၂​၀-၈​၀ နိ​ယာ​မ

လူ​တွေ​မှာ ၂​၀% က လည်ပင်း​အထက်​ပိုင်း​နဲ့​ပိုက်ဆံ​ရှာ​တယ်၊ ၈​၀% က လည်ပင်း​အောက်​ပိုင်း​နဲ့ ပိုက်ဆံ​ရှာ​တယ်။ ၂​၀% က အချိန်​ဝယ်​တယ်၊ ၈​၀% က အချိန်​ရောင်း​တယ်။ ၂​၀% က လုပ်​ငန်း​ကိုင်​ငန်း​ကြီး​တွေ လုပ်​တယ်၊ ၈​၀% က အလုပ်​လုပ်​တယ်။ ၂​၀% က အနာဂတ်​အတွက် အစီ​အစဉ်​ချ​တယ်၊ ၈​၀% က အိပ်​ယာ​ထ​မှ ဒီ​နေ့​ဘာ​လုပ်​မယ်​ဆို​တာ စဉ်းစား​တယ်။ ၂​၀% က ကိုယ့်ကို​ကိုယ် ပြောင်းလဲ​တယ်၊ ၈​၀% က ပတ်ဝန်းကျင်​ကို ပြောင်းလဲ​ပစ်​တယ်။ ၂​၀% က ဥစ္စာ​ကြွယ်​ဝ​တယ်၊ ၈​၀% က ဆင်းရဲ​တယ်။ မင်း ၂​၀% လုပ်​မ​လား၊ ၈​၀% လုပ်​မ​လား။

တတိယ ၈ နာရီ

ဘုရားသခင်​က လူ​တိုင်း​လူ​တိုင်း​ကို တစ်​ရက်​မှာ ၈ နာရီ​စာ အပိုင်းအခြား​သုံး​ခု​စီ မျှ​မျှတ​တ​ပေး​ထား​တယ်။ ပထမ ၈ နာရီ​မှာ လူ​တွေ​အလုပ်​လုပ်​ကြ​တယ်၊ ဒုတိယ ၈ နာရီ​မှာ လူ​တွေ​အိပ်​ကြ​တယ်။ လူ​တစ်​ယောက်​နဲ့​တစ်​ယောက်​ရဲ့ ကွဲပြား​ခြား​နား​ချက်​တွေ​ကို များ​သော​အား​ဖြင့် တတိယ ၈ နာရီ​က​နေ ဖန်တီး​ခဲ့​ကြ​တာ​ပဲ။

လမ်း​နှစ်​လမ်း

လူ​တိုင်း​မှာ လျှောက်​စရာ​လမ်း​နှစ်​လမ်း​ရှိ​တယ်၊ တစ်​လမ်း​က​လျှောက်​ကို​လျှောက်​ရ​မယ့်​လမ်း၊ နောက်​တစ်​လမ်း​က ကိုယ်​လျှောက်​ချင်​တဲ့​လမ်း။ မ​လျှောက်​မ​နေ လျှောက်​ကို​လျှောက်​ရ​မယ့်​လမ်း​ကို လှ​လှပ​ပ​လျှောက်​ပြီး​မှ ကိုယ်​လျှောက်​ချင်​တဲ့​လမ်း​ကို လျှောက်​လို့​ရ​ပါ​လိမ့်​မယ်။

တ​ခါ​သုံး​ယုံကြည်​မှု

ယုံကြည်​မှု​ဆို​တာ စာ​ရွက်​တစ်​ရွက်​လို​ပဲ၊ ကြေ​သွား​ပြီ​ဆို​တာ​နဲ့ ဘယ်​လို​ပဲ​ဖြန့်​ဖြန့် န​ဂို​အတိုင်း​ပြန်​မ​ဖြစ်​တော့​ဘူး။

နောင်တ

နောက် အနှစ် ၂​၀ ကြာ​သွား​တဲ့​အခါ မင်းကို​ပို​ပြီး​စိတ်ပျက်​စေ​မှာ​က မင်းလုပ်​ခဲ့​တဲ့ ကိစ္စ​တွေ​မဟုတ်​ဘူး၊ မင်း​မ​လုပ်​လိုက်​ရ​တဲ့​ကိစ္စ​တွေ​ပဲ။

