လန်ဒန်​မြို့​ရဲ့ စား​သောက်​ဆိုင် တစ်​ဆိုင်​မှာ ဖြစ်​ပါ​တယ်။ စားပွဲ​ထိုး​မ​လေး​ဟာ အမေနဲ့ သား​လေး လာ​ရောက် စား​သုံး​တယ်​လို့ ထင်​ပါ​တယ်။ မီး​နူး​မှာ​တဲ့ အခါ လူပု​လေး ဆီ​က​နေ လူကြီး အသံ​ထွက်​လာ​တော့ Date လုပ်​နေ​ကြ​ခြင်း ဖြစ်​ကြောင်း သိ​လိုက်​ရ ပါ​တယ်။

James Lusted လို့ အမည်​ရ​တဲ့ အသက် ၂​၆ နှစ်​အရွယ် အမျိုးသား​ဟာ အရပ် ၃ ပေ ၇ လက်မ သာ ရှိ​ပါ​တယ်။ သူ​နဲ့ ချိန်း​တွေ့​နေ​သူ ကတော့ အသက် ၂​၀ အရွယ် Chloe Roberts အမည်​ရ အမျိုးသမီး ဖြစ်​ပြီး အရပ်အမောင်း​က ၅​ပေ ၇ လက်မ ရှိ​ပါ​တယ်။ သူ​တို့​ဟာ အလုပ်​တစ်​ခု​မှာ အမှတ်​မ​ထင်​တွေ့​ဆုံ​ကြ​ပြီး အလွဲ​လေး​တွေ​ကို ပြန်ပြော​လို့ ရယ်မော​နေ​ကြ သ​တဲ့။ သူ​တု့​ိ​ဟာ ၂​၀​၁​၆ ခု​နှစ်​မှာ မင်္ဂလာဆောင်​ဖို့ အတွက် ဆုံးဖြတ်​ထား​တဲ့ ချစ်​သူ နှစ်​ဦး လည်း ဖြစ်​ပါ တယ်။

သင်​ခန်း​စာ –

၁) အချစ်​မှာ မျက်​မ​စိ​မ​ရှိ​ပါ။
၂) ရူ​ပါ​ခန္ဓာ​အလှ​ဖြင့်​လည်း အချစ်​စစ်​ရအောင် မ​ကြိုးပမ်း​နိုင်​ပါ။ စစ်​မှန်​တော့ မေတ္တာ​က သာ အချစ်​စစ်​ကို သယ်​ဆောင်​လာ​ပေး​သည်။

၃) သင် အရပ်​ပု​ပေ​မယ့် အရပ်​ရှည်​တဲ့ သူ​နဲ့ ညား​နိုင်​သ​လို၊ သင် အရပ်​ရှည်​တိုင်း​လဲ အရပ်​ပု​သူ​နှင့် ညား​တတ်​သည်။(This one is ‘just kidding’. :P)

အောင်​ခမ်း
Credit to Yoeyarlay