နံနက် ၅ နာရီ​မှ ၇ နာရီ​တွင် အူမကြီး အလုပ်​လုပ်​ချိန် ဖြစ်​သော​ကြောင့် ထို​အချိန်​အတွင်း အိပ်ရာ​ထ​ကာ ရေ​တစ်​ခွက် အဝ​သောက်​ပြီး ဝမ်းမှန်​မှန် သွား​သင့်​သည်။ ထိုသို့​မဟုတ်​ပါ​က အူမကြီး​ညှစ်​အား နည်း​နေ​၍ ဖြစ်​ပြီး အမျှင်​ရှိ​သော အစားအစာ များ⁠များ​စား​ပေး​ပါ။

နံနက် ၇ နာရီ​မှ ၉ နာရီ​အတွင်း အစာအိမ်​မှ အလုပ်​လုပ်​ချိန် ဖြစ်​သော​ကြောင့် ထို​အချိန်​တွင် နံနက်ခင်း​စာ (Breakfast) အဝ စား​သင့်​သည်။

နံနက် ၁​၁ နာရီ​မှ ၁ နာရီ​အတွင်း နှလုံး (Heart) အလုပ်​လုပ်​ချိန် ဖြစ်​သော​ကြောင့် ထမင်းစား​ပြီး ခဏ​တ​ဖြုတ် အနား​ယူ​သင့်​သည်။

ညနေ ၁ နာရီ​မှ ၃ နာရီ​အတွင်း အူ​သိမ်​မှ အလုပ်​လုပ်​ချိန် ဖြစ်​ကာ အလေး​အပင်​များ မ,ခြင်း​မှ ဆင်ခြင်​ရန် အထူး​လို​အပ်​သည်။

ညနေ ၃ နာရီ​မှ ၅ နာရီ​တွင် ဆီး​အိမ်​မှ ခန္ဓာ​ကိုယ်​တွင်း အဆိပ်အတောက်​များ​ကို စွန့်ပစ်​ချိန် ဖြစ်​သော​ကြောင့် အနည်း​ဆုံး ၁ လီ​တာ​မှ စ,ပြီး ရေ​များ​များ သောက်​ရန် လို​အပ်​သည်။
ညနေ ၅ နာရီ​မှ ၇ နာရီ​သည် ကျောက်ကပ် အလုပ်​လုပ်​ချိန် ဖြစ်​သည်။

ထို​အချိန်​တွင် ရေချိုး​နေ​စဉ် ဆီးသွား​ခြင်း ရှောင်​ပါ။ ကျောက်ကပ်​ပျက်စီး​လွယ်​သည်။

ည ၇ နာရီ​မှ ၉ နာရီ​တွင် နှလုံး​အမြှေး​ပါး အလုပ်​လုပ်​ချိန် ဖြစ်​သော​ကြောင့် စိတ်​အပန်းပြေ​စေ​သည့် Entertainment များ၊ ရယ်မော​ဖွယ် ဟာ​သ​များ စ​သ​ဖြင့် ကြည့်​ရှု​ခံစား သင့်​သည်။

ည ၉ နာရီ​မှ ၁​၁ နာရီ​သည် ခန္ဓာ​ကိုယ်၏ အပိုင်း​ကြီး ၃ ပိုင်း (ဦးခေါင်း၊ ကိုယ်​ပိုင်း၊ ခြေထောက်​ပိုင်း) များ​ကို နှီးနှော​ဖ​လှယ်​ချိန် ဖြစ်​သည်။

ည ၁​၁ နာရီ​မှ ၃ နာရီ​သည် အသည်း (Liver) အလုပ်​လုပ်​ချိန် ဖြစ်​သော​ကြောင့် ၁​၁ နာရီ​ထက် နောက်ကျ​ပြီး မ​အိပ်​သင့်​ပါ။ သင့်​အသည်း​ကို အနား​ပေး​ရန် လို​အပ်​ပါ​သည်။

ထို့​ပြင် ၁​၁ နာရီ​မှ ၁ နာရီ​တွင် သည်းခြေ​မှ အလုပ်​လုပ်​သည်။
နံနက် ၃ နာရီ​မှ ၅ နာရီ​ထိ​သည် အဆုတ်​မှ အလုပ်​လုပ်​ချိန် ဖြစ်​သော​ကြောင့် မနက် ၅ နာရီ​အထိ နှစ်​နှစ်ခြိုက်​ခြိုက် အိပ်ပျော်​သင့်​သည်။

သင့်​မိတ်ဆွေ​များ​ကို​လည်း မျှဝေ​ပေး​ဖို့ မ​မေ့​နဲ့နော်။

Credit to (ပါ​မောက္ခ ဒေါ်​ခင်​ဖြူ)