မြန်မာ​နိုင်ငံ​အတွင်း​က အမျိုးသမီး​တွေ​ရဲ့ အခန်း​ကဏ္ဍ​ကို မြှင့်​တင်​နိုင်​ရေး​အတွက် အမျိုးသမီး​ပွဲတော်​ကို ရန်ကုန်​မှာ မတ် ၂ ရက်​မှ ၈ ရက် အထိ သီတင်း​တ​ပတ်​ကြာ​ကျင်းပ​ဖို့​ရှိ​နေ​ပါ​တယ်။

ရန်ကုန်မြို့​နေရာ​အနှံံ​႔​ကျင်းပ​မယ့် ဒီ​ပွဲတော်​မှာ အနု​ပညာ​ပြ​ပွဲ​တွေ၊ ဂီ​တ​ပွဲတော်​တွေ၊ ရုပ်​ရှင်​ပွဲတော်​တွေ​နဲ့ အလုပ်​ရုံ​ဆွေးနွေး​ပွဲ​တွေ ပါဝင်​မှာ ဖြစ်​တယ်​လို့ ရန်ကုန်​အမျိုးသမီး​ပွဲတော် ကျင်းပ​ရေး​အဖွဲ့​က ဒေါ်​ယမင်း​အေး​က ဒီ​ဗွီ​ဘီ​ကို​ပြော​ပါ​တယ်။

ဒီ​ပွဲ​ကျင်းပ​ရ​တဲ့​ရည်​ရွယ်​ချက်​နဲ့​ပတ်သက်​ပြီးဒေါ်​ယမင်း​အေး​က “မြန်မာ​ပြည်​မှာ​ရှိ​တဲ့ အမျိုးသမီး​တွေ​ရဲ့ အခန်း​ကဏ္ဍ​ကို မြှင့်​တင် ချင်​တာ​ပါ​တယ်။ ပြီး​တော့​ဒီ​နေ့ လူ​နေ​မှု​ဘ​၀ပေါ်​မှာ​ရှိ​တဲ့ အမျိုးသမီး​အနု​ပညာ​ရှင်၊ အတတ်​ပညာ​ရှင်​တွေ​ရဲ့ ခံစား​ချက်​အမြင်​တွေ မျှဝေ​ပေး​ဖို့ ရည်​ရွယ်​ချက်​လေး​နဲ့​လုပ်​တာ။”လို့​ပြော​ပါ​တယ်။

ဒါ့​အပြင် အမျိုးသမီး​တွေ​ဟာ​နေရာ​စုံ​မှာ အောင်မြင်​နိုင်​တယ်​ဆို​တဲ့ အချက်​ကို ပြသ​ချင်​တာ​ဖြစ်​တဲ့ အကြောင်း​နဲ့ ဒီ​ပွဲတော်​မှာ အမျိုးသမီး အားလုံး​ပါဝင် စေ​ချင်​တယ်​လို့ လည်း ပြော​ပါ​တယ်။

ဒီ​ပွဲ​ကို​မြန်မာ​နိုင်ငံ​မှာ ပထမ​ဆုံး အကြိမ်​ကျင်းပ​တာ ဖြစ်​ပြီး မတ်​လ ၈ ရက်​နေ့​မှာ​ကျ​ရောက်​တဲ့ နိုင်ငံ​တကာ အမျိုးသမီး​များ​နေ့ မှာ​တော့ ပြည်​လမ်း​က French Institute မှာ ပိတ်​ပွဲ​ကျင်းပ​ဖို့ အစီ​အစဉ်​ရှိ​ပါ​တယ်။

Credit to DVB