ထူးခြား​ခမ်းနား​စွာ ပြုလုပ်​ကျင်းပ​မယ့်​၂​၀​၁​၃ အကယ်​ဒ​မီ​ဆု​ေ​ပေး​ပွဲ​အတွက် ရွှေ​ကြို​အဖြစ် ရွေးချယ်​ခံထား​ရ​သူ​တွေ​အနက် အမ​ရာ​ငြိမ်း​ရဲ့ ရင်ခုန်​သံ​တစ်​ချို့​ကို မေးမြန်း​ကြည့်​လိုက်​တော့ “ခု​လို အပြောင်း​အလဲ​တွေ အများ​ကြီး​နဲ့ တွေ့​ရ​မဲ့ ၂​၀​၁​၃ အကယ်​ဒ​မီ​မှာ ပါဝင်​ခွင့်​ရ​တဲ့​တွက် အတိုင်း​မ​သိ ပျော်​ရွှင်​မိ​ပါ​တယ်။ မျှော်​လဲမျှော်​လင့်​မ​ထား​ပါ​ဘူး။ အရမ်း​လဲ ကျေနပ်​ပါ​တယ်။ ညီမ​ဖက်ကတော့ အတတ်​နိုင်​ဆုံး အကောင်း​ဆုံး​ဖြစ်​အောင် ကြိုးစား​သွား​မှာ​ပါ။ အဓိက ဒီ​နှစ်​ရွှေ​ကြို​မှာ ဝင်​လျှောက်​ဖြစ်​တာ​က ညီမ​သရုပ်ဆောင်​ဖက်​ကို ခြေ​ဦး​လှည့်​ချင်​လို့​ပါ။ အခု​ချိန်​လက်​ရှိ​မှာ မော်​ဒယ် တစ်​ယောက်​အနေ​နဲ့ လှုပ်ရှား​နေ​ပါ​တယ်။ အကယ်​ဒ​မီ​ရွှေ​ကြို​မှာ ပါဝင်​ခွင့်​ရ​တဲ့​တွက် သရုပ်ဆောင် လောက​မှာ လျှောက်​လှမ်း​ဖို့ အခွင့်အရေး​ရ​တယ်​လို့ မြင်​မိ​ပါ​တယ်။ ဝတ်​မှာ​က ကျောက်စိမ်း​ရောင်​ပါ။ ကို​လင်း​မြတ်​နဲ့​တွဲ​ပေး​ရ​မှာ​ပါ” လို့ သူမ​က ဆို​ပါ​တယ်။

Credit to Trend Myanmar