သီ​အို​ရီ​စီး​ရီး​နဲ့ ​ဂီ​တ​လောက​ကို စတင်​ဝင်​ရောက်​ခဲ့​ပြီး ရော​သမ​မွှေ Remix သီချင်း​များ​နဲ့​လည်း အောင်မြင်​ခဲ့​တဲ့ သား​စိုး​က ဖေဖော်ဝါရီ​လ ​၁​၈ ရက်​နေ့​မှာ​တော့ အာ လူး​သာ​ကူး နှာ​ဗူး​ဂ​န်​ဒူး​ဆို​တဲ့ စီး​ရီး​သစ်​ကို ထွက် ရှိ​လာ​ပြီ​ဖြစ်​ပါ​တယ်။ electro remix နဲ့ Hip Hop ပုံစံ​များ ပေါင်း​စပ်​ထား​တဲ့ ” အာ​လူး သာ​ကူး နှာ​ဗူး ဂ​န်​ဒူး” စီး​ရီး မှာ​တော့ သီချင်း​သစ် ​၁​၆ ပုဒ်​ပါဝင်​မှာ ဖြစ်​ပြီး အားလုံး သီချင်း​အသစ်​တွေ​ပဲ ဖြစ်​တယ်​လို့ သိ​ရ​ပါ​တယ်။

” သီချင်း ပုံစံ​တွေ​က အရ​င်​တုန်း​က​လုပ်​ခဲ့​တဲ့ ဟစ်​ဟော့​ပ် ပုံစံ​တွေ​ရော၊ ဒီ​ဘက်​ပိုင်း​က ရော​သမ မွေ​တို့​လို သီချင်း​ပုံစံ တွေ​ရော​ပါ​တယ်။ အဲ့​ဒီ​လို အစုံ​ထည့်​ချင်​တာ နဲ့ သီချင်း က ​၁​၆ ပုဒ်​ဖြစ်​သွား​တာ။ ပရိသတ်​တွေ​ဘက် က စောင့်​နေ​ရ​တာ​ကြာ​ပြီ​ဆို​တော့ သီချင်း​ပုဒ်​ရေ​များ​များ​နဲ့ စောင့်​ရ​ကျိုး​နပ်​အောင်​လုပ်​ပေး​ထား​ပါ​တယ်” လို့ သား​စိုး​က ပြော ပါ တယ်။ သား​စိုး​ရဲ့ စီး​ရီး​သစ်​မှာ​တော့ Featuring အ​ဆို​ရှင်​များ​အဖြစ် မေ​ရှင်၊ဘာ​ဘူ၊ ဖြိုး​ကြီး၊ ချမ်း​ချမ်း၊ Lဆိုင်း​ဇီ၊ အိ​မ့်​ချစ်၊န​ဒီ​ဝင့်​နိုင်၊ဇင်​သူ​မိုး၊ ဆိုင်း ညီ​ရဲရင့်၊ရွာစား​လေး ထက် အာကာ အဖွဲ့​စ​သ​ဖြင့်​များ​စွာ ပါဝင်​ပြီး အလှူ​မင်္ဂလာ၊ ဒိုး​သီချင်း​များ​ကို electro remix ပြန်လည် ပြုလုပ်​ပြီး ဖန်တီး​ထား​တယ်​လို့​လည်း သိ​ရ​ပါ​တယ်။ ဒီ နှစ်​သင်္ကြန်​နား အနီး​မှာ​ထွက်​ရှိ​ထား​တဲ့ သား​စိုး​ရဲ့ ” အာ​လူး​သာ​ကူး နှာ​ဗူး​ဂ​န်​ဒူး” စီး​ရီး​ကတော့ သင်္ကြန်​ကာလ​အတွက်​လည်း ရည်​ရွယ်​တဲ့ သီချင်း​တွေ ဖြစ်​ကြော​င်း​လည်း သိ​ရ​ပါ​တယ်။