မြန်မာ​နိုင်ငံ​ဆိုင်​ရာ​သံ​ရုံး​နှင့်​ဂျပန်​နိုင်ငံ​ဝန်ကြီး​ချုပ်​ကတော်安倍 昭恵 နှင့် NPO法人メコン総合研究所 မှ မြန်မာ-ဂျပန်​သံတမန်​ချစ်​ကြည်​ရေး​ဆိုင်​ရာ​နှစ်​၆​၀​ပြည့်​အထိမ်းအမှတ် မြန်မာ​ပွဲတော်​ကို​၂​၀​၁​၄ အောက်တိုဘာ ၁​၇ ရက်​နေ့​တွင်​တို​ကျို​မြို့ ရှိ zojyoji ဂျပန်​ဘုရား​ကျောင်း​ဝန်း​အတွင်း​တွင် စည်ကား​သိုက်မြိုက်​စွာ​ပြုလုပ်​ကျင်းပ​ခဲ့​ပါ​တယ်။

မြန်မာ​အစားအသောက်​ဆိုင် ၊ ဂျပန်​အစားအသောက်​ဆိုင်​များ​စွာ ၊ မြန်​မာ့​အက၊ မြန်​မာ့​ယဉ်ကျေး​မှု ဓါတ်​ပုံ​ပြိုင်​ပွဲ ၊ မြန်မာ​ကို​စိတ်ဝင်စား​သောတ​ခြား​သောNGO/NPO group များ​စွာ​ပါဝင်​ဆင်​နွဲ​ခဲ့​ပါ​တယ်။

ဂျပန်-မြန်မာ​ချစ်​ကြည်​ရေး ဓာတ်​ပုံ​ပြိုင်​ပွဲ​မှာ မြန်မာ​နိုင်ငံ​တွင်း​က ဓာတ်​ပုံ​ဝါသနာ​ရှင်​တွေ​နဲ့ ဂျပန်​လူ​မျိုး​ဓာတ်​ပုံ​ဝါသနာ​ရှင်​တွေ​ရဲ့ ပုံ​ပေါင်း ၈​၀⁠၀ ကျော် ပါဝင်​ပြသ​ခဲ့​ပြီး ဆု​ကြီး ၅ ဆု​လုံး​ကို မြန်မာ​နိုင်ငံ​တွင်း​က ဓာတ်​ပုံ ဝါသနာ​ရှင်​တွေ​က ရ​ရှိ​ခဲ့​တယ်​လို့​သိ​ရ​ပါ​တယ် ။ ကို​ညွန့်​နိုင် ရဲ့ Face လို့ အမည်ပေး​ထား​တဲ့ မြန်မာ​ဓာတ်​ပုံ​က ပထမ​ဆု နဲ့ ဝန်ကြီး​ချုပ်​ကတော် အထူး​ဆု​ကို ကို​အောင်​ကြည်​ဝင့်​က ရ​ရှိ​ခဲ့​ပါ​တယ်။ ပထမ​ဆု​အဖြစ် ဂျပန်​ယန်း ၁​၀​၀,၀⁠၀​၀​ချီးမြှင့်​ခဲ့​ပါ​တယ် ။

ဂျပန်-မြန်မာ​သံတမန်​နှစ် ၆​၀ အထိမ်းအမှတ် အဖြစ်​ကျင်းပ​ခဲ့​တဲ့​ပွဲတော်​ကို ဂျပန်​နိုင်ငံ​ဝန်ကြီး​ချုပ် ရှင်​ဇို​အား​ဘေး​ကတော်​အပြင် ဂျပန်​နိုင်ငံ ဒုတိယ နိုင်ငံ​ခြား​ရေး​ဝန်ကြီး​ပါ တက်​ရောက်​ဖွင့်​လှစ်​ပေး​ခဲ့​ပါ​တယ်။

အောက်တိုဘာ ၁​၇ ရက်​နဲ့ ၁​၈ ရက် ၂ ရက်​တိုင်​ကျင်းပ​ပြီး မြန်မာ​နိုင်ငံ​က စီးပွား​ရေး​လုပ်​ငန်း​ရှင်​တွေ လာ​ရောက်​ခဲ့​သ​လို၊ မေ​ဆွိ၊ မေ​ခ​လာ နဲ့ ဇော်​ပိုင်​တို့​က​လည်း တို​ကျို​ပွဲတော်​မှာ ကာ​ရာ​အို​ကေ​တေး​ဂီ​တ​တွေ​နဲ့​လာ​ရောက်​သီ​ဆို​ပေး​ခဲ့​တယ်​လို့​သိ​ရ​ပါ​တယ်။

အနှစ်​၆​၀​ပြည့် ဂျပန်-မြန်မာ​ချစ်​ကြည်​ရေး မြန်မာ​ပွဲတော်​တွင်[日本‐ミャンマー留学生交流会] နာမည်​ဖြင့်​တို​ကျို​မှ​မြန်မာ​ကျောင်း​သူ​ကျောင်းသား​များ​မှ​လည်း မြန်​မာ့​သနပ်ခါး၊မြန်​မာ့​အဝတ်​အစား၊မြန်​မာ့​ကစား​နည်း​နှင့်​မြန်​မာ့​စာ၊မြန်​မာ့​ဗေဒင်​စ​သည့်​မြန်​မာ့​ရိုးရာ​ယဉ်ကျေး​မှု၊ဓလေ့​တို့​ကို​မြန်မာ​ပွဲတော်​သို့​လာ​ရောက်​ကြ​သော​ဂျပန်၊မြန်​မာ့​ယဉ်ကျေး​မှု​ကို​စိတ်​ဝင်​တ​စား​လာ​ရောက်​ကြ​သော​ဂျပန်​တို့​ကို​မိတ်​ဆက်​ပြသ​ခဲ့​ကြ​ပါ​တယ်။