လူ​တစ်​ယောက် စား​သောက်​ဆိုင်​တစ်​ဆိုင်​မှာ အစား​သွား​စား​တယ်။ အစားစား​နေ​ချိန်​မှာ မတော်တဆ ဇွန်း​ပြုတ်​ကျ​သွား​တယ်။ ဘေး​မှာ​ရပ်​နေ​တဲ့ စားပွဲ​ထိုး​က ချက်ချင်း​ပဲ ဘောင်းဘီ​အိတ်​ထဲ​က​နေ ဇွန်း​တစ်​ချောင်း​ထုတ်ပေး​တယ်။ ဒါ​ကို သူ​က​တ​အံ့​တ​ဩ​နဲ့ စားပွဲ​ထိုး​ကို မေး​တယ်။

“ဘာ​ဖြစ်​လို့ ဇွန်း​ကို ဘောင်းဘီ​အိတ်​ထဲ ထည့်​ထား​ရ​တာ​လဲ?”
စားပွဲ​ထိုး…….

“ကျွန်တော်​တို့​အထက်က အကြံပေး​လူကြီး​တွေ​က ကျွန်တော်​တို့​ရဲ့​အလုပ်​ကို ပို​တိုးတက်​ကောင်းမွန်​အောင်ဆို​ပြီး အပြောင်း​အလဲ လုပ်​လိုက်​တယ်။ စား​သုံး​သူ​တွေ မတော်တဆ ဇွန်း​ပြုတ်​ကျ​သွား​ရင် ကျွန်တော်​တို့ ကိုယ်ပေါ်​က​နေ ချက်ချင်း​ထုတ်ပေး​နိုင်​အောင် စီစဉ်​ထား​တယ်။ ဒီ​လို​ပြောင်းလဲ​လိုက်​တာ​နဲ့ အလုပ်​ရဲ့​တိုးတက်​နှုန်း​က ၃​၁% ရှိ​သွား​ပါ​တယ်။ ဒါ​ဟာ မီးဖို​ထဲ​ထိ ဇွန်း​သွား​ယူ​မယ့် အသွားအလာ​ချိန်​ကို သက်သာ​စေ​ပါ​တယ်”

“အင်း သိပ်​ကောင်း​တဲ့ အကြံ​ပါ​ပဲ”

ဒီ​လို​နဲ့ စား​သောက်​ပြီး​ငွေ​ရှင်း​ဖို့ ကောင်​တာ​ဆီ သူ​သွား​လိုက်​တယ်။ အဲ​ဒီ​မှာ စားပွဲ​ထိုး​တွေ​ရဲ့​ဘောင်းဘီ​ဇစ်​မှာ ကြိုး​တစ်​ချောင်း​ချိတ်​ထား​တာ​ကို သူ​တွေ့​လိုက်​တယ်။ တ​အံ့​တ​ဩ​နဲ့ သူ​မေး​ကြည့်​ပြန်​တော့ စားပွဲ​ထိုး​က…

“အကြံပေး​သူ​တွေ​က ဇစ်​မှာ​ကြိုး​ချိတ်​ထား​ခြင်း​အား​ဖြင့် ကျွန်တော်​တို့ အပေါ့​သွား​ချင်​တဲ့​အချိန် ဇစ်​ကို လက်​နဲ့​တိုက်ရိုက် ဆွဲ​ဖွင့်​စရာ​မ​လို​ဘဲ ကြိုးဆွဲ​လိုက်​ရုံ​နဲ့​ရအောင် စီစဉ်​ထား​ပေး​ပါ​တယ်။ ဒါ​ဟာ သန့်ရှင်း​မှု​ကို ပို​ဦးစားပေး​တယ်​လို့ ဆို​ပါ​တယ်”

“အင်း သိပ်​ကောင်း​တဲ့ အကြံ​ပဲ”

ငွေ​ရှင်း​ပြီး ကောင်​တာ​က သူ​လှည့်​ထွက်​ခါ​နီး​မှာ တစ်​ခု⁠ခု​ကို သူ​သတိရ​လိုက်​တယ်။ ဒီ​လို​နဲ့ စားပွဲ​ထိုး​ကို သူ​ပြန်​မေး​လိုက်​တယ်။

“ဒါ​နဲ့.. အပေါ့​သွား​ပြီး မင်း​တို့​ရဲ့ ဟို​ဒင်း​ကို လက်မ​သုံး​ဘဲ ဘောင်းဘီ​ထဲ ဘယ်​လို​ပြန်​ထည့်​သလဲ?”

“တခြား​လူ​တော့ မ​ပြော​တတ်​ဘူး.. ကျွန်တော်​ကတော့ ဇွန်း​နဲ့​ပဲ သုံး​လိုက်​တယ်”

……..

ရီ​မော​နိုင်​ကြ​ပါ​စေ…

Credit to Nine Nine Sanay