သင်​ည​ဘက်​အိပ်​တဲ့​အခါ ဘယ်​လို​ပုံစံ​မျိုး​နဲ့ အိပ်စက်​လေ့၊ အိပ်ပျော်​သွား​လေ့​ရှိ​ပါ​သလဲ။ သင်​အိပ်စက်​တဲ့​ပုံစံ​ကို​ကြည့်​ပြီး သင်​ဟာ ဘယ်​လို​လူ​မျိုး​ဖြစ်​တယ်၊ ဘယ်​လို​စိတ်ထား​ရှိ​တယ်​ဆို​တာ ခန့်​မှန်း​ပြောဆို​နိုင်​တယ်​ဆို​တာ မ​ယုံ​မ​ရှိ​ပါ​နဲ့။ ကဲ သင်​ဘယ်​လို​လူ​မျိုး​ဖြစ်​တယ်​ဆို​တာ တစ်​ချက်​လောက် ကြည့်​ရအောင်။

၁။အတွေး​သမား

တကယ်​လို့​သင်​ဟာ လက်​နှစ်​ဖက်​ကို ခေါင်း​ဦးပေါ်​တင်၊ ဒါ​မှ​မဟုတ်​လည်း ခေါင်း​ဦး​အောက်​ထည့်​ပြီး​ဘေး​ဘက် ကွေး⁠ကွေး​လေး အိပ်​တတ်​တဲ့​သူ​ဆို​ရင် သင်​ဟာ​အတွေး​သမား​တစ်​ယောက်​ပါ​တဲ့။ ဒါ့​အပြင်​သူ​ပြောထား​က ဒီ​လို​အိပ်​တတ်​တဲ့​သူ​တွေ​ရဲ့ လက်​တစ်ဖက်​ဟာ မေးစေ့​နား​မှာ​သာ​ရှိ​နေ​တတ်​တာ​ကို​လည်း ထည့်​စဉ်းစား​ထား​ပါ​တယ်။ ဒီ​လို​လူ​မျိုး​တွေ​ဟာ အပြင်​မှာ​နည်း⁠နည်း​ကြမ်းတမ်း​တဲ့​အသွင် ရှိ​တယ်​လို့​ဆို​ထား​ပြီး စိတ်ဆတ်​ပါ​တယ်​တဲ့။ ဒါ​ပေ​မယ့် သူ​တို့​တွေ​ဟာ သစ္စာရှိ​ကြ​တယ်​လို့​လည်း ဖော်​ပြ​ထား​ပါ​တယ်။

၂။ဗေဒင်​လက္ခဏာ​ကို​ယုံကြည်​သူ

ဗေဒင်​လက္ခဏာ​ယုံကြည်​တတ်​သူ​တွေ​ကတော့ အိပ်​တဲ့​အခါ ပက်လက်​အိပ်​တတ်​ပြီး ခြောက်​ထောက်​ကို​နည်း⁠နည်း​ခွဲ​ထား​ကာ ခေါင်း​အောက်​မှာ​လက်​ကို​ထား​ပြီး အိပ်​တတ်​ကြ​ပါ​တယ်​တဲ့။ ဒီ​လို​လူ​မျိုး​တွေ​ကို သူ​တို့​ရဲ့​အပေါင်းအသင်း​တွေ​က လွတ်လွတ်​လပ်​လပ်၊ ပျော်ပျော်​ရွှင်​ရွင်​နေ​တတ်​ပြီး၊ အလှ​အပ​ကို ခံစား​တတ်​တဲ့​အပြင် ပေါင်း​ရ​သင်း​ရ ကောင်း​လှ​တဲ့​အတွက် ချစ်ခင်​နှစ်​လို​တတ်​ကြ​ပါ​တယ်​တဲ့။ သူ​တို့​စိတ်​ကူးမျှော်​လင့်​ချက်​တွေ​က ကြီးမား​တတ်​သ​လို အကောင်​အထည်ဖော်​နိုင်​အောင်​လည်း ကြိုးစား​တတ်​ကြ​ပါ​တယ်။

၃။ကူညီ​တတ်​တဲ့​သူ

သင်​အိပ်စက်​တဲ့​အခါ လက်​နှစ်​ဘက်​ကို ဘေး​မှာ​ကား၊ ခြေထောက်​ကို​ကား​ပြီး ပက်လက်​အိပ်​တတ်​တဲ့​သူ​မျိုး​ပါ​လား။ အိပ်​ယာ​တစ်​ခု​လုံး သင်​တစ်​ယောက်​တည်း​အပြည့်​ယူထား​သ​လို​မျိုး​လေ။ သင်​က ဒီ​လို အိပ်စက်​တတ်​သူ​ဆို​ရင်​တော့ သင်​က​တစ်​ခြား​သူ​တွေ ပြော​သ​မျှ​ကို နားထောင်​ပေး​တတ်​တဲ့​သူ​ပါ။ တစ်​ယောက်​ကရင်​ဖွင့်​ရင် သင်​က​နားထောင်​ပြီး အကြံပေး​တတ်​တဲ့​သူ​ဖြစ်​တဲ့​အပြင် သူငယ်ချင်း​တွေ​က​လည်း တစ်​ခု⁠ခု​ဆို​တာ​နဲ့ သင့်​ကို ပြေး​သတိရ​တတ်​ကြ​ရော။ သင်​က ကူညီ​တတ်​ပြီး နည်း⁠နည်း​တော့ ရှက်​တတ်​တဲ့​သူ​မျိုး​ပါ။

