​ဘဝ​က တည်း​က​ပင် မိန်း​ကလေး​များ​၏ လည်ပင်း​တွင် ကြေး​ကွင်း​တစ်​ခွေ၊ နှစ်​ခွေ​မှ​စ​၍ စွပ်​ပေး​သည့်​အလေ့ ရှိ​ခဲ့​သည်။ ယင်း​နောက် အရွယ် ရောက်​ချိန်​တွင် ကြေး​ကွင်း အခွေ ၂​၀ အထိ​ဝတ်ဆင်​ပေး​ကြ​သည်။ အသက် တစ်​နှစ်​လျှင် ကြေး​ခွေ တစ်​ခွေ​နှုန်း​ဖြင့် အသက်အရွယ် အလိုက် ကြေး​ခွေ​အရေအတွက် ဝတ်ဆင်​ကြ​သည်​ဆို​သည့် ထင် မြင်​ချက်​မျိုး မြန်မာ​နိုင်ငံ​တွင် ပျံ့နှံ့ နေ​ခဲ့​ဖူး​သည်။ သို့သော်​ယင်း​မှာ မဟုတ်​မှန်​ဘဲ အသက် (၇​၀) အရွယ်ရောက်​ပါ​က ကြေး​ခွေ ၇​၀ စွပ်​ရန်​မှာ ဖြစ်​နိုင်​ခြေ​လည်း​မ​ရှိ ကြောင်း က​ယန်း(ပ​ဒေါင်)လူ​မျိုး တို့​က ငြင်း​ဆို​၏။ လူ​တစ်​ဦး တစ်​ယောက် ကွယ်​လွန်​ပါ​က ၎င်း စွပ်​ခဲ့​သော ကြေး​ကွင်း​များ​ကို ၎င်း အလောင်း​နှင့်​အတူ တစ်​ပါ​တည်း ထည့်​ပေးလိုက်​ကြ​ပြီး ကျန်​ရစ်​သူ များ​က ယူငင်​သိမ်းထား​လေ့​မ​ရှိ ကြ​ဟု ဆို​သည်။

၎င်း​တိုင်း​ရင်း​သား​မျိုး​နွယ် စု​ဝင်​များ​သည် ယခင်​စစ်​အစိုးရ လက်ထက် နှစ်​ပေါင်း ၂​၀ ကာလ အတွင်း ထိုင်း​နိုင်ငံ​ဘက်​သို့ ဒုက္ခ သည်​များ​အဖြစ် ကူးပြောင်း​ထွက် ခွာ​ခဲ့​ကြ​သည်။ ကုလသမဂ္ဂ​ဒုက္ခ သည်​များ​ဆိုင်​ရာ မဟာ​မင်းကြီး​ရုံး ၏ စာရင်း​များ​အရ ၂​၀⁠၀​၅ အ တွင်း မြန်မာ​နိုင်ငံ​မှ ဒုက္ခ​သည်​နှစ်​သိန်းကျော် ထိုင်း​နိုင်ငံ​ဘက်​သို့ ပြောင်းရွှေ့​ကြ​ရာ က​ယန်း (ပ​ဒေါင်) တိုင်း​ရင်း​သား များ​လည်း အမြောက်အမြား​ပါဝင်​ခဲ့​သည်။ ထိုင်း-မြန်မာ နယ်စပ်၊ ထိုင်း​နိုင်ငံ​မြောက်​ပိုင်း မယ်​ဟောင်​ဆောင် ဒေသ​တွင် က​ယန်း (ပ​ဒေါင်)ရွာ​ကလေး​ရှိ​ပြီး လွန်​ခဲ့​သည့် ဆယ်​စု​နှစ်​တစ်​ခု​စာ ကတည်းက​ပင် ထိုင်း​တို့​က ယင်း​ရွာ ကို​အလှ​ပြ​ကာ​ငွေ​ရှာ​ခဲ့​သည်​ဟု ဆို​သည်။

လက်​ရှိ​အချိန်​၌ ကယား​ပြည် နယ်၊ လွိုင်ကော်မြို့​နှင့် ဒီမော်​ဆို မြို့​တို့​အနီး​တွင် က​ယန်း(ပ​ဒေါင်) အများ​စု​နေထိုင်​ကြ​၏။ သို့သော် ရိုးရာ​ဆင်ယင်​မှု​ကို ထိန်းသိမ်း​သူ အရေအတွက်​မှာ နည်း​သ​ထက် နည်း​လာ​နေ​ကြောင်း သိ​ရ​သည်။

