ပြီး​ခဲ့​တဲ့ ရက်​သတ္တ​ပတ် အနည်းငယ်​က နီ​ပေါ​ငလျင်​အပြီး လူ​မှု​မီ​ဒီ​ယာ​တွေ​မှာ တ​ဦး​ကို တ​ဦး​ဖက်​တွယ်​ထား​ကြ တဲ့ ကလေး​ငယ်​နှစ်​ဦး​ရဲ့​ပုံ​ဟာ “နီ​ပေါ​နိုင်ငံ​မှ (၂)နှစ်​အရွယ် ညီမ​ငယ်​လေး​ကို စောင့်ရှောက်​နေ​တဲ့ (၄)နှစ်​သား​အရွယ် အစ်ကို”ဆို​တဲ့ ခေါင်းစဉ်​နဲ့ ဖေ့​ဘုတ်​နဲ့ တွစ်​တာ စာ​မျက်နှာ​တွေ​မှာ အလျင်အမြန်​ပျံ့နှံ့ နေ​ခဲ့​ပါ​တယ်။

ဒီ​ဓါတ်​ပုံ​ဟာ လူ​မှု​ကွန်ရက်​စာ​မျက်နှာ​တွေ​မှာ အများ​ဆုံး ဖော်​ပြ​ခြင်း​ခံ​ရ​တဲ့ ပုံ​တစ်​ပုံ​လည်း​ဖြစ်​ပါ​တယ်။ မြင်​ရ​တဲ့​သူ​ကို စိတ်​မ​ကောင်း​ကြီး​စွာ​ဖြစ်​စေ​တဲ့ ဒီ​ဓါတ်​ပုံ​ထဲ​မှာ​တော့ ကလေး​ငယ်​နှစ်​ဦး​ဟာ တစ်​ဦး​ကို​တစ်​ဦး ဖက်​တွယ်​ထား​ကြ​ပြီး မိန်း​ကလေး​ငယ်​လေး​ဟာ သူ့​အစ်ကို​ကို တွယ်ကပ်​ရင်း သူ​တို့​အတွက် ပြင်​ပ​ကမ္ဘာ​မှာ နား​ခို​ရာ​နေရာ​ကို လှမ်း​ရှာ​နေ​သ​လို အနေအထား​ဖြစ်​နေ​ပါ​တယ်။ အစ်ကို​ဖြစ်​သူ ယောက်ျား​ကလေး​ရဲ့ မျက်လုံး​ထဲ​မှာ​လည်း အကြောက်​တရား​တွေ​နဲ့ ပြည့်​နှက်​နေ​တာ​ကို တွေ့​ရ​မှာ​ပါ။ မြင်​ရ​သူ​အဖို့ ဝမ်းနည်း​ကြေကွဲ​သွား​စေ​မယ့် ပုံ​တစ်​ပုံ​လည်း ဖြစ်​ပါ​တယ်။

ဒါ့​ထက် ငလျင်​ဘေး​သင့်​သူ​တွေ​ထဲ​က ရှာဖွေ​တွေ့​ရှိ​ခဲ့​ရ​တဲ့ မောင်​နှ​လေး​နှစ်​ဦး​အတွက် ကုသိုလ် အလှူ​ပြု​ကြ​ဖို့ ဖိတ်ခေါ်​ထား​တာ​မျိုး​ကို​တောင် တွေ့​ရ​မှာ​ပါ။
တကယ်​တော့ ဒီ ဓါတ်​ပုံ​ဟာ လွန်​ခဲ့​တဲ့ (၁​၀)နှစ်​လောက်​က ဗီယက်နမ် မြောက်​ပိုင်း​မှာ ရိုက်​ခဲ့​တဲ့ ဓါတ်​ပုံ​လေး​တစ်​ပုံ​သာ ဖြစ်​ပါ​တယ်။

