လင်​ကွန်း​က ပြော​တယ် …

  • ချွေတာ​စုဆောင်း​ခြင်း​ကို အား​မ​ပေး​ပဲ မ​ချမ်းသာ​နိုင်​ပါ ။
  • အားကြီး​သူ​တွေ​ကို အစိတ်​စိတ် ခွဲ​ခြင်း​ဖြင့် အားငယ်​သူ​များ​ကို မ​ကူညီ​နိုင်​ပါ ။
  • အားကြီး​သူ​ကို အား​ပျော့​အောင်​လုပ်​ခြင်း​ဖြင့် အားနည်း​သူ​ကို အား​ပြည့်​လာ​အောင် မ​လုပ်​နိုင်​ပါ ။
  • လ​စာ​ပေး​နေ​သူ​တွေ​ကို နှိမ်​ချ​ခြင်း​ဖြင့် လ​စာ ရ​သူ​တွေ​ကို​ဧ။် လ​စာ​ကို တိုး​မြင့်​မ​ပေး​နိုင်​ပါ ။
  • ချမ်းသာ​သူ​တွေ​ကို ပျက်စီး​စေ​ခြင်း​ဖြင့် ဆင်းရဲသား​များ​ကို မ​ကူညီ​နိုင်​ပါ ။
  • ဝင်ငွေ​ထက် ပို​သုံး​ခြင်း​ဖြင့် ဒုက္ခ​မှ မ​လွတ်မြောက်​နိုင်​ပါ ။
  • ချေးငှား​ထား​သော ငွေ​ဖြင့်​လုံခြုံ​မှု မ​ရ​ရှိ​နိုင်​ပါ ။
  • လူ​သား​ဧ။် လုပ်ကိုင်​လို​စိတ်၊ လွတ်လွတ်​လပ်​လပ် လုပ်ကိုင်​လို​စိတ်​ကို ဖယ်ရှား​ခြင်း​ဖြင့် သတ္တိ​နှင့် ကိုယ်​ကျင့် စာ​ရိတ္တ​ကို
    မ​တည်ဆောက်​နိုင်​ပါ ။
  • လူ​တို.အနေ​ဖြင့် သူ​တို.ကိုယ်တိုင်​လုပ်​နိုင်​သော ကိစ္စ၊ သူ​တို.အတွက် သူ​တို.ကိုယ်တိုင် လုပ်​သင့်​သော ကိစ္စ​များ​ကို
    လုပ်​ပေး​နေ​ခြင်း​အား​ဖြင့် သင်​သည် လူ​များ​အား ထာဝရ မ​ကူညီ​နိုင်​ပါ ။
  • လူ​တန်း​စား​မုန်း​တီး​မှု အုံ​ကြွ​အောင်​လုပ်​ခြင်း​ဖြင့် ညီ​ရင်း​အစ်ကို စိတ်​ဓါတ်​မျိုး တိုးတက်​မ​လာ​နိုင်​ပါ ။

Credit to : ရွှေ​အိမ်​စည်