‘‘လွိုင်ကော်​မှာ ဧည့်သည်​ရဲ့ စိတ်ဝင်စား​မှု​ရှိ​တယ်။ ဒါပေမဲ့ ပ​ဒေါင်​တွေ​က ရွာ​နဲ့ မဟုတ်​ဘဲ ဈေးဆိုင်​ထွက်​ရောင်း​နေ​ကြ​တော့ သ​ဘာ​ဝ​လူ​နေ​မှု​ဘဝ​ကို လေ့​လာ ချင်​တဲ့ နိုင်ငံ​ခြား​သား​တချို့​က စိတ်​ကျေနပ်​မှု​သိပ်​မ​ရ​ကြ​ဘူး။ (ရိုးရာ​ဝတ်​စုံ​ဝတ် ကြေး​ကွင်း​စွပ်) ပ​ဒေါင်​မ​ရှိ​ရင် ရွာ​တွေ​ခ​မျာ ပိုက် ဆံ​မ​ရ​တော့​ဘူး’’ဟု အီ​တ​လီ​ဧည့် လမ်း​ညွှန် ဦး​အောင်​ထွန်းလင်း​က ၎င်း​အတွေ့​အကြုံ​ကို ပြော​ပြ သည်။

ဒီး​မော့​ဆို​မြို့​နယ်၊ ဟို​ဝမ် အောင့်​ရွာ​ဇာတိ အသက် (၅​၇) နှစ်​အရွယ် က​ယန်း​အမျိုးသမီး ဒေါ်​မူ​ကြေး​တစ်​ယောက် လွိုင်ကော် မြို့​နယ်၊ ပန်​ကန်း​ကျေးရွာ​အုပ်စု၊ ဒေါ​ဆန်း​ဘွန်း​သို့ ပြောင်းရွှေ့​လာ ခဲ့​သည်။ ယင်း​နောက် ၂​၀​၁​၄ ဒု​တိ ယ​နှစ်​ဝက်​ပိုင်း​တွင် အခြား​ရွာ​မှ မျိုး​နွယ်​တူ​များ​နှင့်​အတူ မြန်မာ- ထိုင်း-တရုတ်​နယ်စပ်​ဒေသ​များ သို့ အလုပ်​လုပ်​ရန် ထွက်​ခွာ​သွား ခဲ့​၏။ ၎င်း​တို့​ကို အလုပ်​လုပ်​ရန် ခေါ်​ဆောင်သွား​သည့် ပွဲစား အကြောင်း​ကို​မူ ဂ​ဃ​န​ဏ​သိရှိ ခြင်း၊ ပြော​ပြ​နိုင်​ခြင်း​မ​ရှိ​ကြ ကြောင်း တွေ့​ရ​သည်။ သုံး​လ​ကြာ​ပြီး​နောက်​တွင် ဒေါ​ဆန်း​ဘွန်း​ရှိ နေအိမ်​သို့ ပထမ​ဆုံး​အကြိမ် ငွေ​ပြန်​ပို့​လာ​သည်​ဟု ဒေါ်​မူ​ကြေး ၏ သမီး​ဖြစ်​သူ​က​ပြော​သည်။

‘‘ငွေ​သုံး​သိန်း​ပြန်​ပို့​တယ်။ မိုင်း​လား​က ပန်းခြံ​မှာ အလှ​ပြ​ရ တယ်​လို့​ပြော​တယ်။ အဲ​ဒီ​ကို​သွား လုပ်​ရ​တာ ပိုက်ဆံ​လိုချင်​လို့​ပေါ့။ ဒီ​မှာ​က တောင်ယာ​လုပ်​ရ​တာ အဆင်​မ​ပြေ​ဘူး’’ဟု ဒေါ်​မူ​ကြေး ၏ တတိယ​မြောက်​သမီး မူ​သား က​ပြော​ပြ​သည်။

အသက် (၂​၀) ကျော်​အရွယ် က​ယန်း(ပ​ဒေါင်)အမျိုးသမီး​ဖြစ် သူ မူ​သား​က သူ့​ဘဝ​တွင် နှစ်​ကြိမ်၊သုံး​ကြိမ်​ခန့်​သာ ကြေး​ကွင်း​စွပ်​ခဲ့​ဖူး​သည်​ဟု​ဆို​သည်။ ၎င်း​ကြေး ကွင်း​မ​စွပ်​ရ​ခြင်း​က လည်​ပင်​နာ​ခြင်း​နှင့် ည​ဘက်​အိပ်စက်​ရာ​တွင် အဆင်​မ​ပြေ​ခြင်း​အပါအဝင် ခေတ်​အခြေအနေ​ကြောင့်​ဟု ပြော​ပြ​သည်။