ဓါတ်​ပုံ​ရဲ့ မူ​ရင်းပ်ိုင်​ရှင် ဖြစ်​သူ ဗီ​ယက်​နန် ဓါတ်​ပုံ​ဆရာ န​စန် ငု​ရန်​ကတော့ “ ဒီ​ဓါတ်​ပုံ​လေး​ကို (၂​၀⁠၀​၇) အောက်တိုဘာ​လ​တုန်း​က ဟ​ဂျန်​ဒေသ​မှာ​ရှိ​တဲ့ ကန်​တိုင်​ရွာ​ကလေး​မှာ ရိုက်​ကူး​ခဲ့​တာ​ပါ၊ အဲ​ဒီ​ရွာ​ကို ကျွန်တော်​ဖြတ်​သွား​တုန်း အိမ်​ရှေ့​မှာ ကလေး​နှစ်​ယောက် ဆော့​ကစား​နေ​တဲ့ မြင်​ကွင်း​ကို မြင်​တွေ့​ခဲ့​ရ​ပါ​တယ်။ သူ​တို့​တ​တွေ​ရဲ့ မိဘ​တွေ​ဟာ အဲ​ဒီ​အချိန်​တုန်း​က လယ်​ထဲ​မှာ အလုပ်​လုပ်​နေ​ကြ​တာ​ပါ။ ကလေး​မ​လေး​ဟာ (၂)နှစ်​သာသာ​လေး​ပဲ ရှိ​ဦး​မှာ​ပါ။ လူစိမ်း​တစ်​ဦး​ရောက်လာ​လို့ ကြောက်လန့်​ပြီး ငို​နေ​လို့ (၃)နှစ်​အရွယ်​လောက် ရှိ​နိုင်​တဲ့ သူမ​ရဲ့ အစ်ကို​က ညီမ​လေး​ကို ဖက်​ထား​ပြီး ချော့​မြူ​နေ​တာ​ပါ၊ အဲ​ဒီ​မြင်​ကွင်း​လေး​က ကျွန်တော့် စိတ်​ကို လှုပ်ရှား​သွား​စေ​လောက်​အောင် ချစ်​စ​ဖွယ်​ဖြစ်​တာ​မို့ ဓါတ်​ပုံ အမြန်​ရိုက်​ကူး မှတ်တမ်း​တင်​လိုက်​ခြင်း​ပဲ ဖြစ်​ပါ​တယ်” လို့ ဘီ⁠ဘီ​စီ သ​တင်း​ဌာန​ကို ဆို​ပါ​တယ်။

ဓါတ်​ပုံ​ဆရာ န​စန်​ဟာ သူ့​ရဲ့ ကိုယ်​ပိုင် ဘ​လော့​စာ​မျက်နှာ​မှာ အဲ​ဒီ​ဓါတ်​ပုံ​ကို တင်​ထားခဲ့​ပြီး နောက်​သုံး​နှစ် အကြာ​မှာ​တော့ “အစွန့်​ပစ်​ခံ မိဘ​မဲ့​ကလေး​များ”ဆို​တဲ့ ခေါင်းစဉ်​နဲ့ ဗီယက်နမ် ဖေ့​ဘုတ် သုံးစွဲ​သူ​များ​က အဲ​ဒီ​ဓါတ်​ပုံ​ကို တ​ဆင့်​မျှဝေ​နေ​တာ​ကို အံ့​အား​သင့်​စွာ တွေ့​ရှိ​ခဲ့​ရ​ပါ​တယ်။

တချို့​သူ​တွေ​ဆို အဲ​ဒီ ကလေး​နှစ်​ယောက်​ရဲ့​ပုံ​ကို လုပ်​ဇာတ်​တွေ​ရေး​ပြီး ပို​လို့ ရှုပ်​ထွေး​အောင်​လုပ်​ခဲ့​ကြ​ပါ​တယ်။ ဥပမာ “ကလေး​ရဲ့ မိ​ခင်​က ဆုံး​ပါသွား​ပြီး ဖ​ခင်​က​လည်း​စွန့်ပစ်​ခဲ့​တယ်” ဆို​တဲ့ ဇာတ်​လမ်း​မျိုး​တွေ​ပေါ့။ အဲ​ဒီ​မှာ​တင်​မ​ရပ်​သေး​ဘဲ အချို့​သူ​တွေ​က အဲ​ဒီ​ဓါတ်​ပုံ​ကို​ပဲ “ မြန်မာ​နိုင်ငံ​က မိဘ​မဲ့​ကလေး​များ”၊ “ ဆီး​ရီး​ယား​နိုင်ငံ​မှ ပြည်​တွင်း​စစ်​ဒဏ် သင့်နေ​သူ​များ” ဆို​ပြီး ခေါင်းစဉ်​အမျိုး​မျိုး​တပ်​ပြီး မျှဝေ​ခဲ့​ပါ​သေး​တယ်။

