Slint တီး​ဝိုင်း​ရဲ့ ဂစ်​တာ​သမား တစ်​ယောက်​ဖြစ်​တဲ့ David Pajo ဟာ သော​ကြာၤ​နေ့​မနက်​ပိုင်း​က အင်​တာ​နက်​မှာ သေ​ကြောင်း​ကြံစည်​ခြင်း မှတ်စု​တစ်​ခု​ကို တင်​ထားခဲ့​ပြီး မိသား​စု​ဝင်​တွေ ၊ သူငယ်ချင်း​တွေ​နဲ့ ပ​ရီတ်​သတ်​တွေ​ကို တုန်လှုပ်​စေ​ခဲ့​ပါ​တယ်။

သို့သော်​လည်း နာရီ​ပိုင်း​အကြာ​မှာ​ပဲ ဆေး​ရုံ​မှာ လက်မ​ထောင်ထား​တဲ့ ဓါတ်​ပုံ​နဲ့​အတူ ပြန်လည် ကောင်းမွန်​သွား​ပြီ​ဖြစ်​တယ်​လို့ ရေးသား​ခဲ့​ပါ​သေး​တယ်။

Pajo ဟာ သူ့​ရဲ့ Instagram မှာ www.pinkhollers.blogspot.com ဆို​တဲ့ ဝက်ဘ်​ဆိုက်​မှာ သေ​ကြောင်း​ကြံစည်​ခြင်း မှတ်တမ်း​ကို ဖတ်​နိုင်​မယ်​လို့ ဝေမျှ​ခဲ့​ပြီး ထို​ဝက်ဘ်​ဆိုက်​မှာ​တော့ Pajo ဟာ သူ့​မိန်းမ​နဲ့ ကလေး​တွေ​ကို မ​ခွဲ​နိုင်​တဲ့​အကြောင်း​တွေ​ရေးသား​ခဲ့​ပြီး သူ​အရမ်း အထီးကျန်​နေ​ရ​တဲ​ပ အကြောင်း​တွေ​ကို ရေးသား​ထား​ပါ​တယ်။

Pajo ရဲ့ မိ​ခင်​ကတော့ သု​မ​ရဲ့ သား​ဟာ သေ​ကြောင်း​ကြံ​ခဲ့​ပေ​မယ့် အခု​ချိန်​မှာ​တော့​ဆေး​ရုံ​ကို ရောက်​ရှိ​နေ​ပြီ ဖြစ်​ပြီး မ​ကြာ​ခင်​ကောင်းမွန်​လာ​မယ်​လို့ မျှော်လင့်​ရ​ကြောင်း ဆို​ပါ​တယ်။ Pajo ဟာ Alternative Rock ဂီ​တ ပညာ​ရှင်​တစ်​ယောက်​ဖြစ်​ပြီး Slint , Interpol , Tortoise , King Kong , Zwan နဲ့ the Yeah Yeah Yeahs တို့ မှာ​လည်း ဂစ်​တာ​သမား တစ်​ယောက် အဖြစ် ပါဝင်​ခဲ့​တယ်​လို့ သိ​ရ​ပါ​တယ်။

Credit to Trend Myanmar