မ​ကြာ​မ​ကြာ ရင်ခတ်​လာ​လေ့​ရှိ​တဲ့ အဖြစ်အပျက်​လေး​ပါ။ တ​လောက ကား​လေး​နဲ့ မန်း​လေး-မုံရွာ​မှ ယာ​ကြီး​တော​ကို ဖြတ်​ပြီး ချင်းပြည်နယ်​စပ်​အထိ ခရီး​ထွက်​ခဲ့​ပါ​တယ်။ မုံရွာ​နား​အရောက်​မှာ​တော့ စားချင်စဖွယ် သစ်သီး​အရောင်​မျိုး​စုံ​ကို လမ်း​ဘေး​မှာ မြင်​ရ​တာ မြည်းစမ်း​စား​ကြည့်​ချင်​တဲ့ စိတ်​နဲ့ လမ်​ဘေး​မှာ ကား​ရပ်​လိုက်​ရ​ပါ​တော့​တယ်။

သစ်သီး​တွေ​က အခွံ​မ​နွှာ​ခင်​မှာ​ကို မွှေး​နေ​တာ အနံ့ရ​နေ​ပါ​တယ်။ ကလေး​မြို့​ဖက်​က မိတ်ဆွေ​တွေ​အတွက် လက်ဆောင်​ပေး​ရင် သိပ်​ကောင်း​မှာ​ဆို​ပြီး သစ်သီး​မျိုး​စုံ ရွေး​ပါ​တော့​တယ်။ သစ်သီး​ရွေး​နေ​ရင်း​နဲ့ ဆိုင်ရှင်​မိ​ခင်​နဲ့ သမီး​လေး​နဲ့​အတူ တဲ​နား​မှာ စော့​နေ​တဲ့ ကလေး​လေး​ကို ဒီ​လို​ဘဲ ဘာ​ရယ်​မဟုတ် ရင်းနှီး​စွာ မိတ်​ဟောင်း​ဆွေ​ဟောင်း​တွေ​လို စကား​စ​ပြော​မိ​ပါ​တယ်။ ဒီ​လို​ပါ​ဘဲ ကျ​မက အခု​ချက်ချင်း​တွေ့​တဲ့ သူ​ဆို​ရင်​လဲ လူ​ကို​ကြည့်​တာ​နဲ့ စိတ်ထား​ကောင်း​ရှိ​တယ်​လို့ ခံစား​မိ​ရင် ချက်ချင်း​ခင်​တတ်​လေ့ ရှိ​ပါ​တယ်။

ကျမမေးမြန်းမှုကြောင့် ဆိုင်ရှင်​အမျိုးသား​မှာ ယာ​တော​ထဲ သစ်သီး​ခင်း​လုပ်​နေ​ကြောင်း၊ သမီး​လေး​က ဆိုင်​မှာ ကူ​ရောင်း​ပေး​ကြောင်း၊ အငယ်​လေး​တွေ​ကတော့ ကျောင်း​တက်​တဲ့​နေရာ​လဲ ဝေး​ကြောင်း စ​သ​ဖြင့် ၁​၀ မိ​နစ်​လောက်​အတွင်း​မှာ အတွင်း​ကျ​ကျ စကားပြော​ဖြစ်​ပါ​တယ်။

ငွေရှင်းဖို့အချိန်ရောက်တော့ ငွေ​ရှင်း​ဘို့ အမ​တ​ယောက် စီစဉ်​ပါ​တယ်။ ငွေ​ရှင်း​တော့ ငွေ​ထောင်​ဂ​ဏာန်း​ရှင်း​ရ​မယ့်​ကြားမှာ ငွေ ၂​၀​၀ အစွန်းထွက်​ပါ​တယ်။ ဒီ​တော့ အမ​က ၂​၀​၀ တော့ လျှော့ပေး​လိုက်​ပါ​လို့ အမှတ်​တ​မဲ့​ပြော​လိုက်​ပါ​တယ်။ ကျ​မက ချက်ချင်း​ပါ​ဘဲ “ဈေး​မ​စစ်​ပါ​နဲ့ ငွေ​အစွန်းထွက်​နေ​လဲ ပို​ပေးလိုက်​ပါ ပြန်​အမ်း​စရာ​မ​လို​ဘူး” လို့ ပြော​အပြီး ကိုယ်​ချင်း​စာ​စွာ​နဲ့ “သူ​တို့​တွေ နေပူ​ထဲ ယာ​တော​တဲ တစ်​နစ်​လုံး⁠လုံး​လုပ်​မှ ဒီ​အချိန်​မှာ အသီး​အပွင့်​တွေ ရောင်း​ရ​တာ။ သူ​တို့​လုပ်​အား​ကို မြင်​ယောင်​ကြည့်ပါ။ ကလေး​လေး​တွေ​လဲ ရှိ​သေး​တယ်​လေ။ စူ​ပါ​မား​ကက်​မှာ ဈေး​ဝယ်​ရင် သိန်း​ဂ​ဏာန်း​တန်​တဲ့ ပစ္စည်း​ကို​တောင် ဈေး​စစ်​လို့ ရ​လို့​လား။ fix price နဲ့​ရောင်း​နေ​ကြ​တာ။ နေပူ​ထဲ ပင်ပန်း​တဲ့​သူ​ကို ငွေ ၂​၀​ဝ​နဲ့​တော့ ဈေး​မ​စစ်​ပါ​နဲ့’ လို့​ပြော​နေ​တုန်း ငွေ ၂​၀​၀ လဲ ဈေး​မ​စစ်​တော့​ဘဲ ငွေ​ရှင်း​လိုက်​ပါ​တယ်။

