ဒီ ဓာတ်​ပုံ ဟာ ဟား​ဗတ် တက္ကသိုလ် စာကြည့်​တိုက် ရဲ့ နံနက် ၄ နာရီ ပါ။ တော်တော် လေး​ေ ကာင်း လို့ ဘာသာ ပြန်​ပေး လိုက် တာ​ပါ။ အောင်မြင် မှု ရ​ရှိ​ခဲ့​သူ တွေ ရဲ့ နောက်​ကွယ်​မှာ ဘယ​္ေ လာက်​ထိ ကြိူး​စား အားထုတ် ခဲ့​ရ​တာ ရှိ​သလဲ ဆို​တာ​ကို ဒါ​လေး က​သက်သေ ပြ နေ ပါ​တယ်။ ဟား​ဗတ် တက္ကသိုလ် က ဆရာ တွေ ပြော​ပြ လေ့ ရှိ​တာ ကတော့ သင့် ဘဝ​မှာ စိတ်​တိုင်း ကျ ဖို့​နဲ့ ကောင်း​တဲ့ ဝေဖန်​မှု ရ​ချင် ရင်​တော့ ဟား​ဗတ် တက္ကသိုလ် မှာ ပညာသင် နေ​တဲ့ အချိန် နေ​ေ ရာင် နဲ့ ထိ​တွေ့​ဖို့ အချိန် မ​ရှိ​ဘူး။ ကမ္ဘာ့ ထိပ်​ဆုံး ကျောင်း တစ်​ကျောင်း အနေ​နဲ့ ဟား​ဗတ် က နာ မည်​ကြီး ပုဂ္ဂိုလ် တွေ အများ​ကြီး မွေး​ထုတ် ပေး​ခဲ့ တယ်။

အဲ့​ထဲ​မှာ နို​ဘယ်လ် ဆု​ရှင် ၃​၃ ဦး၊ အမေ​ရိ​ကန် သမ္မတ ၇ ဦး နဲ့ နယ်ပယ် အသီး​သီး က ထူးချွန် ထက်​မြတ်​သူ​တွေ ပါ​တယ်။ ဘာ​ကြောင့် ဟား​ဗတ် ဟာ သူ​တို့​ရဲ့ မွေး​ရပ် ဇာတိ ဖြစ်​နေ တာ​လဲ။ ဟား​ဗတ် ကျောင်းသား တွေ ဟာ ဘယ်​လို စိတ်​ဓာတ် နဲ့ တွေးခေါ်​မှု တွေ​ကို ရ​ရှိ​ခဲ့ ကြ တာ​လဲ။ ဒီ အဖြေ ကို လူ​ပေါင်း များ​စွာ လိုက်​ရှာ နေ​ကြ တယ်။ ဟား​ဗတ် တက္ကသိုလ် ရဲ့ စာကြည့်​တိုက် နံရံ မှာ ရေးထား တဲ့ ဆုံးမ​စာ လေး ကတော့ အဖြေ​ပေး ပါ လိမ့်​မယ်။ တိုတောင်း တဲ့ စာသား​လေး တွေ ဟာ လေးနက် တဲ့ တွေးခေါ်​မှု တွေ ပေး​ပြီး စိတ်​ဓာတ် တက်​ကြွ စေ​တယ်။

