(၂​၀​၁​၀)ခု​နှစ်​လောက်​မှာ.အမေ​ရိ​ကန်​သမတ​အို​ဘား​မား​က.ညစာ​စားပွဲ​တ​ခု​မှာ.Appleကုမ္ပဏီ​ရဲ.CEOဖြစ်​တဲ့Steve_Jobs(စ​တစ်ဗ်)ကို​ေ​မး​ပါ​တယ်။.Appleရဲ့Productsတွေ​ဖြစ်​တဲ့.iPhoneတို့.iPadတို့​ကို.တ​ရုပ်​ပြည်​မှာ​သွား​ထုတ်​လုပ်​နေ​တာ​ကို(အမေ​ရိ​ကန်​လူ​မျိုး​တွေ​အလုပ်​ရအောင်).အမေ​ရိ​ကန်​ကို​ပြောင်း​လာ​ရင်​ဖြစ်​မ​လား​လို့​မေး​တယ်။.စ​တစ်ဗ်​က.မ​ဖြစ်​နိုင်​ဘူး​လို့​ပြော​လိုက်​ပါ​တယ်။.နောက်​ပိုင်း​မှာ.သူ့​ရဲ့​လက်အောက်​ကAppleကုမ္ပဏီ​အရာရှိ​တ​ဦး​က.စ​တစ်ဗ်​ဘာ​ကြောင့်​အဲ​ဒီ​လို​ပြော​ခဲ့​ရသ​လဲဆို​တာ.မီ​ဒီ​ယာ​ကို​အခု​လို​ရှင်း​ပြ​ခဲ့​ပါ​တယ်။

အချိန်​က(၂​၀⁠၀​၇)ခု​နှစ်။.ပထမ​ဆုံးပေါ်​တဲ့iPhone.ကမ္ဘာ​ကို​ဖြန့်​ဖို့(၂)လ​လောက်​ပဲ​လို​တော့​တဲ့​တ​နေ့​မှာ.စိတ်ဆိုး​နေ​ပုံ​ရ​တဲ့​စ​တစ်ဗ်​က.သူ့​လက်ထောက်​တွေ​အားလုံး​ကို.သူ့​ရုံး​ခန်း​ထဲ​လာ​ဖို့ခေါ်​လိုက်​ပါ​တယ်။.အားလုံး​ရောက်လာ​တာ​နဲ့.စ​တစ်ဗ်​က.သူ​စမ်း​သုံး​ကြည့်​ဖို့​ယူထား​တဲ့iPhone.န​မူ​နာ​တ​လုံး​ကို.သူ့​ဘောင်းဘီ​ဘေး​အိပ်​ထဲ​က​နေ.ဆွဲထုတ်​ယူ​လိုက်​ပြီး.အားလုံး​မြင်သာ​အောင်​ထောင်​ပြ​ရင်း.အခု​လို​ပြော​လိုက်​ပါ​တယ်။.”ဒီ​ဖုံး​ရဲ့​မှန်​သား​ပြင်(screen)ကို​ကြည့်​စမ်း​ပါ။.ခြစ်​ရာ​တွေပေါ်​နေ​တယ်။.လူ​တွေ​ဟာ.လက်ကိုင်​ဖုံး​ကို.ဘောင်းဘီ​အိပ်​ထဲ​ထဲ့​တတ်​ကြ​တယ်။.ဘောင်းဘီ​အိပ်​ထဲ​မှာ.သော့​တွဲ့.ပိုက်ဆံ​အကြွေ​စေ့​တွေ​လဲ.ထဲ့​တတ်​ကြ​တယ်။.ဒါ​တွေ​နဲ့​ထိ​လို့​ခြစ်​ရာပေါ်​နေ​တဲ့​ဖုန်း​မျိုး.ငါ​ကမ္ဘာ​ကို​မ​ဖြန့်​ချင်​ဘူး.ဒီPlastic_screenကို.ခြစ်​ရာ​မ​ထင်​နိုင်​တဲ့​မှန်​သားGlass_screenနဲ့​လဲ​ပစ်​ရ​မယ်။.အခု​ထုတ်​ပြီး​သား​ဖုန်း​တွေ​အားလုံး​ကို(၆)ပတ်​အတွင်း​ပြီး​အောင်​လဲ​လိုက်​ကြ။.ကဲ.သွား​ကြ​တော့”လို့​ပြော​လိုက်​တယ်။

