ဝမ်းဗိုက်​မှာ အဆီ​တွေ​စု​ပြီး ဗိုက်​ပူ​နေ​လို့ စိတ်ညစ်​နေ​သူ​တွေ​အတွက် ဗိုက်​ပူ​တာ လျော့ကျ​အောင် လုပ်​နိုင်​မယ့် အလွယ်​နည်း​တွေ​ကို ဖော်​ပြ​လိုက်​ပါ​တယ်။

(၁) လေ့ကျင့်​ခန်း လုပ်​ပါ

လေ့ကျင့်​ခန်း အားလုံး​ဟာ ကိုယ်​အလေး​ချိန် လျော့ကျ​စေ​ပါ​တယ်။ လေ့ကျင့်​ခန်း လုပ်​တဲ့​အခါ ဝမ်းဗိုက်​အဆီ​ကျအောင် စွမ်းအား​မြင့် လေ့ကျင့်​ခန်း​ကို​လုပ်​ဖို့ လို​အပ်​ပါ​တယ်။ လေ့​လာ​မှု​အရ အမျိုးသမီး​အုပ်စု သုံး​ခု​ကို တစ်​ပတ်​မှာ ငါး​ကြိမ်​ခန့် မ​တူညီ​တဲ့ လေ့ကျင့်​ခန်း​တွေ​ကို လုပ်​စေ​ခဲ့​ရာ ကယ်​လို​ရီ လောင်ကျွမ်း​ပုံ​ချင်း တူ​ပေ​မယ့် စွမ်းအား​မြင့် လေ့ကျင့်​ခန်း​ကို လုပ်ဆောင်​တဲ့ အုပ်စု​တစ်​ခု​ရှိ အမျိုးသမီး​တွေ​က​သာ ဝမ်းဗိုက်​အဆီ လျော့ကျ​မှု​ရှိ​ခဲ့​တာ​ကို တွေ့​ရ​ပါ​တယ်။ စွမ်းအား​မြှင့် လေ့ကျင့်​ခန်း​တွေ​မှာ အိပ်​ထ​မ​တင် လေ့ကျင့်​ခန်း၊ ခါး​လှည့် လေ့ကျင့်​ခန်း​စ​တဲ့ လေ့ကျင့်​ခန်း အမျိုး​အစား​တွေ ပါဝင်​နေ​ပါ​တယ်။

(၂) ဗိုက်​ကို တုန်​ခါ​အောင် လုပ်​ပါ

ဗိုက်​ကို တုန်​ခါ​စေ​တဲ့​စက်​နဲ့ အဆီ​ချ​ပေး​တာ​က ထိုင်-ထ လေ့ကျင့်​ခန်း လုပ်​သ​လို ခြောက်​လ​အတွင်း​မှာ ဝမ်းဗိုက်​အဆီ​ကို သိသိ​သာသာ လျော့ကျ​စေ​တာ​ကို​တွေ့​ရ​ပါ​တယ်။

(၃) ညနေခင်း​တွင် အလင်း​ရောင်​ကို လျှော့​ချ​ပါ

စိတ်​ဖိစီး​မှု ဟော်​မုန်း ကော်​တီ​ဆော အဆင့်​မြင့်​တက်​မှု ရှိ​တာ​က ဝမ်းဗိုက်​အဆီ​တိုး​တာ​နဲ့ ဆက်​စပ်​မှု ရှိ​ပါ​တယ်။ ည​ဘက်​မှာ ကော်​တီ​ဆော ဟော်​မုန်း​အဆင့် လျော့ကျ​အောင် အိပ်ရာ​မ​ဝင်​ခင် တစ်​နာရီ​အလို​မှာ လျှပ်စစ်​ပစ္စည်း​တွေ​ကို ပိတ်​ပြီး အနား​ယူ​ပေး​ဖို့ လို​ပါ​တယ်။ ကွန်ပျူတာ​ကို ညဉ့်နက်​တဲ့​အထိ အသုံးပြု​တာ​ကို ရှောင်​သင့်​ပါ​တယ်။ ဒါ​ဆို​ရင် နှစ်​နှစ်ခြိုက်​ခြိုက် အိပ်မောကျ​ပါ​လိမ့်​မယ်။