ဟား​ဗတ် တက္ကသိုလ် ရဲ့ စာကြည့် တိုက် နံ​ရံပေါ် က အချက် ၂​၀ ဆုံးမ စာ ကတော့ –

( ၁ ) ဒီ​အချိန် မှာ အိပ်​ငိုက် နေ​လျှင် မင်း အိပ်မက် မက် လိမ့်​မည်။ ဒီ အချိန်​မှာ ကြိုးစား လျှင် မင်း​အိပ်မက် အကောင် အထည် ဖော်​နိုင် မည်။
( ၂ ) ငါ လစ်​လျှူ ခဲ့​သော ယနေ့ သည် မနေ့​က နောက်​ရက် တွင် ပျက်စီး လို​သော သူ ၏ ဆုတောင်း​ခြင်း ပင်။
( ၃ ) အချိန် နှောင်း​ပြီ ဟု ထင်​လိုက် သော အချိန်​သည် အစော​ဆုံး အချိန် ပင် ဖြစ်​သည်။
( ၄ ) ယနေ့ အလုပ် ကို နောက်​နေ့ အထိ မ​ဆွဲ​ပါ​နှင့်။
( ၅ ) စာ ကြိုးစား ချိန် ပင်ပန်း တာ​ဟာ တ​ခဏ​ပါ။ မ​ကြိုးစား လိုက်​ပါ​မှ တ​သက် တာ ပင်ပန်း​မှာ။
( ၆ ) သင်​ယူ တာ​ဟာ အချိန် မ​ရှိ​တာ မဟုတ်​ဘူး။ ကြိုးစား အားထုတ်​မှု မ​ရှိ​တာ​ပါ။
( ၇ ) စိတ်​ချမ်းသာ​မှု ဟာ အဆင့် သတ်​မှတ် ထား​တာ ရှိ​ချင်​မှ ရှိ​လိမ့်​မည်။ အောင်မြင်​မှု မှာ​တော့ ရှိ​တယ်။
( ၈ ) သင်​ယူ တာ​ဟာ လူ့ ဘဝ​ရဲ့ အားလုံး မဟုတ်​ပါ။ လူ့ ဘဝ​ရဲ့ တစ်​စိတ် တစ်​ပိုင်း လေး ကို​တောင် မှ မ​အောင်မြင် နိုင်​ဘူး ဆို​ရင် ဘာ​လုပ် နိုင်​ဦး မှာ​လဲ။
( ၉ ) မ​ရှောင်​ဖယ် နိုင်​တဲ့ ပင်ပန်း ဆင်းရဲ​မှု များ​ကို ခံစား​ပါ။
( ၁​၀ ) သူ​များ​ထက် ပို​စော၊ ပို ကြိုးစား နိုင်​မှ အောင်မြင်​မှု အရသာ ကို ခံစား​ရ​မှာ။
( ၁​၁ ) ဘယ်​သူ​မှ လွယ်​လွယ် ကူ​ကူ နဲ့ မ​အောင်မြင် နိုင်​ဘူး၊ ဒါ​ဟာ ကိုယ့်​ရဲ့ ပြည့်စုံ​သော ပင်ကိုယ် ထိန်း နိုင်​စွမ်းအား နှင့် မ​လျှော့ သော ဇွဲ လုံ့လ​တို့​မှ ရ​ရှိ လာ​တာ။
( ၁​၂ ) အချိန် ဟာ အမြဲ​တမ်း ကုန်​ဆုံး နေ​တယ်။
( ၁​၃ ) ဒီ​နေ့ ယို​သော သား​ရည် သည် နောက်​နေ့ ၏ မျက်ရည် ဖြစ်​လိမ့်​မည်။
( ၁​၄ ) ခွေး​လို သင် လူကြီး လူကောင်း လို ကစား​ပါ။
( ၁​၅ ) ဒီ​နေ့ မ​သွား လျှင် နောက်​နေ့ ပြေး​ရ​လိမ့်​မည်။
( ၁​၆ ) အနာဂတ် ကို ရင်​နှီး မြုပ်​နှံ နေ​တဲ့ သူ​ဟာ ယခု​လက်တွေ့ ကို သစ္စာ ရှိ​သူ​ပါ။
( ၁​၇ ) ပညာ​ရည် အဆင့်​အတန်း ဟာ ဝင်ငွေ အဆင့် အတန်း ကို ကိုယ်စား ပြု​တယ်။
( ၁​၈ ) တ​နေ့​တာ ကုန်​ဆုံး​သွား လျှင် ပြန်​မ​လာ တော့​ပါ။
( ၁​၉ ) အခု တောင်​မှ သင် ၏ ပြိုင်​ဖက် သည် စာ​ရွက် ကို အဆက်​မ​ပျက် လှန်​နေ​ပြီ။
( ၂​၀ ) အကျပ် အတည်း အခက်​အခဲ မ​ရှိ​လျှင် အကျိုး အမြတ် မ​ရ နိုင်​ပါ။

Credit to နေ​လင်း​အောင်