သူ့​လက်ထောက်​တွေ​အားလုံး.အရမ်း​ခေါင်း​ခြောက်​သွား​ကြ​တယ်။.စ​တစ်ဗ်​အကြောင်း.သူ​တို့​ကောင်း⁠ကောင်း​သိ​တယ်။.စ​တစ်ဗ်​ဟာ.သူ​ပြော​ပြီး​တဲ့​စကား​ကို.ဘယ်​တော့​မှ​အလျှော့​မ​ပေး​တတ်​ဘူး။.သူ​လိုချင်​တာ​ဖြစ်​အောင်.လုပ်​ကြ​ရ​တော့​မယ်။.ခက်​တာ​က.iPhoneစတင်​ရောင်း​မဲ့​ရက်​ကို.ကမ္ဘာ​သိ​ကြေငြာ​ပြီး​ပြီ။-၂​လ​ပဲ​ကျန်​တော့​တယ်။.ကမ္ဘာ​ကို​မ​ဖြန့်​ခင်.ဖုန်း​တွေ​ကိုGlass_Screenနဲ့​အစားထိုး​လဲ​ဖို့​အချိန်(၆)ပတ်​ပဲ​ပေး​တယ်။.လုပ်​ပြီး​သား.ဖုန်း​အလုံး​သိန်း​ချီ​ပြီး​ကို(၆)ပတ်​အတွင်းscreenလဲ​တပ်​ဖို့​ဆို​တာ.မ​ဖြစ်​နိုင်​ဘူး။.အရင်Screenလုပ်​ပေး​နေကျ.အမေ​ရိ​ကန်​ကုမ္ပဏီCorningကို​မေး​ကြည့်​တော့.အချိန်(၆)လ​ကြာ​မယ်​တဲ့။

သူ​တို့​အထဲ​က.လက်ထောက်​တ​ယောက်​က.စဉ်းစား​တယ်။.ဒီ​လောက်​အချိန်​တို⁠တို​နဲ့.စ​တစ်ဗ်​ဖြစ်​ချင်​တာ​ရ​ဖို့.အမေ​ရိ​ကန်​နိုင်ငံ​မှာ​တော့​မ​ဖြစ်​နိုင်​ဘူး။.ဒါ​ကြောင့်.သူ​ဟာ(၃)ရက်​အကြာ​မှာ.တ​ရုပ်​ပြည်​က​မှန်​ဖြတ်​စက်​ရုံ​အများ​အပြား​ရှိ​တဲ့.Shenzhenပြည်နယ်​ကို.လေ​ယဉ်​နဲ့​ထွက်​ခွာ​သွား​တယ်။.Shenzhenပြည်နယ်​က​စက်​ရုံ​မှူး​တွေ​နဲ့​တွေ့​ပြီး.သူ​လိုချင်​တဲ့Glass_screenကိုiPhoneတွေ​မှာ.သတ်​မှတ်​ရက်​အတွင်း​ပြီး​အောင်​လုပ်​ပေး​နိုင်​ရင်.အလုပ်​အပ်​မယ်​လို့​ကမ်းလှမ်း​တယ်။

နောက်ဆုံး.တ​ရုပ်​ကုမ္ပဏီFoxconnနဲ့.သဘောတူ​ညီ​မှု​ရ​တယ်။.သဘောတူ​စာချုပ်​တောင်​မ​ချုပ်​ရ​သေး​ဘူး.Foxcoonက.iPhoneအတွက်screenလဲ​တပ်​ဖို့​စက်​ရုံ​အသစ်​တ​ခု​ကို​အား​ချင်း​ဆောက်​လိုက်​တယ်။.စ​တို​ကြီး​ထဲ​မှာ​လဲ.စမ်း​သတ်​ဖို့​မှန်​ချပ်​တွေ​ဝယ်​ပြီး.အမျိုး​အစား​အလိုက်​ခွဲ​ခြား​သို​လှောင်​ထား​လိုက်​တယ်။.စက်​ရုံ​မှူး​က.သူ့​အင်​ဂျင်​နီ​ယာ​တွေ​ကို.စက်​ရုံ​ဝင်း​ထဲ​က.ဘား​တိုက်​တွေ​မှာ​လာ​နေ​ခိုင်းလိုက်​တယ်။.အရေးကြီး​ရင်.အချိန်​မ​ရွေး.ခေါ်​လို့​ရအောင်​ပေါ့။.မှန်​တွေ​ကို.ပိုက်ဆံ​မ​ယူ​ပဲ.ကြိုက်​သ​လောက်​စမ်း​ကြည့်​နိုင်​တယ်​လို့​ပြော​ပါ​တယ်။