(၄) စောစော အိပ်ရာ​ဝင်​ပါ

တစ်​ည​မှာ ၅-၆ နာရီ​ခန့်​ပဲ အိပ်​တဲ့​သူ​တွေ​က တစ်​ည​မှာ ၇-၈ နာရီ​လောက် အိပ်​တဲ့​သူ​တွေ​ထက် ခါး​နဲ့ ဗိုက်​နေရာ​တစ်​ဝိုက်​မှာ အဆီ​တက်​ပြီး ဝ​နိုင်​ခြေ ၆​၀ ရာ​ခိုင်​နှုန်း ပို​များ​ကြောင်း လေ့​လာ တွေ့​ရှိ​ရ​ပါ​တယ်။ “အိပ်​ရေး​ပျက်​တာ​က ဆာလောင်​မှု တိုး​စေ​တဲ့ Ghrelin ဟော်​မုန်း​ကို အထွက်​တိုး​စေ​ပြီး ဆာလောင်​မှု​ကို ဟန့်​တား​ပေး​တဲ့ Leptin ဟော်​မုန်း​ကို လျော့ကျ​စေ​လို့ ဖြစ်​တယ်” လို့ အိပ်စက်​မှု​ဆိုင်​ရာ ပညာ​ရှင် ဒေါက်​တာ စ​တန်​လေ​က ဆို​ပါ​တယ်။ လူ​တွေ​က ပင်ပန်း​နွမ်းနယ်​တဲ့​အခါ သကြား​ပါ​တဲ့ ကာ​ဗို​ဟိုက်​ဒ​ရိတ်​အစာ​ကို များ​များ စား​မိ​တာ​ကြောင့် ဗိုက်​ပူ​လာ​ရ​တာ ဖြစ်​ပါ​တယ်။

(၅) ရှ​လ​ကာ​ရည် သောက်​ပါ

တစ်​နေ့​မှာ ရှ​လ​ကာ​ရည် ထမင်းစားဇွန်း နှစ်​ဇွန်း​သောက်​တဲ့ အဝ​လွန်​သူ​တွေ​က အချဉ်​ရှောင်​တဲ့ တခြား​သူ​တွေ​ထက်​ဗိုက်​ပူ​တာ ငါးရာ​ခိုင်​နှုန်း လျော့ကျ​မှု ရှိ​စေ​တယ်​လို့ ဂျပန်​သု​တေ​သီ​တွေ​က လေ့​လာ​တွေ့​ရှိ​ခဲ့​ပါ​တယ်။ ရှ​လ​ကာ​ရည်​မှာ အဓိက ပါဝင်​တဲ့ Acetic Acid ဟာ ခန္ဓာ​ကိုယ်​အဆီ​တွေ လောင်ကျွမ်း​အောင် လှုံ့ဆော်​မှု​ပေး​တာ​ကြောင့် ဖြစ်​တယ်​လို့ သု​တေ​သီ​တွေ​က ဆို​ပါ​တယ်။ ပြုလုပ်​ရ​မယ့် နည်း​ကတော့ အစာ​မ​စား​ခင်​မှာ ရေနွေး​တစ်​ဖန်ခွက်​ထဲ​ကို ရှ​လ​ကာ​ရည် ထမင်းစားဇွန်း တစ်​ဇွန်း ထည့်​ပြီး သောက်​သုံး​ရ​မှာ ဖြစ်​ပါ​တယ်။

