၁။ Titanic ပေါ်​က​ဈေး​အကြီး​ဆုံး​အခန်း ဟာ ဒီ​ခေတ်​ဈေး​နဲ့​ဆို တစ်​ည​အတွက်ဒေါ်​လာ​တစ်​သိန်း​လောက်​ပေး​ရ​ပါ​တယ် ဒါ​ဟာ ကမ္ဘာ​တစ်​ခု​တည်း​သော​ကြယ်​ခု​နှစ်​ပွင့် burj al arab ဟိုတယ်​က​ဈေး​အကြီး​ဆုံး​အခန်း​ခ​ထက် သုံး​ဆကျော်​ပို​များ​ပါ​တယ်။

၂။ Titanic ပေါ်​က​ဂီ​တ​ပညာ​ရှင်​တွေ​ဟာ အဲ​ခေတ်​ရဲ့​အကျော်​ကြား​ဆုံး​နဲ့​လူ​ကြိုက်​အများ​ဆုံး​သီချင်း​ပေါင်း ၃​၇​၀ ကျော်​ရဲ့​တီး​လုံး​အားလုံး​ကို အလွတ်​ကျက်​မှတ်ထား​ရ​ပါ​တယ် ဘယ်​ခရီးသည်​က​မ​ဆို​သူ​တို့​နားထောင်​ချင်​တဲ့ သီး​ချင်း​ကို​တောင်း​ဆို​ရင်​ချက်ချင်း​အထစ်​အငေါ့​မ​ရှိ​တီး​ခတ်​နိုင်​ဖို့​ပါ။

၃။ Titanicမှာ ကိုယ်​ပိုင်သ​တင်း​စာ​ရှိ​ပါ​တယ် သင်္ဘောပေါ်​က​ခရီးသည်​တွေ​အတွက်​သာ​သီး​သန့်​ထုတ်​ဝေ​တဲ့ The Atlantic Newsဆို​တဲ့​သတင်းစာ​ကို သင်္ဘောပေါ်​က သတင်းစာ​တိုက်​က​နေ သင်္ဘောပေါ်​က​သ​တင်း​များ​အားလုံး​ကို​သိရှိ​ဖို့ နေ့စဉ်​ထုတ်​ဝေ​ပေး​ပါ​တယ်။

၄။ Titanic ရဲ့​စတုတ္ထ​မြောက်​ခေါင်းတိုင်​ဟာ အလှ​သက်သက်​ပဲ​ထည့်​သွင်း​တည်ဆောက်​ထား​တာ​ဖြစ်​ပါ​တယ်။

၅။ Titanic သင်္ဘော​ဟာ​သိပ်​ကြီး​တဲ့​အတွက် သူ့​ကို​မောင်း​နှင်​ဖို့​လို​အပ်​တဲ့​ကျောက်မီးသွေး​အင်​ဂျင်​ကို​လည်ပတ်​ဖို့ အလုပ်​သမား​၁​၇​၈​ယောက်​အသုံးပြု​ခဲ့​ရ​ပါ​တယ်။

၆။ Titanic ဟာ သမိုင်း​တစ်​လျောက် ယခု​အချိန်ထိ ရေခဲ​တောင်​ကြောင့်​နစ်​မြုပ်​ခဲ့​ရ​တဲ့ တစ်​စင်း​တည်း​သော​သင်္ဘော​ဖြစ်​ပါ​တယ်။

၇။ ရေခဲ​တောင်​ကို​တွေ့​တဲ့​အချိန်​က​နေ လမ်းကြောင်း​ပြောင်း​ဖို့​အချက်​ပေး​တဲ့​အခ်ျိန်​ဟာ​နာရီ​ဝက်​လောက် နှောင့်နှေး​ခဲ့​ရ​ပါ​တယ်။

၈။ Titanicသင်္ဘော​တစ်​စင်း​လုံး​နစ်​မြုပ်​သွား​ဖို့ ၂​နာရီ​နဲ့​မိ​နစ်​လေး​ဆယ်​ကြာ​ခဲ့​ပါ​တယ်။

၉။ သင်္ဘော​နောက်ဆုံး​နစ်​သွား​ချိန်​အထိ လျှပ်စစ်မီး​မ​ပြတ်​တောက်​အောင် ထိန်း​ချုပ်​ပေး​ခဲ့​တဲ့​အတွက် သင်္ဘောပေါ်​က​အင်​ဂျင်​နီ​ယာ အယောက်​နှစ်​ဆယ်​လုံး အသက်​မရှင်​နိုင်​ခဲ့​ပါ​ဘူး။

၁​၀။ သင်္ဘော​နောက်ဆုံး​နစ်​သွား​ချိန်​အထိ ဂီ​တ​ပညာ​ရှင်​များ​က​လဲ အဆက်​မ​ပြတ်​တီး​ခတ်​နေ​ပေး​ခဲ့​ပါ​တယ်။

၁​၁။ Titanicပေါ်​ကfirst class ခရီးသည်​တွေ​သက်​တောင့်​သက်သာ​ထိုင်​နိုင်​ဖို့ အသက်​ကယ်​လှေ​တစ်​စင်းပေါ်​ကို ၈​ယောက်​သာ​တက်​ခွင့်​ပြု​ခဲ့​ပေ​မဲ့ အသက်​ကယ်​လှေ​တိုင်း​ဟာ ပျမ်​မျှ​ပေါင်​၁​၅​ဝ​ရှိ​တဲ့​လူ​နှစ်​ဆယ်​ကို ကောင်း⁠ကောင်း​တင်ဆောင်​နိုင်​ပါ​တယ်။

၁​၂။ Titanic ကို​စီးနင်း​ခွင့်​ရ​တဲ့​ခွေး ၁​၃​ကောင်​အနက် သုံး​ကောင်​သာ​အသက်​ရှင်​ခဲ့​ပါ​တယ်။

၁​၃။ Titanic ပေါ်​က​စာဖို​မှူး​တစ်​ယောက်​ဟာ အရက်​ကို​အလွန်​အကျွံ​သောက်​ခဲ့​ပါ​တယ် အဲ alcohol အပူ​ရှိန်​ကြောင့်​ပဲ ရေခဲ​မှတ်​နီး⁠နီး​အေး​တဲ့​ရေ​ထဲ​မှာ နှစ်​နာရီ​လောက်​နေ​နိုင်​ခဲ့​ပြီး ကယ်ဆယ်​ရေး​သင်္ဘော​လာ​ကယ်​တာ​ကို​စောင့်​နိုင်​ခဲ့​ပါ​တယ်။

၁​၄။ သင်္ဘော​နစ်​တဲ့​နေရာ​ကို သိ​တာ​တောင်​မှ သင်္ဘောပျက်​ကို​ပြန်​ရှာ​တွေ့​ဖို့ နှစ် ၇​၀ကျော်​ကြာ​ခဲ့​ပါ​တယ်။

၁​၅။ ပြန်လည်​ရိုက်​ကူး​ခဲ့​တဲ့ Titanic ရုပ်​ရှင်​ကား​ရဲ့ စုစုပေါင်း​အသုံး​စား​ရိတ်​ဟာ တ​ကယ့်​သင်္ဘောတည်​ဆောက်​တဲ့​အသုံး​စား​ရိတ်​ထက်​တောင်​များပြား​ခဲ့​ပါ​တယ်။

Credit – သုတ​စားဖွယ်​စုံ