စ​တစ်ဗ်​လက်ထောက်​ဟာ.အဲ​ဒီ​စက်​ရုံ​မှာ.တ​လ​ကြာ​အောင်​နေ​ပြီး.တ​ရုပ်​အင်​ဂျင်​နီ​ယာ​တွေ​နဲ့.မှန်​မျိုး​စုံ​ကို​ဖြတ်​ကြည့်​တယ်။.iPhone_Screenဖြစ်လာ​အောင်​လုပ်​ကြ​တယ်။.ခြစ်​ရာပေါ်​မပေါ်​စမ်း​ကြည့်​တယ်။.နောက်ဆုံး.screenလုပ်​နိုင်​မဲ့​စိတ်​ကြိုက်​မှန်​တွေ့​ပြီ​ဆို​တော့.Foxconnကို​အလုပ်​အပ်​တဲ့​စာချုပ်​ချုပ်​လိုက်​တယ်။.အမေ​ရိ​ကန်.ကာလီ​ဖိုး​နီး​ယား​မှာ​ရှိ​တဲ့Appleကုမ္ပဏီ​ကို.screenလဲ​တပ်​ဖို့.iPhoneပထမ​တ​သုတ်​ကို.Foxconnစက်​ရုံ​ကို​ပို့​လိုက်​ဖို့​အကြေင်း​ကြားလိုက်​တယ်။။.တ​ပတ်​ကြာ​တော့.မှာထား​တဲ့iPhoneတွေ​ထဲ့​ထား​တဲ့​ကုန်​သေတ္တာ​တွေ.စက်​ရုံ​ကို​ရောက်လာ​တယ်။.ရောက်​တဲ့​အချိန်​က.မိုး​အတော်​ချုပ်​နေ​ပြီ။

iPhone.သေတ္တာ​တွေ​ကို.စက်​ရုံ​ထဲ​ချ​အပြီး​မှာ.စက်​ရုံ​မှူး​ဟာ.ဝီ​စီ​ကို​တ​တွီ⁠တွီ​နဲ့​မှုတ်​လိုက်​တယ်။.စက်​ရုံ​ဝင်း​ထဲ​က.ဘား​တိုက်​တွေ​မှာ.အနား​ယူ​နေ​ကြ​တဲ့​ထောင်​နဲ့​ချီ​တဲ့​အင်​ဂျင်​နီ​ယာ​တွေ.အလုပ်​သမား​တွေ.ဘား​တိုက်ပေါ်​က.ပြေး​ဆင်း​လာ​ကြ​ပြီး.စက်​ရုံ​ရှေ့​မြေကွက်လပ်​မှာ​တန်း​စီ​လိုက်​ကြ​တယ်။.စက်​ရုံ​မှူး​က.အခု​အချိန်​က​စ​ပြီး.မှန်​ချပ်​တွေ​ကို​ဖြတ်​ပြီး.iPhone_Screenတွေ​လုပ်​ဖို့​တ​ည​လုံး​အလုပ်​ဆင်း​ကြ​ရ​မယ်​လို့​ပြော​လိုက်​တယ်။.စကားပြော​ပြီး​တာ​နဲ့.အားလုံး​ကို.စားပွဲ​တွေပေါ်​က.လက်ဖက်ရည်​တ​ခွက်​နဲ့​ပေါင်မုန့်​တ​ချပ်​စီ​ကို​တန်း​စီ​ယူစား​ခိုင်းလိုက်​တယ်။.အားလုံး.ကမန်းကတန်း​ယူစား​ကြ​ပြီး.စက်​ရုံ​ထဲ​ဝင်​သွား​ကြ​တယ်။

စက်​ရုံ​တ​ခု​လုံး.ထောင်​နဲ့​ချီ​တဲ့​အလုပ်​သမား​တွေ​ဟာ.ချက်ချင်း​ပဲ.အလုပ်​စတင်​လုပ်​ကြ​တယ်။.နေ့​ဆိုင်း.ည​ဆိုင်း​တွေ​နဲ့​လုပ်​လိုက်​ကြ​တာ.-၃​ရက်​အတွင်း​မှာ.iPhoneအလုံး​တစ်​သောင်း​ရဲ့plastic_screenတွေ​ကို.glass_screenတွေ​နဲ့​လဲ​တပ်​ပြီး​သွား​တယ်။