၄။အစွဲကြီး​တတ်​တဲ့​သူ

အိပ်စက်​တဲ့​အခါ ဝမ်း​လျား​မှောက်​လျှက်​အနေအထား​နဲ့ အိပ်​တတ်​သူ​တွေ​ဟာ လူ​တွေ​နဲ့ ဆက်ဆံ​တဲ့​အခါ နည်း⁠နည်း​တည်⁠တည်​တင်း⁠တင်း​နဲ့ ခက်ခဲ​သ​လို​ဖြစ်​နေ​ပေ​မယ့် သူ​တို့​ဟာ စိတ်ထား​ကောင်း​တဲ့​သူ​တွေ​ပါ။ ဒါ​ပေ​မယ့် တစ်​စုံ​တစ်​ခု​အတွက် အမြဲ​တမ်း​ကြိုးစား​နေ​တတ်​သူ​ဖြစ်​ပြီး သူ​တို့​စိတ်​ထဲ​က လူ​တွေ​လက်မ​ခံ​နိုင်​တဲ့​အရာ​တွေ​ကို အမြဲ​ကြိုးစား​ထိန်း​ချုပ်​နေ​ရ​တဲ့​ပုံစံ​မျိုး​ပါ။ ဒါ့​အပြင် ဒီ​လို​လူ​မျိုး​တွေ​ဟာ အစွဲကြီး​တတ်​ကြ​ပါ​တယ်​တဲ့။

၅။စိတ်​ခံစား​လွယ်​တဲ့​သူ

သင်​ဟာ ပက်လက်​အနေအထား​အိပ်​တတ်​ပြီး လက်​နှစ်​ဘက်​ကို​ဘေး​မှာ ထား​ကာ ခြေထောက်​ကို​လည်း​ဆန့်​တန်း​ပြီး အိပ်​တတ်​တဲ့​သူ​ဆို​ရင်​တော့ သင်​က​အပြင်​မှာ အေးချမ်း​တည်​ငြိမ်​တဲ့​အသွင်​ဘယ်လောက်​ရှိ​ရှိ၊ သင့်​စိတ်​ထဲ​မှာ​တော့ စိတ်​ခံစား၊ စိတ်​လှုပ်ရှား​လွယ်​တဲ့​သူ​ပါ​တဲ့။ ကိုယ့်​ကိုယ်​ကိုယ် ထိန်း​ချုပ်ထား​မယ်၊ အစီ​အစဉ်​တွေ​နဲ့ ပြုမူ​နေထိုင်​တတ်​သူ​ဖြစ်​သ​လို တွေး​တတ်ခေါ်​တတ်​တဲ့​သူ​ဆို​ရင်​လည်း မ​မှား​ပါ​ဘူး။

၆။ခေါင်းမာ​တဲ့​သူ

သင်​ဟာ အိပ်စက်​တဲ့​အခါ ဘေး​စောင်း​အိပ်စက်​တတ်​ပေ​မယ့် ခြေထောက်​လေး​နည်း⁠နည်း​ကွေး​ထား​တာ​က​လွဲ​ပြီး ခါး​ကျော​စ​တာ​တွေ​ကို တစ်​ဖြောင့်​တည်း​တန်း​နေ​အောင် အိပ်​တတ်​သူ​ဆို​ရင်​တော့ ခင်မင်​တတ်​တဲ့​သူ၊ သင့်​စိတ်​ထဲ​မှာ​ရှိ​တဲ့ ယုံကြည်​မှု​တစ်​ခု​အတွက် ရုန်း​ကန်​လှုပ်ရှား​တတ်​သူ​ဖြစ်​သ​လို ခေါင်း​နည်း⁠နည်း​မာ​တဲ့​သူ​ပါ​တဲ့။ ဒါ​ပေ​မယ့် သင်​နဲ့​ပတ်သက်​တဲ့​သူ​တွေ​အပေါ်​တော့ သစ္စာရှိ​သူ​ပါ။

၇။လူ​မှု​ဆက်ဆံ​ရေး​အထူး​ကောင်းမွန်​သူ

အိပ်စက်​တဲ့​အခါ လက်​တွေ​ရော၊ ခြေထောက်​တွေ​ပါ တစ်​ဖြောင့်​တည်း​ပုံစံ ဆန့်​တန်း​ထား​ပြီး ဘေး​က ဖက်​လုံး​ကို မျက်နှာမူ တည့်⁠တည့်​အနေအထား အိပ်​တတ်​တဲ့​သူ​တွေ​ဟာ အာရုံ​ထဲ​ရှုပ်⁠ရှုပ်​ထွေး⁠ထွေး​မ​နေ​တတ်​တဲ့​သူ၊ ဂရုစိုက်​နေ​ရ​တာ​မျိုး မ​ကြိုက်​တဲ့​သူ ဖြစ်​ပေ​မယ့် လူ​မှု​ဆက်ဆံ​ရေး​ပိုင်း​မှာ​တော့ အားလုံး​ရဲ့​ကြား​ရေပန်း​စား​တတ်​တဲ့​သူ​ပါ။ ဒီ​လို​အိပ်စက်​ခြင်း​အား​ဖြင့် သူ​ဟာ သူ့​ဘာသာ​သူ သက်​တောင့်​သက်သာ အဆင်​ပြေ⁠ပြေ​အိပ်စက်​လိုက်​တာ​မျိုး​ဖြစ်​ပြီး လူ​တွေ​ကို သူ​ယုံကြည်​သ​လို သူ​လည်း အေးအေး​ချမ်း⁠ချမ်း​အိပ်စက်​နိုင်​မယ်​ဆို​တဲ့ သဘော​ပါ​တဲ့။s

Credit to Trend Myanmar