ဓါတ်​ပုံ​ဆရာ န​စန်​ကတော့ အဲ​ဒီ​ပုံ​ရဲ့​မူ​ပိုင်​ရှင်​ဟာ သူ​ပဲ​ဖြစ်​ပါ​တယ်​လို့ ရှင်းလင်း​ချက်​ထုတ်​ပြီး အသိ​ပေး​ခဲ့​ပေ​မယ့် အောင်မြင်​မှု အနည်းငယ်​သာ ရ​ရှိ​ခဲ့​ပါ​တယ်။ “အဲ​ဒီ​ဓါတ်​ပုံ​ဟာ အများ​ဆုံး ပြန်​လည်ဖော်​ပြ​ခြင်း ခံ​ရ​တဲ့ ပုံ​တစ်​ပုံ ဖြစ်​ကောင်း​ဖြစ်​ပါ​လိမ့်​မယ်။ ဒါ​ပေ​မယ့် ကံဆိုး​စွာ​ပဲ နောက်​ခံ​အကြောင်းအရာ​တွေ​ကတော့ မှားယွင်း​လို့ နေ​ပါ​တယ်” လို့ န​စန် က​ဆို​ထား​ပါ​တယ်။

ဒီ​လို​အဖြစ်အပျက်​တွေ​ဟာ မြန်မာ​ပြည်​ရဲ့ လူ​မှု​ကွန်ရက်​စာ​မျက်နှာ​တွေ​မှာ​လည်း မ​ကြာ​ခဏ ဆို​သ​လို ဖြစ်​ပျက်​နေ​ကြ​တာ​ပါ။ အင်​တာ​နက်​သုံးစွဲ​သူ​တွေ​ကြား ထင်​ယောင်​ထင်​မှား​ဖြစ်​နေ​နိုင်​မယ့် မ​မှန်ကန် တဲ့ သ​တင်း သို့မဟုတ် သ​တင်း​ဓာတ်​ပုံ အမှား​တွေ ထင်​ရာ​မြင်​ရာ ရေးသား​တင်ပြ​နေ​ကြ​တာ​လို့ ဆို​ရ​မှာ​ပါ။ ဒီ​အဖြစ်အပျက်​တွေ​အကြား မြန်မာ​ပြည် အင်​တာ​နက်​သုံးစွဲ​သူ အသိုင်းအဝိုင်း​က​တာ့ စိတ်​မ​ထင်​ရင် မ​ထင်​သ​လို ရေးသား​ပြောဆို ဆဲဆို​ရေးသား​နေ​ကြ​တဲ့ ကွန်း​မန့်​တွေ​နဲ့ ပြည့်​နှက်​နေ​တယ်​ဆို​ရင် မ​မှား​ပါ​ဘူး။

မူရင်း​ဓာတ်​ပုံ​ပိုင်​ရှင်​တွေ​ကတော့ ကိုယ်​ဓာတ်​ပုံ​ဟာ ကျော်​ကြား​အောင်မြင် လူ​သိ​များ​လာ​လို့ ဝမ်းသာ​ရ​မှာ​လား ဒါ​မှ​မဟုတ် ကိုယ့်​ရည်​ရွယ်​ရင်း​နဲ့​ကိုယ် ရိုက်​ကူး​ထား​တာ ပျောက်​အောင် လုပ်ဆောင်​ခံ​ရ​မှု​အပေါ် ဝမ်းနည်း​ရ​မှာ​လား ဆို​သ​လို​ဖြစ်​နေ​ပါ​ပြီ။

Credit to Irrawaddy`s Blog