မဲ​ပေး​ပိုင်​ခွင့် ရှိ​သူ​တွေ ထဲ​က ၅​၂ % ပဲ မဲ​လာ ပေး​ခဲ့​ကြ​တာ ဖြစ်​လို့၊ ဒါ​ဟာ ဒုတိယ ကမ္ဘာ​စစ် နောက်​ပိုင်း အနည်း​ဆုံး ပမာဏ​ပဲ ဖြစ်​ပါ​တယ်။

ဂျပန် နိုင်ငံ​ရဲ့ စီးပွား​ရေး​ကို အခြေ​ခံ​ကျ​ကျ ပြင်ဆင်​ဖို့ ကြိုးစား​နေ​တဲ့ ဝန်ကြီး​ချူပ် အာ​ဘေး​ဟာ နောက်ထပ် ဝန်ကြီး​ချူပ် သက်​တမ်း ရ​ရှိ​ဖို့ အတွက် အတိုက်​အခံ​တွေ အားနည်း​နေ​ချိန်​မှာ ရွေး​ကောက်​ပွဲ​ကို အခု​လို အချိန် မ​တိုင်​ခင် စော​ပြီး ကျင်းပ​ဖို့ တောင်း​ဆို ခဲ့​တာ ဖြစ်​ပါ​တယ်။

အာ​ဘေး​နည်းကျ စီးပွား​ရေး မူ ဝါဒ​လို့ ခေါ်​တဲ့ သူ့​ရဲ့ စီးပွား​ရေး ပြင်ဆင်​မှု မူ​ဝါဒ​တွေ အကောင်အထည် ပေါ်လာ​ဖို့ ဆက်လက် ဆောင်ရွက်​သွား​မယ် ဆို​ပြီး ဝန်ကြီး​ချူပ် အာ​ဘေး​က ပြော​ပါ​တယ်။

မစ္စတာ အာ​ဘေး​ရဲ့ မူ​ဝါဒ​တွေ​ဟာ တိုင်း​ပြည်​ကို လက်​ယျာ​နိုင်ငံ​ရေး လမ်း​ကြောင်းပေါ်​ကို ပို​ပြီး ဆွဲခေါ်​သွား​ခြင်း မျိုး​နဲ့ ဂျပန် နိုင်ငံ​ရဲ့ စစ်​ဆန့်​ကျင်​ရေး အခြေ​ခံ ဥပဒေ​ကို ထိခိုက် လာ​နိုင်​မ​လား ဆို​ပြီး အတိုက်​အခံ​တွေ အနေ​နဲ့ စိုးရိမ်​မှု​တွေ ရှိ​နေ​တယ် လို့ ဘီ⁠ဘီ​စီ​ရဲ့ တို​ကျို သ​တင်း​ထောက် က ပြော​ပါ​တယ်။

Credit to BBC