အမေ​ရိ​ကန်​သမ္မတ ဘား​ရက် အို​ဘား​မား​ဟာ န​ယူး​ယောက်​မြို့​က စား​သောက်​ဆိုင်​တ​ခု​မှာ ခ​ရက်​ဒစ်​ကတ် ( အကြွေး ဝယ် ကတ်) နဲ့ ပိုက်ဆံ ရှ​င​္း​တာ​မှာ ဆိုင်​က စားပွဲ​ထိုး​က သူ့​ကတ်​ကို လက်မ​ခံ​ခဲ့​ပါ​ဘူး။
စားပွဲ​ထိုး​က လက်မ​ခံ​ရ​တာ​ဟာ ခ​ရက်​ဒစ်​ငွေ​ပေး​ချေ​တဲ့ စနစ်​က လက်မ​ခံ​ခဲ့​လို့ ဖြစ်​ပါ​တယ်။

ပြီး​ခဲ့​တဲ့ လ က ကုလသမဂ္ဂ​အထွေ​ထွေ ညီလာခံ​တက်​ရောက်​ဖို့ အို​ဘား​မား​တ​ယောက် န​ယူး​ယောက်​မြို​ကို သွား​ရင်း စား​သောက်​ဆိုင်​တ​ခု​က သူ့​ခ​ရက်​ဒစ်​ကတ်​ငြင်းပယ်​လိုက်​တဲ့​အကြောင်း Consumer Financial Protection Bureau မှာ မှတ်ချက်​ပေး ပြောဆို​ခဲ့​တာ​ကို ဝါ​ရှင် တန်​ပို့စ်​သ​တင်း​တ​ပုဒ်​မှာ ဖော်​ပြ​ပါ​တယ်။

သူ့​ကတ် အဆင်​မ​ပြေ​တဲ့​အတွက် သူ့​ဇနီး​ရဲ့ ကတ်​နဲ့​ပဲ ပိုက်ဆံ ရှင်း​ခဲ့​ရ​ပါ​တယ်​တဲ့။ အရင်​က​လည်း သူ့​ခ​ရက်​ဒစ်​ကတ် အလုပ်​မ​ဖြစ်​လို့ ငွေ​သား​နဲ့​ပဲ ပိုက်ဆံ ရှင်း​ရ​တာ​တွေ အို​ဘား​မား လုပ်ဆောင်​ခဲ့​ရ​ပါ​တယ်​တဲ့။

သမ္မတ အို​ဘား​မား​ရဲ့ အနီး​မှာ စီးပွား​ရေး အထူး​လုပ်​ပိုင်​ခွင့်​တွေ အလုံးအရင်း​လိုချင်​လို့ ကပ်​ရပ်​နေ​တဲ့ အမေ​ရိ​ကန် ခ​ရို​နီ​ကြီး​တွေ မ​ရှိ​ဘူး ထင်​ပါ​တယ်။

ဆိုလို​တာ​က သမ္မတ အို​ဘား​မား ကုန်ကျ​သ​မျှ ပိုက်ဆံ​လိုက်​ရှင်း​ပေး​တဲ့ အလေ့​အထ​မ​ရှိ​ဘူး​ဆို​တာ ဒီ​ကိစ္စ က အထင် အရှား သိ​နိုင်​ပါ​တယ်။
သမ္မတ​လည်း သာမန် နိုင်ငံသား​တ​ဦး​လို ခ​ရက်​ဒစ်​ကတ် အလုပ်​မ​ဖြစ်​ရင် ဆိုင်​တွေ ငြင်းပယ်​တာ ခံ​ရ​မှာ​ပါ​ပဲ။

Credit to FB