မြန်မာ​နိုင်ငံ​၏​အနာဂတ် အိမ်​ခြံ​မြေ​ရောင်းချ​မှု​ဈေး​ကွက်​နှင့် မော်တော်​ယာဉ်​ရောင်းချ​မှု​ဈေး​ကွက်​တွင် လက်ငင်း​ငွေ​ချေ​စနစ်(Down payments) ရောင်းချ​မှု​ထက် အရစ်​ကျ​ငွေ​ချေ​စနစ်(Hire Purchased) ဖြင့်​ရောင်းချ​မှု​က ပို​၍​တိုးတက်​လာ​မည်​ဖြစ်​ကာ အရစ်​ကျ​ရောင်းချ​မှု​စနစ်​မှာ မြန်မာ​နိုင်ငံ​အနာဂတ် လူ့​အဖွဲ့​အစည်း​ကို ဖွံ့ဖြိုး​စေ​နိုင်​သည့်​အတွက် အရစ်​ကျ​ရောင်းချ​မှု​စနစ်​သည် အနာဂတ်​မြန်မာ​နိုင်ငံ စီးပွား​ရေး​ဈေး​ကွက်​တွင် အဓိက​ကျ​လာ​နိုင်​ကြောင်း ပြည်​တွင်း​စီးပွား​ရေး​ဈေး​ကွက်​လေ့​လာ​သုံးသပ်​သူ အသိုင်းအဝိုင်း​မှ စုံစမ်း​သိရှိ​ရ​သည်။

လက်​ရှိ​မြန်မာ​နိုင်ငံ​စီးပွား​ရေး​ဈေး​ကွက်​တွင် အိမ်​ခြံ​မြေ​နှင့် မော်တော်​ယာဉ်​ရောင်းချ​မှု​ဈေး​ကွက်​တွင် ရောင်းချ​ပေး​သော လုပ်​ငန်း​ရှင်​အများ​စု​မှာ လက်ငင်း​ငွေ​ချေ​စနစ်​ဖြင့်​ရောင်းချ​ပေး​နေ​သည့်​အတွက် အချို့ သော​ဝယ်​ယူ​သူ customer များ​တွင် အခက်​အခဲ​များ​ရှိ​နေ​သည့်​အတွက် ထင်​သ​လောက် အရောင်း​မ​သွက်သော်​လည်း အရစ်​ကျ​ငွေ​ပေး​ချေ​မှု စနစ်​ဖြင့်​ရောင်းချ​ပေး​သော လုပ်​ငန်း​များ​တွင် ပို​၍​အရောင်း​ဝယ်​ဖြစ်​နေ​ကြောင်း​စုံစမ်း​သိရှိ​ရ​သည်။ “အရစ်​ကျ​စနစ်​က customer တွေ​အတွက်​ပို​ပြီး တွက်​ခြေ​ကိုက်​တယ်။ အရင်​တုန်း​က ကျွန်တော်​တို့​ကား​အရောင်း​ပြ​ခန်း​မှာ ကား(၁​ဝ)စီး​လာ​ဝယ်​ရင် (၂)စီး​လောက်​ပဲ H.P ပါ​တာ။ အခု(၁​၀)စီး​ဝယ်​ရင် (၅)စီး​က H.P နဲ့​ဖြစ်​နေ​ပြီ၊အနာဂတ်​မှာ အရစ်​ကျ​စနစ် (H.P) က​ပို​ပြီး​ဖွံ့ဖြိုး​လာ​မှာ​ပါ။ရိုးသား​မှု​နဲ့ ယုံကြည်​မှု​တွေ​တော့​လို​ပါ​တယ်” ဟု​ကား​အရောင်း​ပြ​ခန်း ပိုင်​ရှင်​တစ်​ဦး​က iMyanmarHouse.com သို့​ပြော​ကြား​ခဲ့​သည်။

ထို့​အပြင် “ အခု​ရန်ကုန်မြို့​မှာ တိုက်ခန်း ဈေးနှုန်း​တွေ​က အရမ်း​မြင့်​နေ​ပြီ customer တွေ​အနေ​နဲ့ ငွေ​အလုံးအရင်း​ချေ​ဖို့​ဆို​တာ အခက်​အခဲ​ရှိ​နိုင်​တယ်။ ဒီ​တော့​ဈေး​ကွက်​ချဲ့ထွင်​နိုင်​ဖို့​ဆို​ရင်၊ အခန်း​တွေ​ရောင်း​ထွက်​ဖို့​ဆို​ရင် ဘယ်လောက် ရာ​ခိုင်​နှုန်း​ကို လက်ငင်း၊ ကျန်​တဲ့​ရာ​ခိုင်​နှုန်း​ကို ဘယ်​လ အထိ​ဆို​တဲ့ အရစ်​ကျ​စနစ်​နဲ့ ရောင်း​မှ​ရ​တာ။ အခု​ရန်ကုန်​မှာ​ရှိ​တဲ့ ကန်​ထ​ရိုက်​တိုက်​အကုန်​လုံး​က​လည်း ဒီ​အတိုင်း​ပဲ​ရောင်း​နေ​ကြ​တာ​ပါ။ customer တွေ​က​ဈေး​သက်သာ​တဲ့ သာမန်​တိုက်ခန်း​ထက် ဈေး အသင့်​အတင့်​နဲ့ အချိန်​ပို​ရ​တဲ့ အရစ်​ကျ​ရောင်းချ​ပေး​မှု​တွေ​ကို ပို​ပြီး​ရွေးချယ်​ဝယ်​ယူ​နေ​ကြ​တယ်။ အခု​ရောင်းချ​မှု​မှာ အရစ်​ကျ​စနစ်​နဲ့​က ပို​ပြီး​များ​နေ​ပြီ၊ အနာဂတ်​စီးပွား​ရေး​ဈေး​ကွက်​မှာ ဒီ​ထက်​အရစ်​ကျ ရောင်းချ​မှု​က​ပို​ပြီး​လို​အပ်​လာ လိမ့်​မယ်။” ဟု​ကန်​ထ​ရိုက်​တိုက်ခန်း​အရောင်း​ပြ​ခန်း​မှ မန်နေဂျာ​တစ်​ဦး​မှ​လည်း iMyanmarHouse.com သို့​သုံးသပ်​ပြော​ကြား​ခဲ့​သည်။

ရန်ကုန်မြို့​ရှိ​အိမ်​ခြံ​မြေ​ဈေး​ကွက်​နှင့် မော်တော်​ယာဉ်​ဈေး
ကွက်​တွင် ဝယ်​ယူ​သူ​တို့​မှာ အရစ်​ကျ​စနစ်​ဖြင့် ဝယ်​ယူ​မှု​ကို ပိုမို​ပြုလုပ်​နေ​ပြီး ပြည်​တွင်း​ဘဏ်​အချို့ သည် အရစ်​ကျ​စနစ်​အတွက် ဆောင်ရွက်​ပေး​နေ သော်လည်း ထောက်ခံ​ချက်​စာ​ရွက်​စာ​တမ်း​လို​အပ်​မှု​များပြား​သည့်​အပြင်၊ ဖြည့်စွက်​ရ​သည့်​များ က​လည်း ရှုပ်​ထွေး​သည့်​အတွက် ဝယ်​ယူ​သူ​တို့​အခက်​အခဲ​များ​ကြုံတွေ့​နေ​ရ​ကြောင်း​လည်း စုံစမ်း​သိရှိ ရ​သည်။