လတ်​တ​လော​တွင် မြန်မာ နိုင်ငံ​ရှိ ကမ္ဘာ​လှည့်​ခရီးသည်​များ ကို ဆွဲ​ဆောင်​ရာ နာ​မည်ကျော် ပုဂံ​ဒေသ​တွင်​လည်း လည်ပင်း​ရှည်​က​ယန်း (ပ​ဒေါင်)တို့​ကို အလှ​ပြ​မှု​မျိုးရှိ​နေ​ခဲ့​ပါ​ပြီ။ ထို့​အပြင်​၎င်း​တို့​မှာ မြန်မာ​နိုင်ငံ​ရှိ ကုန် ပစ္စည်းကြော်​ငြာ​အချို့​တို့​တွင် သရုပ်ဆောင်​အဖြစ် ပါဝင်​ဖူး​ကြ​ပြီ​ဖြစ်​သည်။ ထို့​အတူ ပြီး​ခဲ့​သည့်​နှစ်​က အာ​ဆီ​ယံ​နိုင်ငံ​တကာ​ရုပ်​ရှင်​ပွဲတော်​တွင် Best of Jury Award ဆု​ရ​ရှိ​ခဲ့​သည့် ဒါ​ရိုက်​တာ အောင်​ကို​လတ်​၏ က​ယန်း​အလှ (Kayan Beauties) ရုပ်​ရှင် ဇာတ်​ကား​အကြောင်း​ကို​လည်း မြန်မာ​နိုင်ငံ​အရှေ့​ခြမ်း​က က​ယန်း​တိုင်း​ရင်း​သူ၊ တိုင်း​ရင်း​သား​တို့​က သိရှိ​ဂုဏ်​ယူ​နေ​တတ်​ကြ​ပြီ။ ရွာ​ထဲ၊ အိမ်​ထဲ၊ တောင်ယာ​ထဲ​တွင် သာ နေထိုင်​နေ​ခဲ့​ရာ​မှ အပြင်​ထွက်​အလုပ်​လုပ်​လာ​ကြ​ပြီ​ဖြစ်​သ​လို ဒေါ​ဆန်း​ဘွန်း​ရွာ​ထိပ် တစ်​နေရာ တွင် အင်​ဖက်​မိုး၊ မြေ​စိုက်​ဝါး​တဲ​ကလေး​သုံး​လေး​လုံး​ဆောက်​၍ လည်း ကိုယ်တိုင်​ရက် ချည်​ထည်​ပဝါ​စ​လေး​များ၊ ကြေး​လက် ကောက်​များ၊ ကြေး​ခွေ​များ​လည်း ရောင်းချ​နေ​ကြ​ပြီ။

ယ​ကန်း(ပ​ဒေါင်)တို့​နေထိုင် ရာ ကယားပြည်နယ်၊ လွိုင်ကော် သည် မြန်မာ​နိုင်ငံ​၏ ပထမ​ဆုံး အကြီး​စား​ရေ​အား​လျှပ်စစ်​ဓာတ် အားပေး​စက်​ရုံ၊ လော​ပိ​တ​ဘီလူး ချောင်း​ဓာတ်​ပေး​လိုင်း​များ သွယ် တန်း​တည်​ရှိ​နေရာ​ပင်​ဖြစ်​သည်။ သို့သော်​က​ယန်း(ပ​ဒေါင်)တို့​၏ နေအိမ်​များ​သည် မှောင်မိုက်​ဆဲ၊ ကြေး​ကွင်း​တပ်​ဆယ်​ယောက် ကျော်​ရှိ​နေ​ဆဲ​ဖြစ်​သည့် ပန်​ပဲ့​ကျေးရွာ​မှ​နေ​၍ ဒေါ​ဆန်း​ဘွန်း​ရွာ​သို့ လွန်​ခဲ့​သည့် ၁​၈ နှစ်​ကတည်းက ပြောင်းရွှေ့​လာ​ခဲ့​သည့် ဒေါ်​မူ​ဆူ က သူ့​တစ်​သက်​တာ (၇​၄) နှစ်​လုံး လုံး​တွင် လျှပ်စစ်မီး​ကို ရန်ကုန်​သို့ အလည်​လာ​ခဲ့​စဉ်​က​သာ မြင်​ဖူး၊ သုံး​ဖူး၊ နေ​ဖူး​ခဲ့​သည်​ဟု​ဆို​သည်။

လော​ပိ​တ​ကို အမည်​သာ ကြား​ဖူး​ပြီး တစ်​ခါ​မှ မ​ရောက်​ဖူး ကြောင်း၊ လျှပ်စစ်မီး​လို​ချင်သော် လည်း ဓာတ်​တိုင်​ခ၊ ဓာတ်​ကြိုး သွယ်​ခ​အပါအဝင် ပိုက်ဆံ​အ မြောက်​အမြား​ပေး​မှ​ရ​မည်​ဖြစ်​ပြီး ပိုက်ဆံ​မ​ရှိ​ကြောင်း ဒေါ်​မူ​ဆူ​က ပြော​ရင်း သူ့​လည်ပင်း​က အလင်း ရောင်​သဲ့သဲ့​ထွက်​နေ​သော ကြေး ကွင်း​များ​ကို တ​ယု​တ​ယ​ပွတ်​သပ် လိုက်​သည်။

‘‘ငါ​သေ​တဲ့​အချိန် ဒီ​ဟာ ထားခဲ့​ပေး​မယ်။ ဒီ​ဟာ​က နှစ်​သိန်း၊ သုံး​သိန်း​လောက်​တန်​ပါ​တယ်။ ငါ့ မိသား​စု​တစ်​ယောက်​ယောက် တော့ ဝတ်​ချင်​ရင် ဝတ်​စေ​ချင် တယ်။ ငါ​တို့​လူ​က နည်း⁠နည်း​လေး ပဲ​ရှိ​တော့​တာ​လေ’’

Credit to 7Day Daily