ငွေရှင်းပြီးသွားပြီမို့ ခရီး​ဆက်​ဖို့ ကား​ဆီ​ခြေ​ဦး​လှည့်​ခါ​နီး​မှာ ဆိုင်ရှင်​အမျိုးသမီး​က ကြွပ်ကြွပ်​အိတ်​နဲ့ သစ်သီး​မျိုး​စုံ​အပြည့်​ထည့်​ပြီး ကျ​မကို လှမ်း​ပေး​ပါ​တယ်။ ကျ​မက​လဲ “ကျ​မ​တို့ သစ်သီး​အိတ်​မ​ကျန်​ခဲ့​ပါ​ဘူး” လို့ ပြော​လိုက်​ပါ​တယ်။ “မဟုတ်​ဘူး အမ… ဒါ​က လက်ဆောင်” လို့​ဆို​ပြီး ကျ​မ မ​ယူ​မှာ​စိုး​ရီမ်​စွာ​နဲ့ အတင်း​ပေး​နေ​ပါ​တယ်။ ဘေး​က ကလေး​တွေ​က​လဲ “ယူ​လိုက်​ပါ” လို့ ပြော​နေ​တဲ့ မျက်လုံး​တွေ​နဲ့ ကျ​မကို ကြည့်​နေ​ကြ​ပါ​တယ်။

ကျ​မ ချက်ချင်း​တွေး​တယ်.. ငွေ ၂​၀​၀ ကို​တောင် မ​လျော့​ပေး​ချင်​တဲ့​သူ​က ကျ​မကို ငွေ​၂​၀​၀ ရဲ့ အဆ​ပေါင်း ၄​၀ ဖိုး​လောက် အခ​မဲ့​ပေး​နေ​တာ နား​မ​လည်​နိုင်​ပါ​ဘူး။ ပေးလိုက်​တဲ့ သစ်သီး​က မ​နဲ​ဘူး​လေ။ ကျ​မ​ယောင်​ချာချာ​ဖြစ်​နေ​တုန်း ဒီ​လို​ပြော​ပါ​တယ် “ကျ​မ​တို့ ဘဝ​ကို နားလည်​ပေး​သူ ရှား​ပါ​တယ်” တဲ့။ ကျ​မ​လဲ သူ​တို့​ပေး​တဲ့ လက်ဆောင်​မ​ယူ​ချင်​ဘူး​လို့ အထင်​မ​ခံ​ချင်​တာ​နဲ့ လှမ်း​ယူ​လိုက်​ပါ​တယ်။ ကလေး​တွေ ပညာ​ရေး​ကို အားပေး​ဖို့ ပြော​ပြီး ကြောင်တောင်တောင်​နဲ့​ဘဲ ထွက်​လာ​ခဲ့​ပါ​တယ်။ ကား​ထဲ ဝင်​ထိုင်​ပြီး ကား​အထွက်​မှာ ပြတင်းပေါက်​က​နေ လက်​ပြ​နှုတ်ဆက်​တော့ “ကျေးဇူးတင်​တယ်… တာ့​တာ” ဆို​တဲ့ စကား​ချိုး⁠ချိုး​လေး​တွေ လေ​ထဲ ပျံ့လွင့်​လာ​ပါ​တယ်။

ကျ​မကို ဘာ​ကြောင့် ကျေးဇူးတင်​ပြီး လက်ဆောင်​ပေးလိုက်​တယ်​ဆို​တာ အခု​ထိ အတိ​အကျ မ​သိ​ပါ။ တ​ခါ​တ​လေ​တော့ ဒီ​အကြောင်း​ကို စဉ်းစား​မိ​တယ်။ မ​ကြာ​ခဏ​လဲ မ​သိ​လိုက်​ခင်​မှာ အဲ​ဒီ​အဖြစ်အပျက်​လေး ဦးနှောက်​ထဲ အလိုလို ဝင်​လာ​ပြန်​တယ်။

ဘာ​ဘဲ​ဖြစ်⁠ဖြစ်​လေ…. မိတ်ဆွေ​တွေ​ကို သတိပေး​ချင်​တာ​ကတော့ လမ်း​ဘေး​ဈေးသည်​တွေ​ဘဝ​ကို အတွင်း​ကျ​ကျ သိ​ခွင့်​ရ​ခဲ့​ရင် သူ​တို့​ဘဝ​ကို ကိုယ်​ချင်း​စာ​မှာ​ပါ။ စူ​ပါ​မား​ကက် သူဌေး​ဆိုင်​မှာ ဈေး​စစ်​ဘို့ မလွယ်​ဘူး။ စူ​ပါ​မား​ကက်​မှာ ဈေး​စစ်​လို့​မ​ရသ​လို လမ်​ဘေး​ဈေးသည်​တွေ ဆီ​မှာ ငွေ ၅​၀၊ ၁​၀​၀၊ ၅​၀​၀ လောက်​ကို​တော့ ဈေး​မ​စစ်​ကြ​ပါ​နဲ့​လို့ .

Credit to FB