တ​ကယ့်​အဖေါ်​ကောင်း​ကို လိုချင်​ရင် ပထမ​ဆုံး ကိုယ့်ကိုယ်ကို အဖေါ်​ကောင်း ဖြစ်​အောင် လုပ်​ပြီး​နေ​နိုင်​ဖို့​လို​တယ်။

အနား​မှာ လူ​တွေ ဘယ်လောက်​ပဲ​ရှိ​ရှိ အရေး​မ​ကြီး​ဘူး။ ကိုယ့်​တရား​လေး​ကို​ကိုယ် အာရုံ​ပြု​ပြီး​တော့ နေ​တဲ့​လူ​ဟာ တ​ကိုယ်တည်း နေ​တာ​ပဲ၊၊

ပြင်​ပ​အဖေါ်​ကို များ⁠များ​ရှာ​တဲ့​သူ​ဟာ တ​ယောက်​တည်း​နေ​ရ​မှာ​ကို မ​နေ​တတ်​ဘူး။ မ​နေ​နိုင်​တော့​ဘူး။ တ​ယောက်​တည်း မ​နေ​နိုင်​တဲ့​သူ​ဟာ ကိုယ့်​စိတ်​ထဲ​မှာ ဖြစ်​တာ​ကို ကြည့်​ဖို့ အခွင်​အရေး နဲ​သွား​တယ်၊၊အပေါင်း​အဖေါ်​နဲ့ အချိန်​များ​များ ဖြုန်း​တဲ့​သူ​ဟာ လေးနက်​တဲ့ ဘဝ​ဦးတည်​ချက်​ကို မျက်​ခြေ​ပြတ်​သွား​မယ်။ အဲ​ဒါ အင်မတန်​မှ နစ်နာ ဆုံးရှုံး သွား​ပြီနော်။

Loneliness ခဏ​သက်သာ​အောင်​ပဲ လုပ်​နေ​တဲ့​သူ​ဟာ ခိုင်မာ​ရင့်​ကျက်​တဲ့ စိတ်​ဓါတ်​ကို မ​ရ​နိုင်​ဘူး။ ခဏ​သက်သာ​အောင် လုပ်​တဲ့​သူ​ဟာ သူ့​စိတ်​ထဲ​မှာ အင်အား​ရှိ​တဲ့ လူ​တ​ယောက်​ဖြစ်​အောင် လုပ်​ဖို့ ခဲယဉ်း​သွား​ပြီ။ loneliness ခဏ​ပျောက်​သွား​တာ​နဲ့​အတူ လေးနက်​တဲ့ ဦးတည်​ချက် ရည်​မှန်း​ချက် ရင့်​ကျက်​တဲ့ စိတ်​နေ​သဘောထား​တွေ​ကို လေ့ကျင့် ပြုစု​ပျိုးထောင်​ဖို့ အခွင့်အရေး​တွေ​လည်း ဆုံးရှုံး​သွား​တယ်။ အဲ​ဒါ သူ​ပေးလိုက်​ရ​တဲ့ cost ပဲ တန်ဖိုး​ပဲ။ ပြီး​တော့ sense of direction ဆို​တဲ့ ကိုယ် ဘယ်​ကို​ဦးတည်​ပြီး သွား​နေ​သလဲ၊ ကိုယ့်​ဘဝ​မှာ အရေး​အကြီး​ဆုံး အလုပ်​က ဘာ​လဲ၊ အဲ​ဒါ​လည်း မ​သိ​တော့​ဘူး။ ဘာ​မှ​မ​ရေရာ​တဲ့ လူစု​လူ​ဝေး​ထဲ​မှာ​ပဲ ကိုယ်​ပါ ပျောက်​သွား​တယ်။ ကိုယ့်​ဘဝ​ပါ ပျောက်​သွား​တယ်။ Loneliness ဆို​တာ​ကို ကျော်​လွန်​နိုင်​ဖို့ လွန်မြောက်​နိုင်​ဖို့ အရေး​အကြီး​ဆုံး​ဖြစ်​တဲ့ အလုပ်​ဟာ ကိုယ့်​စိတ်​ထဲ​မှာ ရှိ​နေ​တဲ့ အရည်အသွေး​တွေ၊ အရည်အချင်း တွေ​ကို ထွက်ပေါ်​လာ​အောင် တိုးတက်​လာ​အောင် အား​ကောင်း​လာ​အောင် ပြုစု​ပျိုးထောင်​ဖို့ ဆို​တဲ့ အလုပ်​ပဲ။

