အမျိုးသမီး​တစ်​ဦး​ဟာ လမ်း​တွေပေါ်​မှာ သူမ​နဲ့ မ​သိ​တဲ့ သူစိမ်း အမျိုးသား အယောက် ၁​၀​၀ ကို သူမ​နဲ့ အတူ ချစ်​တင်း​နှီးနှော​ဖို့​အတွက် လိုက်လံ မေးမြန်း​ခဲ့​ပါ​တယ်။

အမှန်​တစ်​ကယ်​ကတော့ whatever.com ဆို​တဲ့ ဝက်ဘ်​ဆိုက်​တစ်​ခု​က လုပ်​နေ​တဲ့ လူ​မှု​အတွေ့​အကြုံ စစ်ဆေး​မှု တစ်​ခု​သာ​ဖြစ်​ပါ​တယ်။ အရင်​တစ်​ခေါက်​က​လည်း အမျိုးသား​တစ်​ယောက်​က အမျိုးသမီး အယောက် ၁​၀​၀ ကို သူ​နဲ့ ချစ်​တင်း​နှီးနှော​ဖို့ လိုက်လံ မေးမြန်း​ခဲ့​ရာ​မှာ အမျိုးသမီး အယောက် ၁​၀​၀ လုံး​က သူ့​ကို ငြင်း​ဆို​ခဲ့​ကြ​ပါ​တယ်။

အခု​တစ်​ခေါက်​မှာ​တော့ Andrea Wendel ဆို​သူ အမျိုးသမီး​ဟာ အမျိုးသား အယောက် ၁​၀​၀ ကို သူမ​နဲ့ အတူ ချစ်​တင်း​နှီးနှော​ဖို့ လိုက်လံ မေးမြန်း​ခဲ့​ရာ​မှာ​တော့ အချို့​ကတော့ သူ​တို့​ဟာ ချစ်​သူ​ရှိ​ပြီး​သား​ဖြစ်​တဲ့​အတွက် ငြင်း​ဆို​ခဲ့​ကြ​ပေ​မယ့် အချို့​တော့ စိတ်​အား​ထက်သန်​နေ​တာ​ကို တွေ့​ခဲ့​ရ​ပါ​တယ်။

အမျိုးသား အယောက် ၇​၀ က Andrea နဲ့ ချစ်​တင်း​နှီးနှော​ဖို့​ကြိုးစား​ခဲ့​ပေ​မယ့် ကျန်​တဲ့ အမျိုးသား ၃​၀ က တော့ Andrea ကို ခေါ်​ဆောင်သွား​ဖို့ ကြိုးစား​ခဲ့​တယ်​လို့ သိ​ရ​ပါ​တယ်။ ထို​မေးမြန်း​မှု​ကို ရိုက်​ကူး​ထား​တဲ့ ဗီ​ဒီ​ယို ဟာ whatever.com ရဲ့ YouTube ပေါ် တင်​ပို့​ခဲ့​မှု​ကြောင့် ကြည့်​ရှု​သူ ၃.၇ သန်း​ထိ ရှိ​ခဲ့​ပါ​တယ်။

Credit to Trend Myanmar