အီ​တ​လီ​နိုင်ငံ​က အမျိုးသမီး​သူနာ​ပြု​ဆရာ​မ​တစ်​ယောက်​က သူမ​ရဲ့​သူနာ​ပြု လုပ်​ငန်း​ဆောင်​တာ​ထမ်း​ဆောင်​ချိန်​အတွင်း ကြပ်မတ်​ကု​သ​ပေး​နေ​ရ​တဲ့ လူ​နာ ၃​၈ ဦး​ကို ဆေး​ထိုး​ပြီး​သတ်​ခဲ့​တဲ့​အတွက် ဖမ်းဆီး​ခံ​ခဲ့​ရ​တယ်​လို့​သိ​ရ ပါ​တယ်။
အသက် ၄​၂ နှစ်​အရွယ်​ရှိ​တဲ့ ဒန်​နီလာ ပေါ်​ဂျီ​လီ သူမ​က နတ်စ်​မ​အလုပ်​ကို နှစ်​ပေါင်း​အတော်​ကြာ တာဝန်​ထမ်း​ဆောင်ခဲ့​ပြီး အလုပ်​အပေါ်​ငြီးငွေ့​လာ​ပြီး လူ​နာ​တွေ​ရဲ့​ဝေယာဝစ္စ​လုပ်​ရ​တာ​ကို အမုန်း​ဆုံး​အလုပ်​ဖြစ်လာ​တဲ့​အတွက် ပြန်လည်​ကျန်းမာ​လာ​ဖို့​လုပ်​မယ့်​အစား မြန်⁠မြန်​သေ​သွား​စေ​ဖို့​ပဲ ရည်​ရွယ် ကာ​လူ​နာ​တွေ​ကို ဓာတ်​မ​တည့်​တဲ့ ဆေးဝါး ပို​တက်​စီ​ယမ် ထိုး​ဆေး​တွေ​ကို ထိုး​ပြီး သတ်​ခဲ့​တာ​ဖြစ်​တယ်​လို့ ဝန်ခံ​ထား​ပါ​တယ်။
ပြီး​ခဲ့​တဲ့​ရက်​အနည်းငယ်​က အသက် ၇​၈ နှစ်​အရွယ် အမျိုးသမီး​ကြီး​တစ်​ဦး ကို​ပြုစု​ပေး​နေ​စဉ်​အတွင်း ရုတ်​တရက်​သေ​ဆုံး​သွား​ခဲ့​သ​ဖြင့် ဆေး​ရုံ​မှ လူသေ စစ်ဆေး​ချက်​ပြုလုပ်​ခဲ့​ချိန် လူသေ​ခန္ဓာ​ကိုယ်​အတွင်း ပို​တက်​စီ​ယမ်​ဓာတ် သတ္တု​ပမာဏ​များ​စွာ​ပျံ့နှံ့​နေ​တာ​ကို စစ်ဆေး​တွေ့​ရှိ​သွား​ခဲ့​ပါ​တယ်။ ယင်းမ သင်္ကာ​မှု​ဖြင့် သူမ​ပြုစု​ခဲ့​တဲ့ သေ​ပြီး​သား​လူ​နာ​တွေ​ကို​လည်း စစ်ဆေး​ခဲ့​ရာ အ လား​တူ​ဖြစ်​ရပ်​မျိုး​လူ​နာ ၃​၈ ဦး​ကို ရက်​သတ္တ​ပတ်​တစ်​ပတ်​အတွင်း​သတ်​ပစ်​ခဲ့ တာ​ကို တွေ့​ရှိ​ခဲ့​ပါ​တယ်။

Credit to Phothutaw