နောက်​၃​လ​အကြာ​မှာ.Appleကုမ္ပဏီ​ဟာ.iPhoneအလုံး​ပေါင်း​တစ်​သန်း​ရောင်းချ​ခဲ့​ပါ​တယ်။.နောက်​ပိုင်း​မှာ.iPhoneကို.အမေ​ရိ​ကန်.ကာလီ​ဖိုး​နီး​ယား​မှာ.ဒီ​ဇိုင်း​ပဲ​ဆွဲ​ပြီး.ကုန်​ကြမ်း​က​နေ.iPhoneဖြစ်​တဲ့​အထိ.တ​ရုပ်​ပြည်​မှာ​ပဲ.လုပ်​ပါ​တော့​တယ်။.-၄​နစ်​ကြာ​တော့.Appleဟာ.iPhoneအလုံး​ပေါင်း​သန်း(၂​၀​၀)ရောင်းချ​နိုင်​ခဲ့​ပါ​တယ်။

မီ​ဒီ​ယာ​ကို​ပြော​ပြ​နေ​တဲ့Appleကုမ္ပဏီ​အရာရှိ​က.ဆက်​ပြော​ပြ​ပါ​သေး​တယ်။.ကုန်​ကြမ်း​က​နေ.iPhoneတွေ​ဖြစ်လာ​တဲ့​အထိ.ထုတ်​လုပ်​ဖို့.အင်​ဂျင်​နီ​ယာ​ပေါင်း(၈,၇​၀​၀)နဲ့​အလုပ်​သမား​ပေါင်း​၂​သိန်း​လို​အပ်​ပါ​တယ်။.အင်​ဂျင်​နီ​ယာ(၈,၇​၀​၀)ရအောင်​စု​ဖို့​အမေ​ရိ​ကန်​မှာ.-၉​လ​ကြာမြင့်​မှာ​ဖြစ်​ပြီး.တ​ရုပ်​ပြည်​မှာ(၁​၅)ရက်​ပဲ​ကြာ​ပါ​လိမ့်​မယ်။.အမေ​ရိ​ကန်​မှာ.iPhoneလုပ်​ရင်.လုပ်​ခ​ဈေး​ကြီး​တာ​ရယ်.လူ​မ​ရ​လို့​အခ်ျိ​ပို​ကြာ​အောင်​လုပ်​ရ​မှာ​တွေ​ကြောင့်.iPhoneကို.အခု​တ​ရုပ်​ပြည်​မှာ​ထုတ်​ပြီး​ရောင်း​တာ​ထက်.အများ​ကြီး​ဈေး​ကြီး​နေ​မှာ​မို့.ဘယ်​သူ​မှ​ဝယ်​ကြ​မှာ.မဟုတ်​ပါ​ဘူး​တဲ့။

ဒီ​လောက်​ဆို​ရင်.iPhoneကို.China.မှာ​ဘာ​ကြောင့်​ထုတ်​လုပ်​နေ​တယ်​ဆို​တာ.သိ​နိုင်​ပါ​ပြီ။

လုပ်​ခ​ဈေး​နူန်း​သက်သာ​တယ်။.မြန်​မြန်ဆန်​ဆန်​လုပ်​တတ်​တယ်။.မ​ဖြစ်​နိုင်​ဘူး​ဆို​တာ​ကို.ဖြစ်​အောင်​လုပ်​နိုင်​တာ​တွေ​ကြောင့်.တ​ရုပ်​ပြည်​ဟာ.ယနေ့​ကမ္ဘာ​မှာ.စီးပွား​ရေး​ထိပ်​တန်း​နိုင်ငံ​တ​ခု​ဖြစ်​နေ​ပါ​ပြီ။

မှတ်ချက်။
၁။.အမေ​ရိ​ကန်​နိုင်ငံ​ထုတ်”The_New_York_Times”သတင်းစာ​မှာ​ပါ​တဲ့​သ​တင်း​တ​ပုဒ်​ကို​မှီ​ငြမ်း​ရေးထား​တာ​ပါ။
၂။.Steve_Jobsဟာ(၂​၀​၁​၁)ခု​နှစ်.အောက်တိုဘာ​လ(၅)ရက်​နေ့​မှာ.ကင်​ဆာ​ရောဂါ​နဲ့​ကွယ်​လွန်သွား​ခဲ့​ပါ​တယ်။

Credit to FB