သမီး…..
ကိုယ်​ဒီ​တစ်​သက်​လုံး​မှာ ကိုယ်​ဘာ​ပဲ​လိုချင်​လိုချင် ကိုယ့်ကို​တိုင် ဝယ်​နိုင်​ဖို့ ကြိုးစား​ရ​ပါ​မယ်။ တစ်​ယောက္ယောက် ဝယ်​ပေး​ဖို့ ဘယ်​တော့​မှ မမျှော်​လင့်​သင့်​ပါ​ဘူး။ မ​သေချာ မ​ရေရာ​တဲ့ လောက​ကြီး​မှာ “အားကိုး​ရ​တယ်” ဆို​တာ မ​ရေရာ​ဆုံး​အထဲ​မှာ ပါ⁠ပါ​တယ်။

သမီး……

ကိုယ်​အလေး​ချိန်​လျှော့​မယ်။ ဝိတ်​လျှော့​မယ် ဆို​တာ​မျိုး စကား​အဖြစ်​ပြော​ကြည့်​တာ​ပဲ​ကောင်း​ပါ​တယ်။ သမီး​သိ​ရ​မှာ​ကျန်းမာ​ရေး​ဟာ အဓိက အကျ​ဆုံး​ပါ​ပဲ။ ဘယ်လောက်​ပဲ ပိန်​ပိန်၊ ဘယ်လောက်​ပဲ စ​လင်း​ကျ​ကျ မ​ကျန်းမာ​ရင် အလကား​ပါ​ပဲ။ လှပ​တာ​ထက် ကျက်သရေ ရှိ​တာ​က ပိုမို​တင့်တယ်​တတ်​ပါ​တယ်။ ကျက်သရေ​ရှိ​ဖို့​ဆို​ရင် အတွေး​အခေါ်​ရှိ​ဖို့​လို​အပ်​ပါ​တယ်။ အတွေး​အခေါ်​ရှိ​ဖို့ စာ​များ⁠များ​ဖတ်​ဖို့ လို​အပ်​ပါ​တယ်။ တကယ်​လို့ သမီး​က ဖက်​ရှင်​ကျ​ကျ မ​ဝတ်စား​တတ်​ဘူး ဆို​ရင် ရိုး⁠ရိုး​ရှင်း​ရှင်း ဝတ်စား​ဆင်ယင်​တာ​က ပို​ပြီး ကျက်သရေ ရှိ​တတ်​ပါ​တယ်။

သမီး……

လူ​ဆို​တာ အသက်​တစ်​ရာ မ​နေ​ရ​ပေ​မဲ့ အမူ​တစ်​ရာ​နဲ့ တွေ့​ရတတ်​တယ်​တဲ့။ လူ့​ဘဝ​မှာ တစ်​ချိန်​မဟုတ် တစ်​ချိန်⁠ချိန်​မှာ​တော့ စိတ်ညစ်​စရာ​တွေ၊ သောက​တွေ နဲ့ တွေ့​ကြုံ​တတ်​ပါ​တယ်။ သမီး​အနေ​နဲ့ အဲ​ဒီ​စိတ်ညစ်​စရာ​တွေ သောက​တွေ​ကို ကြံ့⁠ကြံ့​ခံ​နိုင်​ဖို့ အခု​ကတည်းက ကြိုးစား​ရ​ပါ​လိမ့်​မယ်။

သမီး…

ရည်​ရွယ်​ချက်​ထား​ရှိ​ပါ။ အဲ​ဒီ​ရည်​ရွယ်​ချက်​အတွက် အစွမ်း​ကုန်​ကြိုးစား​ပါ။
လူ​ဆို​တာ ကိုယ့်ကိုယ်ကို​မှ ပဲ့​မ​ကိုင်​တတ်​ရင် သူ​များ​မောင်း​နှင်​ရာ​နောက်​ကို လိုက်​ပါ​ရတတ်​ပါ​တယ်။
လူ​လှ​ခြင်း​ထက် ဘဝ​လှ​ခြင်း​က အများ​ကြီး ပို​ပြီး​အရေးကြီး​ပါ​တယ်။ ပြီး​ရင်
ရိုးသား​ပါ။ ကတိတည်​ပါ။ ဘယ်​တော့​မှ ကိုယ့်​ကတိ​ကို မ​ဖျက်​မိ​ပါ​စေ​နဲ့
ဘယ်​အခြေအနေ​ပဲ​ရောက်​ရောက် အကောင်း​ဘက်​က​နေ အမြဲ​မြင်​တတ်​အောင် ကြိုးစား​ပါ။ အခွင့်အရေး မှန်​သ​မျှ အကောင်း​မြင်​တဲ့​လူ​နောက်​ကို​ပဲ တွယ်ကပ်​လေ့​ရှိ​ပါ​တယ်။
အများ​အကြံ​အဥာဏ်​တွေ​ကို နားထောင်​တတ်​ပါ။ အဲ​ဒီ​အကြံ​အဥာဏ်​အားလုံး​ကို စစ်​ထုတ်​အသုံး​ချ​တတ်​အောင် သင်ကြား​ထား​ပါ။

