ကျွန်တော်​မှာ သမီး​၄​ယောက်​နဲ့ သားတစ်​ယောက်​ရှိ​ပါ​တယ်။
ကလေး​တွေ​ရှိ​ပြီး မိန်း​ကလေး​သမီး​တွေ​ရှိ​တယ်​ဆို​တော့ စောင့်ရှောက်​ရ​တာ မလွယ်​ဘူး​လို့ အများ​က​ထင်​ကြ​ပါ​တယ်။
ကျွန်တော်​ကတော့ တ​ခါ​မှ စိတ်​ထဲ​မှာ​တောင် မ​တွေး​မိ​ခဲ့​ပါ။ မိသား​စု​နဲ့ စည်း⁠စည်း​လုံး⁠လုံး​နေ​ရ​တာ​ကို​ပဲ စိတ်​ထဲ​မှာ ပျော်​လှ​ပါ​တယ်။ သမီး​တွေ​ကို ဒီ​နေ့​ထက် မနက်​ဖြန် ပို​ပြီး​ချစ်​လာ​တာ​ပါ​တယ်။
ကျွန်တော်​ကိုယ်တိုင်​လည်း အားလုံး​ကို​မ​သိ​ပင်​မဲ့ သမီး​တွေ​ကို ကြည့်​ရှု​စောင့်ရှောက်​လာ​တဲ့ ၁​၁ နှစ်​အတွင်း​မှာ တွေ့​ကြုံ​ခဲ့​ရ​တဲ့​အတွေ့​အကြုံ​လေး​တွေ​က ၁​၃ ချက်​ရှိ​ပါ​တယ်။

  1. သမီး​တွေ​က ဖ​ခင်​ရဲ့ ချစ်​ခြင်း​ကို အမြဲ​တမ်း​လိုလား​ကြ​တယ်။
    ပစ္စည်း​ကို ဝယ်​ပေး​တာ၊ သင်ကြား​ပေး​တာ​ထက် ဖ​ခင်​ဖြစ်​သူ​ထံ​မှ အချစ်​ကို​လိုလား​ကြ​ပါ​တယ်။သင့်​အပြင် ဖ​ခင်​အဖြစ်​နဲ့​ပြုစု​စောင့်ရှောက်​နိုင်​သူ မ​ရှိ​ပါ။
    ဖ​ခင်​တစ်​ယောက်​အနေ​နဲ့ သမီး​တွေ​ကို ချစ်တယ်​ဆို​သော​အကြောင်း ပြော​ဖို့ ဝင်​မ​လေး​ပါ​နဲ့။
  2. သမီး​တွေ​ရဲ့ အနာဂတ် ခင်ပွန်း​လောင်း​ဆို​တာ အဖေ​နဲ့​တူ​နေ​တတ်​တယ်။
    သမီး​တွေ​ရဲ့ အနာဂတ် ခင်ပွန်း​လောင်း​ဆို​တာ အဖေ​ဖြစ်​သူ​နဲ့ တူ​နေ​တတ်​ပါ​တယ်။ သမီး​တွေ​က အဖေ​နဲ့​တူ​သော​သူ​က​သာ ကိုယ်​နဲ့​ကိုက်​မည့်​သူ​လို့ ခံယူ​ထား​သူ​တွေ​များ​ပါ​တယ်။
  3. သမီး​တွေ​နားထောင်​သော​သီချင်း​ကို နားထောင်​သင့်​တယ်။
    သမီး​တွေ​နဲ့ ကား​အတူတူ​စီး​သော​အခါ သူ​တို့​နားထောင်​နေ​သော​သီချင်း​ကို အဖေ​ဖြစ်​သူ​က​လည်း လေး​လေးစား​စား​နားထောင်​သင့်​ပါ​တယ်။
    ဒါ​မှ​သာ​လျှင် အခု​ဘာ​သီချင်း​က ခေတ်​စား​နေ​လဲဆို​တာ​ကို သိ​ရ​မှာ​ဖြစ်​သ​လို သူ​တို့​နဲ့​လည်း အတူ​တူပျော်​နိုင်​မှာ​ပါ။
  4. အမေ​ဖြစ်​သူ​ကို ဆက်ဆံ​ပုံ​ကို အမြဲ​ကြည့်​နေ​ကြ​ပါ​တယ်။
    သမီး​တွေ​ကို​ပဲ ဂရုစိုက်​နေ​ယုံ​နဲ့​တော့ မ​ပြီး​ပါ။ အမေ​ဖြစ်​သူ​ကို​ကော သေသေချာချာ အလေး​ပေး ဆက်ဆံ​နေ​ရဲ့​လား​ဆို​တာ​ကို ဂရုပြု​ပါ။
    သူ​တို့​က မိ​ခင်​ကို ဂရု​တ​စိုက်​မ​ရှိ​တဲ့ ဖ​ခင်​ကို​မုန်း​တတ်​ပါ​တယ်။
  5. သမီး​တွေ ကြီးပြင်း​လာ​သည်​နှင့်​အမျှ အမြဲ​အတူ​ရှိ​နေ​ပါ​စေ။
    တစ်​နေ့​ပြီး​တစ်​နေ့ ကြီးပြင်း​လာ​တာ​နဲ့​အမျှ ဖ​ခင်​ဖြစ်​သူ​နဲ့​လည်း စကား​တွေ​နည်း​လာ​တတ်​ပါ​တယ်။
