ဟောင်​ကောင်​မှ နောက်ဆုံး​သတ်​မှတ်ထား​ချိန်​တွင် ဈေး​ဝယ်​ထွက်​ခဲ့​သူ များ Last Minute Shopper သည် ဗုဒ္ဓဟူးနေ့ နေ့လယ်​ပိုင်း​တွင် ပျော်​ရွှင် စရာ​ဖြစ်​ရပ် တစ်​ခု​နှင့် ကြုံတွေ့​ခဲ့​ရ​သည်။

ဟောင်​ကောင်​မြို့​၏ ဝမ်​ချိုင်​ခ​ရိုင်​မှ ခ​လု​စ​တာလမ်း​တွင် ဖြတ်​သွား​သော ငွေ​သယ်​ဗင်​ကားပေါ်​မှ ပိုက်ဆံ​များ​ကားပေါ်​မှ​ထွက်​ကျ​ကာ လမ်း​တစ်​လျှောက် ပြန့်​ကျဲ​နေ​ခဲ့​ပြီး ထို​ပိုက်ဆံ​များ​ကို အလုအယက် ကုန်း​ကောက်​နေ​သော လမ်း​သွား လမ်း​လာ​ယာဉ်​မောင်း​များ၊ လမ်း လျှောက်သူ​များ​ကို ဗီ​ဒီ​ယို​မှတ်တမ်း များ​တွင် တွေ့​ရ​မည်​ဖြစ်​သည်။

ထို​လူ များ​သည် ရဲ​များ ရောက်​မ​လာ​ခင် အထိ ပြန့်​ကျဲ​နေ​သော ပိုက်ဆံ​များ ကို စိတ်​ကြိုက် ကောက်ယူ​ခဲ့​ပြီး ယင်း က ၎င်း​တို့​အတွက် ခ​ရစ္စ​မတ်​လက် ဆောင်​တစ်​ခု​ပင် ထင်​ရ​သည်။

ပိုက်ဆံ​များ​ထွက်​ကျ​ခဲ့​ရာ ဗင် ကား​သည် ငွေ​ကြေး​သယ်ယူ​ပို့ဆောင် မှု​ကို​ပြုလုပ်​သည့် ဒေသ​တွင်း​လုံခြုံ ရေး​ကုမ္ပဏီ G4S ပိုင် ကား​ဖြစ်​ပြီး ကားပေါ်​ပါ ငွေ​သေတ္တာ​သုံး​လုံး ပြုတ် ကျ​ခဲ့​မှု​ကြောင့် ဟောင်​ကောင်ဒေါ် လာ ၁​၅ ဒသမ ၂​၃​သန်း(ကန်ဒေါ် လာ နှစ်​သန်း​ခန့်)တန်ဖိုး​ရှိ ပိုက်ဆံ​များ ဆုံးရှုံး​ခဲ့​ရ​ခြင်း​ဖြစ်​သည်။

ယင်း​ကြောင့် ရဲ​တပ်ဖွဲ့​က ပြုတ်​ကျ​ခဲ့​သော ပိုက်ဆံ များ​ကို​ယူထား​လျှင် ပြန်လာ​ပေး​ကြ ရန်​နှင့် မ​ပေး​လျှင် ခိုးမှု​နှင့် တရား​စွဲ ခံ​ရ​မည်​ဟု ကြေညာ​ခဲ့​ရ​ပြီး ထိုသို့​ကြေ ညာ​ပြီး ကြာသပတေးနေ့​တွင် ပျောက် ဆုံး​ခဲ့​သော​ပိုက်ဆံ​များ​မှ ဟောင် ကောင်ဒေါ်​လာ ၃ ဒသမ ၆​သန်း (ကန်ဒေါ်​လာ သန်း​ဝက်) ခန့်​ကို ပြန် ရ​သည်​ဟု သိ​ရ​သည်။

ဟောင်​ကောင်​မီ​ဒီ​ယာ​များ​၏ အဆို​အရ ထိုသို့​လုံခြုံ​ရေးကော်​မ​တီ ၏​ပိုက်ဆံ​များ ပြုတ်​ကျ​ရ​ခြင်း​သည် ဗင်​ကား​တံခါး​ကြောင့်​ဟု ရေးသား ကြသော်​လည်း ကုမ္ပဏီ​ဘက်​က တစ် စုံ​တစ်​ရာ မှတ်ချက်​ပေး​ပြော​ကြား ခြင်း​မ​ရှိ​ပေ။