(၆) ဒိန်​ချဉ်​စား​ပါ

နေ့စဉ် ကယ်​လို​ရီ​ကို ထိန်း​ချုပ်​ပြီး စား​နေ​တဲ့​သူ​တွေ​ဟာ ဒိန်​ချဉ်​မှ ကယ်လ်​စီ​ယမ် ၁⁠၁​၀​၀ မီ​လီ​ဂ​ရမ်​လောက် ရ​နေ​ရင် ဝမ်းဗိုက်​အဆီ ၈​၁ ရာ​ခိုင်​နှုန်း လျော့ကျ​မှု ရှိ​တာ​ကို တင်​နက်​ဆီး တက္ကသိုလ်​မှ လေ့​လာ တွေ့​ရှိ​ရ​ပါ​တယ်။ ကယ်လ်​စီ​ယမ်​ဟာ အဆီ​ကို လောင်ကျွမ်း​စေ​လို့ ဖြစ်​တယ်​လို့ ယုံကြည်​ကြ​ပါ​တယ်။ တခြား​အစာ​တွေ အနေ​နဲ့ အခွံ​ချွတ်​မ​ထား​တဲ့ ကောက်​နှံ​စာ (ဥပမာ- ဆန်​လုံး​ညို၊ ခေါက်​ဆွဲ​ညို) နဲ့ မ​ပြည့်​ဝ​ဆီ(အခွံ​မာ​တဲ့ အစေ့​အဆန်၊ ထောပတ်​သီး၊ ငါး) စ​တာ​တွေ​ကို​လည်း စား​ပေး​ရ​မှာ ဖြစ်​ပါ​တယ်။

(၇) စိတ်​ဖိစီး​မှု​ကို အနိုင်​ယူ​ပါ

စိတ်​ဖိစီး​မှု​ဟာ ဝမ်းဗိုက်​မှာ အဆီ​ပို​တွေ စု​နေ​တာ​နဲ့ အကြီး​အကျယ် ဆက်​စပ်​မှု​ရှိ​ပါ​တယ်။ အကြောင်း​ကတော့ စိတ်​ဖိစီး​မှု​များ​နေ​ချိန်​မှာ အဒ​ရီ​နယ်​ဂ​လင်း​မှ ကော်​တီ​ဆော အလွန်အမင်း ထွက်​လာ​လို့​ပါ။ ကော်​တီ​ဆော အထွက်​များ​တာ​က အင်​ဆူ​လင် ထွက်​နှုန်း​တိုး​စေ​ပြီး အဆီ​တွေ စု​နေ​စေ​ပါ​တယ်။

(၈) ဗီတာမင်​ဒီ​ကို ရ​ယူ​ပါ

နေ့စဉ် နံနက်​တိုင်း အိမ်​အပြင်​မှာ ၁​၅ မိ​နစ်​လောက်​နေ​ပြီး နေခြည်​နု⁠နု​မှ ဗီတာမင်​ဒီ​ရအောင် ယူ​ပါ။ ဗီတာမင်​ဒီ​ဟာ အဆီ​တွေ​ကို ချေဖျက်​ပေး​နိုင်​တဲ့ အရာ​ဖြစ်​ပါ​တယ်။ ဗီတာမင်​ဒီ မ​လုံလောက်​တာ​ကြောင့် အဝ​လွန်​တာ​ကို ဖြစ်​စေ​နိုင်​ပါ​တယ်။

(၉) ဆေးလိပ်​သောက်​တတ်​လျှင် ဆေးလိပ်​ဖြတ်​ပါ

ဆေးလိပ်​သောက်​တာ​ဟာ ဗိုက်​ပူ​စေ​တယ်​လို့ နယ်​သာ​လန် ဆေး​စင်​တာ​မှ သု​တေ​သီ​တွေ​က ဆို​ပါ​တယ်။ အကြောင်းရင်း​ကို တိတိ​ကျ​ကျ မ​သိ​ကြ​သေး​ပေ​မယ့် ဆေးလိပ်​သောက်​တာ​ဟာ ခန္ဓာ​ကိုယ်​ထဲ​မှာ အီ​စ​ထ​ရို​ဂျင် ဟော်​မုန်း​ရဲ့ လုပ်ဆောင်​မှု​ကို လျော့ကျ​စေ​ပြီး ကျားဟော်​မုန်း​ရဲ့ လွှမ်းမိုး​မှု​ကို တိုး​စေ​တာ​ကြောင့် ဗိုက်​ပူ​တာ ဖြစ်​နိုင်​တယ်​လို့ သု​တေ​သီ​တွေ​က ယူဆ​ထား​ပါ​တယ်။

Credit to FB