နေရာ

အအေး​တစ်​ပုလင်း​ကို လမ်း​ဘေး​ဆိုင်​မှာ ၁​၀ နဲ့​ရောင်း​တယ်၊ ဟိုတယ်​မှာ ၃​၀ နဲ့​ရောင်း​တယ်။ လူ​တစ်​ယောက်​ရဲ့​တန်​ဘိုး​ဟာ​လည်း သူ​ရောက်​နေ​တဲ့​နေ​ရာပေါ်​မှာ​ပဲ​မူ​တည်​တယ်။

သမာဓိ

စကား​တစ်​ခွန်း မ​ပြော​သေး​ခင်​မှာ မင်း​ဟာ​အဲ​ဒီ​စကား​ရဲ့​အရှင်​သခင်​ပဲ၊ ပြော​လိုက်​ပြီ​ဆို​ရင်​တော့ မင်း​ဟာ​သူ့​ရဲ့​ကျွန်​ဖြစ်​သွား​ပြီ။

ရွေးချယ်​မှု

နောက်ဆုံး​တော့​လည်း မင်း​ဘာ​ကို​ယုံ​ရင်​ဘာ​ဖြစ်​တာ​ပဲ။ ဘာ​လို့​လဲဆို​တော့ ဒီ​ကမ္ဘာပေါ်​မှာ ကြောက်​စရာ​အကောင်း​ဆုံး ဝေါဟာရ နှစ်​ခု​ရှိ​တယ်၊ တစ်​ခု​က ခေါင်းမာ​တာ၊ နောက်​တစ်​ခု​က ကြိုးစား​တာ။ ကြိုးစား​တဲ့​ကောင်​က သူ့​ကို​သူ​ပြောင်းလဲ​ပစ်​တယ်၊ ခေါင်းမာ​တဲ့​ကောင်​က သူ့​ကံ​ကို​သူ​ပြောင်းလဲ​ပစ်​တယ်။

မ​နာလို​ခြင်း​နှင့် အားကျ​ခြင်း

သူ​များ​တွေ​ထက်​မ​ဆို​စ​လောက် သာ​တဲ့​အခါ မင်းကို​မ​နာလို​ဖြစ်​ကြ​လိမ့်​မယ်။ သူ​တို့​တွေ​ထက်​အဆ​ပေါင်း​များ​စွာ သာ​သွား​တဲ့​အခါ မင်းကို​အားကျ​ကြ​လိမ့်​မယ်။

နောက်ဆုံး​အပြုံး

ဘယ်​သူ့​ကို​မှ​မ​ယှဉ်​နိုင်​ဘူး​လို့​ထင်​တဲ့​အခါ အား​မ​ငယ်​ပါ​နဲ့၊ မင်း​ဟာ​သာမန်​လူ​တစ်​ယောက်​ဆို​တာ​လည်း သတိရ​ပါ။ သူ​များ​တကာ​ရယ်မော​နေ​တာ​တွေ့​ရင်​လည်း တ​ကမ္ဘာ​လုံး​မှာ မင်း​တစ်​ယောက်​တည်း ဝမ်းနည်း​ပူဆွေး​နေ​တယ်​မ​ထင်​ပါ​နဲ့၊ တကယ်​တော့ သူ​များ​တွေ​က မင်း​ထက်​ပို​ပြီး ဟန်လုပ်​တတ်​လို့​ပဲ။ အကူအညီ​မဲ့​နေ​တဲ့​အခါ မင်း​ငို​ချင်​ငို​လိုက်​ပါ၊ သို့သော် ငို​ပြီး​ရင်​တော့ ပြန်​ပြီး​နိုးကြား​တက်​ကြွလာ​ရ​မယ်၊ အရာ​ရာ​ကို​လက်လွှတ်​ဆုံးရှုံး​ပ​စေ​ဦး​တော့၊ မင်း​ရဲ့​အပြုံး​လေး​ကို​တော့ ရှုံး​မ​သွား​ပါ​စေ​နဲ့။