သမီး……

ပျင်း​လို့၊ ငြီးငွေ့​လို့ ၊ သူငယ်ချင်း​တောင်​ရည်းစားထား​လို့ ဆို​တဲ့ အကြောင်းပြ​ချက်​တွေ​နဲ့ ရည်းစား​မ​ထား​လိုက်​ပါ​နဲ့ ။ သူငယ်ချင်း​တွေ​မြှောက်​တာ​ကို​လည်း​မ​ယုံကြည်​လိုက်​ပါ​နဲ့ ။ “ချစ်တယ်”ဆို​တဲ့ စကား​ကို လွယ်⁠လွယ်​နဲ့ မ​ပြော​မိ​ပါ​စေ​နဲ့။ ပေး​ပြီး​သား​ကတိ​ဆို​တာ ဆပ်​ဖို့​ရှိ​တဲ့ အကြွေး​နဲ့ တူ​တတ်​ပါ​တယ်။ လူ​ဆို​တာ​ကိုယ့် အပြောအဆို အပြုအမူ အားလုံး​ကို တာဝန်​ယူ​တတ်​ဖို့ သင်​ယူထား​ရ​ပါ​လိမ့်​မယ်။

သမီး…

သူငယ်ချင်း​များ⁠များ​ပေါင်း​ပါ။ သူငယ်ချင်း​ဆို​တာ နေ့​တိုင်း​ဆက်​သွယ်​နေ​ဖို့ မ​လို​အပ်​ပါ​ဘူး။ ဒါပေမဲ့ သူငယ်ချင်း​က ကိုယ့်ကို​တစ်​ခု​ခု လုပ်​ပေး​ဖို့ အကူအညီ တောင်း​လာ​ခဲ့​ရင် ကိုယ်​ပိုင်​အလုပ်​လို သဘောထား​ပြီး လုပ်​ပေး​ရ​ပါ​လိမ့်​မယ်။

သမီး…

လျို့​ဝှက်​ချက်​တွေ၊ ခံစား​ချက်​တွေ​ကို အားလုံး​ရင်​ထဲ​မှာ မ​သိမ်းဆည်း​ထား​ပါ​နဲ့ ဖေ⁠ဖေ​နဲ့ တိုင်ပင်​ပါ​လို့ ဖေ⁠ဖေ​မ​တောင်း​ဆို​ပါ​ဘူး။ ဒါပေမဲ့ မင်း​မေမေ​နဲ့​တော့ တိုင်ပင်​ပါ။ ဒါ​မှ​မဟုတ်​ရင် အကြောင်း​အရာပေါ်​မူ​တည်​ပြီး မေမေ​နဲ့​ဖေ​ဖေ မင်း တစ်​ယောက်⁠ယောက်​နဲ့ တိုင်ပင်​ဖို့ ရွေးချယ်​လို့ ရ​ပါ​တယ်။ မ​တိုင်ပင် ဘဲ နဲ့​တော့ မ​နေ​ပါ​နဲ့။

သမီး…

ဖြစ်​နိုင်​မယ်​ဆို​ရင် ခရီး​များ⁠များ​ထွက်​ပါ။ မိုင်​ပေါင်း​တစ်​ထောင်​ခရီးသွား​ခြင်း​ဟာ စာအုပ်​ပေါင်း​တစ်​ထောင်​ဖတ်​ရှု​တာ​နဲ့ တူညီ​တတ်​တယ်​လို့ ဆိုရိုးစကား​ရှိ​တယ်။ စာ​များ⁠များ​ဖတ်​ရှု​ခြင်း​ဟာ အတွေး​အခေါ်​ကို ရင့်​ကျက်​ပြည့်၀​စေ​သ​လို ခရီး​များ⁠များ​ထွက်​ခြင်း​ဟာ​လည်း အတွေး​အမြင် ကျယ်​ပြန့်​စေ​ပါ​တယ်။

Credit to >> FB >>Ref Wechat