    မိန်း​ကလေး​သ​ဘာ​ဝ အလှ​အပ၊ သူငယ်ချင်း၊ ကျန်းမာ​ရေး​ပိုင်း​ဆိုင်​ရာ​ပြောင်းလဲ​မူ​တွေ​ကို အကြောင်းပြ​ပြီး ဖ​ခင်​ဖြစ်​သူ​က မ​ရှောင်​သွား​ရန်လို​အပ်​ပါ​တယ်။
  6. အား​ကစား​ကို​လည်း မ​မေ့​စေ​ပါ။
    မိန်း​ကလေး​ဖြစ်​တာ​ကြောင့် အား​ကစား​ထက် လှ​တဲ့​အကျီ​လေး​တွေ အလှ​ပြင်​ပစ္စည်း​လေး​တွေ စာ​ဖတ်​ဖို့​ဘက်​ကို အား​ထား​ကြ​ပင်​မဲ့​လည်း အား​ကစား​ဆို​တာ​လည်း မ​မေ့​ဖို့ အရေးကြီး​ပါ​တယ်။
  7. အမှတ်တရ​လေး​တွေ​ကို လုပ်​ဖို့​မ​မေ့​ပါ​နဲ့။
    အမှတ်တရ​ကိစ္စ​လေး​တွေ​ဟာ အရေးကြီး​ပါ​တယ်။ မိသား​စု အမှတ်တရ​ဖြစ်​စေ​ဖို့ သမီး​တွေ​နဲ့​အချိန်​ကို​ပေး​ပါ။
    မွေး​နေ့​မှာ ခရီး​ထွက်​တာ​တို့၊ သောကြာနေ့​ည​မှာ ရုပ်​ရှင်​သွား​ကြည့်​တာ​တို့​လုပ်​ဖို့​သင့်​ပါ​တယ်။ ပိုက်ဆံ​အများ​ကြီး​သုံး​ပြီး အမှတ်တရ​ဖြစ်​ရန် လုပ်​ဖို့​မ​ဆိုလို​ပါ။
  8. သမီး​တွေ​ကို အပြင်​လောက​အကြောင်းက်ို​လည်း သင်​ပြ​ဖို့ မ​မေ့​ပါ​နဲ့။
    အရာ​ရာ​ဟာ ဖြစ်​ပျက်​နေ​ပြီး​တော့ ဒီ​ကိစ္စ​တွေ​ဟာ မိသား​စု​အတွင်း​မှာ​ပဲ ဖြစ်​ပျက်​နေ​တာ​မဟုတ်​ပဲ အပြင်​လောက​ကြီး​နဲ့​လည်း သက်ဆိုင်​နေ​တယ်​ဆို​တာ​ကို ရှင်း​ပြ​ဖို့ လို​အပ်​ပါ​တယ်။
  9. သမီး​ရဲ့ ပွဲ​လေး​တွေ​ကို​လည်း သွား​ရန် ဝင်​မ​လေး​ပါ​နဲ့။
    သမီး​က​ကျောင်း​ရဲ့​ပွဲ​လေး​တွေ​မှာ က​တာ​ပဲ​ဖြစ်​ဖြစ် တ​နေရာ​က​ပါဝင်​တယ်​ဆို​ရင် ဖ​ခင်​ဖြစ်​သူ​အနေ​နဲ့ ဝမ်းမြောက်​ဝမ်းသာ သွား​ကြည့်​ပေးလိုက်​ပါ။
  10. သမီး​အတွက် အခ်ျိန်​ပေး​ပါ။
    အလုပ်​တွေ ဘယ်လောက်​ပဲ​များ​များ အိမ်​ပြန်​ရောက်​ရင်​တော့ ဖုန်း​ကြည့်​ပြီး၊ TVကြည့်​ပြီး တစ်​ယောက်​တည်း​နေ​တာ​ထက် သမီး​နဲ့​လည်း စကားပြော​ဖို့​မ​မေ့​ပါ​နဲ့။
    ၁​၁. ဆံပင်​ပဲ​ဖြစ်​ဖြစ် လက်သည်း​ညှပ်​တာ​ပဲ​ဖြစ်​ဖြစ် လုပ်​ပေး​ပါ။
    ၁​၀​ဝ​မှာ ၉​၉ ကြိမ်​က မိ​ခင်​ဖြစ်​သူ​က အားလုံး​ကို လုပ်​ပေး​ပင်​မဲ့ ဖ​ခင်​ဖြစ်​သူ​က​လည်း ကူညီ​ပေး​သင့်​ပါ​တယ်။
  11. စိတ်ကောင်း​ထား​ရန် သင်ပေး​ပါ။
    ဘာသာ​ရေး​အရ​ပဲ​ဖြစ်​ဖြစ် မိသား​စု​ရယ်​လို့​ဖြစ်လာ​ပြီ​ဆို​ရင် သူ​တ​ပါး​အပေါ်​မှာ မဟုတ်​တာ​ကို မ​လုပ်​ရအောင် ဘယ်​လို​နေထိုင်​ရ​မယ်​ဆို​တာ​ကို သင်ပေး​ပါ။
  12. မ​သိ​ချင်​ယောင်​မ​ဆောင်​ပါ​နဲ့။
    သမီး​တွေ​ရဲ့ လုပ်ဆောင်​ချက်​တွေ​ကို မှား​တဲ့​အခါ ပြင်​ပေး​ဖို့​တာဝန်ရှိ​ပါ​တယ်။ မ​သိ​ချင်​ယောင် မ​ဆောင်​ပါ​နဲ့။

Credit to Chelmo Team