ပူပင်​သောက

လူ​တစ်​ယောက်​ရဲ့ ပူပင်​သောက​တွေ​က​နေ သူ့​ရဲ့​စိတ်​နေ​သဘောထား အတိုင်း​အဆ​နဲ့ အနာဂတ်​အောင်မြင်​မှု​ရဲ့ အတိမ်​အနက်​ကို မှန်း​ဆ​လို့​ရ​တယ်။ တ​နည်း​အား​ဖြင့်၊ ပြဿနာ​အသေး​လေး​တွေ​ဟာ အချိန်ကုန်​ခံ​ပြီး ပူပန်​နေ​စရာ​မ​လို​ဘူး၊ တ​ကယ့်​ကြီးမား​တဲ့ ကိစ္စ​တွေ​ကျ​ပြန်​တော့ ပူ​နေ​ရုံ​နဲ့​လည်း အကျိုး​မ​ရှိ​ဘူး။ အချိန်​တို⁠တို​နဲ့ ပြဿနာ​ဖြေ​ရှင်း​နိုင်​စွမ်း​ရှိ​ရင် အရာ​ရာ​တိုင်း​ဟာ မိုး​တွေ​ထန်​ပြီး​တဲ့​နောက် ပွင့်လင်း​သွား​တဲ့ ရာသီ​ဥတု​လို သာယာ​နေ​မှာ​ပါ​ပဲ။

အောင်မြင်​မှု​နှင့် တိုးတက်​မှု

မင်း​မ​အောင်မြင်​လို့​ရ​တယ်၊ သို့သော်​မ​တိုးတက်​လို့​မ​ရ​ဘူး။ မင်း​ရဲ့​အောင်မြင်​မှု​ကို​က​ဖျက်​က​ယက်​လုပ်​မယ့်​သူ​တွေ ရှိ​ကောင်း​ရှိ​လိမ့်​မယ်၊ ဒါပေမဲ့ မင်း​တိုးတက်​တာ​ကို​တော့ ဘယ်​သူ​မှ​ကာဆီး⁠ကာဆီး​လုပ်​မှာ​မဟုတ်​ဘူး။

ဖိ​အား​နှင့် တွန်း​အား

အပြင်​က​သက်ရောက်​တဲ့​အား​ကြောင့် ကွဲ​သွား​တဲ့​ကြက်ဥ​ဟာ အစာ​တစ်​လုပ်​ဖြစ်​သွား​ပေ​မယ့် အတွင်း​က​နေ​ရုန်း​ထွက်​လာ​တဲ့​အား​ကြောင့် ကွဲ​သွား​တဲ့​ကြက်ဥ​ကျ​တော့ အသက်​တစ်​ချောင်း ဖြစ်လာ​စေ​တယ်။ လူ့​ဘဝ​ဆို​တာ​လည်း​အဲ​လို​ပါ​ပဲ၊ အပြင်​က​လာ​တဲ့​အား​တွေ​က ဖိ​အား​တွေ​ဖြစ်​ပြီး အတွင်း​က​နေ ဖြစ်​တည်​လာ​တဲ့​အား​တွေ​က ကြီးပြင်း​ရှင်​သန်​မှု​ပါ။ ပြင်​ပ​က​အား​တွေ​နဲ့ အခွဲ​ခံ​ဖို့​ပဲ ထိုင်​စောင့်​နေ​လို့​ရှိ​ရင် သင်​ဟာ သူ​များ​ရဲ့​အစာ​တ​နပ် ဖြစ်​သွား​မှာ​မ​လွဲ​ပါ​ဘူး။ ကိုယ့်​အား​ကိုယ်​ကိုး​ပြီး အတွင်း​က​နေ ဖောက်​ထွက်​နိုင်​ရင်​တော့ ကိုယ့်​ရဲ့​ရှင်​သန်​ကြီးပြင်း​ခြင်း​ဟာ အသက်​တစ်​ချောင်း အသစ်​တ​ဖန် ပြန်လည်​မွေး​ဖွား​လာ​တာ​နဲ့ တူ​တယ်​ဆို​တာ တွေ့​ရ​ပါ​လိမ့်​မယ်။

Credit to