အဖေါ်​မဲ့​နေ​တာ​ကို ဖြေ​ပျောက်​ဖို့ စိတ်​ကို လမ်းလွှဲ​တဲ့​နည်း​တွေ​က​လည်း အခု​ခေတ်​မှာ ပို​များ​တယ်။ ဟို​လည် ဒီ​လည်၊ ဟို​သွား ဒီ​သွား၊ ခရီးသွား​ကြ​တာ​လည်း ပါ​တယ်နော်။ သူ​များ​ကိုယ့်ကို သဘောကျ​အောင် အာရုံ​စိုက်​အောင် လက်ခံ​အောင် ကျေနပ်​အောင် လုပ်​ကြ​ကိုင်​ကြ​တာ​လည်း ပို​များ​လာ​တယ်။ ကိုယ့်ကို သူ​များ အာရုံ​စိုက်​တယ်​ဆို​ရင် ကိုယ့်​ရဲ့ အဖေါ်​မဲ့​နေ​တဲ့ ခံစား​မှု နဲ⁠နဲ​သက်သာ​သ​လို ခံစား​ရ​တယ်။ ဒါပေမဲ့ ကိုယ့်ကို ခဏ​လောက် အာရုံ​စိုက်​တဲ့​သူ​ဟာ ကိုယ့်​အတွက် ရေ​ရှည် အဖေါ်​ကောင်း ဘယ်​ဖြစ်​နိုင်​မ​လဲ၊၊

ကိုယ့်​စိတ်​ထဲ​မှာ​ရှိ​တဲ့ အင်အား၊ ကိုယ့်​စိတ်​ထဲ​မှာ​ရှိ​တဲ့ အရည်အချင်း​တွေ​နဲ့ ကိုယ့်​ရဲ့ ဘဝ​ဦးတည်​ချက်​ကို အခြေ​ခံ​ပြီး​တော့ လူ​တွေ​နဲ့ ထိ⁠ထိ​ရောက်​ရောက် ဆက်ဆံ​သွား​ရ​မှာနော်။ အရည်အချင်း မ​ရှိ​တဲ့​သူ၊ လေးနက်​တဲ့​ဦးတည်​ချက် မ​ရှိ​တဲ့​သူ​ဟာ အဓိပ္ပါယ်​ရှိ​တဲ့ ဆက်ဆံ​ရေး​ကို မ​တည်ဆောက်​နိုင်​ဘူး၊၊ လူ​တွေ​နဲ့ ဆက်ဆံ​တဲ့​အခါ​မှာ ကိုယ့်​ရဲ့ အရည်အချင်း​တွေ​နဲ့ ကိုယ့်​ရဲ့ ဘဝ ဦးတည်​ချက်​ကို အခြေ​ခံ​ပြီး​တော့ ဆက်ဆံ​မှ လေးနက်​တဲ့​ဆက်ဆံ​ရေး ဖြစ်​မယ်။ ဘာ​အရည်အချင်း​မှ မ​ရှိ​တဲ့​သူ၊ ဘာ​ဦးတည်​ချက်​မှ မ​ရှိ​တဲ့​သူ​ဟာ ဘာ​ကို​အခြေ​ခံ​ပြီး ဆက်ဆံ​မ​လဲ၊၊ hollow ဖြစ်​နေ​တဲ့​သူ​တွေ​ဟာ ချစ်​တတ်​ဖို့​ရာ​အတွက် သူ​တို့​မှာ အခြေ​ခံ မ​ရှိ​ဘူး။ သူ​တို့​ဟာ loneliness ပျောက်​ဖို့​ပဲ ကြိုးစား​နေ​ရ​တယ်။

Credit to FB