အင်ဒို​နီး​ရှား​နိုင်ငံ​ရဲ့ သမ္မတ​အသစ် Joko Widodo ရဲ့ သမီး​ဖြစ်​သူ​က ပုံ​မှန် ကျင်းပ​လေ့​ရှိ​တဲ့ အစိုးရ ဝန်​ထမ်း အလုပ် အတွက် စစ်ဆေး​တဲ့ စာ​မေး​ပွဲ​ကို သာမန်​နိုင်ငံသား တ​ယောက် နည်းတူ ဝင်​ရောက်​ဖြေ​ဆို​ခဲ့​ပါ​တယ်။ ပုံ​မှန် အား​ဖြင့် နိုင်ငံ​ခေါင်းဆောင်​တွေ အကြီးအကဲ​တွေ​ရဲ့ မိသား​စု​ဝင်​တွေ​အနေ​နဲ့ အထူး​အခွင့်အရေး​ခံစား​ခွင့်​ပေး​လေ့​ရှိ​တာ​ကို သမ္မတ သမီး​က ငြင်းပယ်​ခဲ့​ပါ​တယ်။

Kahiyang Ayu ဟာ ကြာ​သာ​ပ​တေး​နေ့ Solo မြို့​မှာ ကျင်းပ​ခဲ့​တဲ့ အဲ​ဒီ​စာ​မေး​ပွဲ​ကို တခြား​ဖြေ​ဆို​သူ ၆ ထောင်ကျော်​နဲ့ အတူ​ဖြေ​ဆို​ခဲ့​ပါ​တယ်။ ဒီ​လို​လုပ်ဆောင်​ခဲ့​တဲ့ အတွက် အင်ဒို​နီ​ရှား တ​နိုင်ငံ​လုံး လှုတ်⁠လှုတ်​ခတ်​ခတ် ဖြစ်​သွား​ခဲ့​ရ​တယ်​လို့ ဆို​ပါ​တယ်။ ဘာ​ကြောင့်​လည်း​ဆို​တော့ အင်ဒို​နီး​ရှား​နိုင်ငံ​မှာ အဂတိ လိုက်စား​မှု​တွေ၊ ဆွေ​မျိုး​နဲ့ အသိုင်း​ဝိုင်း​ကောင်းစား​ရေး ပြသ​နာ​တွေ ရှိ​တဲ့​အပြင်၊ နိုင်ငံ​ခေါင်းဆောင်​တွေ​ရဲ့ သားသမီး​တွေ​အတွက် မ​ကြာ​ခဏ ဆို​သ​လို အထူး​အခွင့်အရေး​တွေ ပေး​ရ​လေ့ ရှိ​လို့​ပါ။

နိုင်ငံ​မှာ ဖြစ်ပွား​နေ​တဲ့ အကျင့်​ပျက်​ခြ​စား​မှု​ပြ​ဿ နာ​ကို ဖြေ​ရှင်း​မယ်​ဆို​ပြီး မဲ​ဆွယ်​ပွဲ​မှာ ကတိ​ပေး​ခဲ့​တဲ့ သူမ​ရဲ့ ဖ​ခင် သမ္မတ​ရာထူး လက်ခံ​ရ​ယူ​ပြီး သ​တင်း​တ​ပတ် မ​ကြာ​သေး​ခင်​မှာ အခု​ဖြစ်​ရပ် ထွက်ပေါ်​လာ​တာ​ပါ။

အခု​သ​တင်း​ပတ်​အတွင်း Jokowi လို့ ပိုမို​လူ​သိ​များ​တဲ့ သမ္မတ Widodo ဟာ သူ့​အစိုးရ​အဖွဲ့​မှာ ပါဝင်​နိုင်​ဖို့ အလားအလာ ရှိ​သူ​တွေ​ကို အမျိုးသား အကျင့်​ပျက်​ခြ​စား​မှု စောင့်​ကြည့်​ရေး​အဖွဲ့​နဲ့ စီ​စစ်​မယ်​လို့ ဆို​ပါ​တယ်။ ဒါ​ဟာ အရင်​က တ​ခါ​မှ မ​ကြား​ဘူး​ခဲ့​တဲ့ လုပ်​ရပ်​ဖြစ်​ပါ​တယ်။

Credit to VOA