မြန်မာ​နိုင်ငံ​ရှိ သင်္ဘော လိုက်​လို​သူ အမျိုးသမီး​များ တရား ဝင်​လိုက်​ခွင့်​ရ​စေ​ရန် ကြိုးစား​သွား မည်​ဟု မြန်မာ​နိုင်ငံ​ပင်လယ်ကူး သင်္ဘောသား​များ​အဖွဲ့​ချုပ် (MSF) အလုပ်​အမှုဆောင် ဒေါက်​တာ ဦး​ရဲ​အောင်​က ပြော​ကြား​သည်။

‘‘လက်​ရှိ​မှာ​လည်း အချို့​မြန် မာ​မိန်း​ကလေး​တွေ ခရီးသည်​တင် သင်္ဘော​တွေ​မှာ စားပွဲ​ထိုး​လို​မျိုး တွေ​နဲ့ လိုက်​နေ​ကြ​တာ​ရှိ​ပါ​တယ်။ တရားဝင်​သင်္ဘောသား​မှတ်ပုံတင် တော့​မ​ရှိ​ကြ​ဘူး​ပေါ့’’ဟု ၎င်း​က ပြော​သည်။

၂​၀​၁​၅ ဇန်နဝါရီ​လ​တွင် ပြု လုပ်​မည်​ဖြစ်​သော သင်္ဘောသား များ​၏ အလုပ်အကိုင်​တိုးတက် ရေး​နှင့် ပတ်သက်​သည့်​စာ​တမ်း ဖတ်​ပွဲ​၌ အဆို​ပါ​ကိစ္စ​အား ထည့် သွင်း​ပြော​ကြား​သွား​မည်​ဟု သိ​ရ သည်။

‘‘လုံခြုံ​ရေး​နဲ့ ပတ်သက်​လို့ တော့ သင်္ဘောပေါ်​မှာ စည်းကမ်း တ​ကျနေ​ထိုင်​နိုင်​ရင် စိတ်ပူ​စရာ မ​လို​ပါ​ဘူး။ ပြီး​တော့ ကိုယ့်​ကိုယ် ကိုယ် စည်း​နဲ့ ကမ်း​နဲ့​နေ​မယ်​ဆို​ရင် စိတ်ချ​လို့​ရ​ပါ​တယ်’’ဟု ၎င်း​က ထပ်မံ​ပြော​ကြား​သည်။

ယခု​အချိန်​ထိ အမျိုးသမီး များ​အား တရားဝင်​သင်္ဘော​လိုက် ခွင့်​ပြု​ထား​ခြင်း လုံး​ဝ​မ​ရှိ​သေး ကြောင်း၊ ဝန်ကြီး​ဌာန​၏ ညွှန်​ကြား​ချက်​နှင့် အတည်ပြု​မှု​များ​ရှိ​လာ လျှင် လက်ခံ​ဆောင်ရွက်​သွား​မည် ဖြစ်​ကြောင်း ရေကြောင်း​ဦးစီး​ဌာန၊ သင်္ဘောသား​ဌာန​ခွဲ ညွှန်​ကြား​ရေး​မှူး ဦး​တိုး​မြင့်​က ပြော​သည်။

‘‘နိုင်ငံ​တကာ​နဲ့ ယှဉ်​လိုက်​ရင် တော့ သိပ်​မ​ဆန်း​ပေ​မယ့် မြန်မာ​လူ​မျိုး​တွေ​အတွက်​တော့ ကြား​ရ​တာ တစ်​မျိုး​ဖြစ်​နေ​တာ​ပေါ့။ ဒီ​ကိစ္စ တရားဝင်​ဖြစ်​သွား​ရင်​တော့ မ​ဆိုး ပါ​ဘူး။ ပြီး​တော့ သင်္ဘောပေါ်​မှာ ကိုယ့်​စည်း​နဲ့ ကိုယ်​နေ​ရင် ပြ​ဿ နာမ​ရှိ​နိုင်​ပါ​ဘူး။ ဥ​ရော​ပ​နိုင်ငံ​တွေ မ​ပြော​နဲ့ ကို​ရီး​ယား​တို့၊ ဖိ​လစ်​ပိုင် တို့​လို နိုင်ငံ​မျိုး​တွေ​တောင် Girl Cadet တွေ​ရှိ​နေ​ပါ​တယ်’’ဟု ဖိ လစ်​ပိုင်​အမျိုးသမီး​အရာရှိ​လောင်း တစ်​ဦး​နှင့် သင်္ဘော​တစ်​စီး​တည်း စီး​ခဲ့​သော သင်္ဘော​စက်​ပိုင်း​မှ အရာရှိ​တစ်​ဦး​က ပြော​သည်။

ယခု​လက်​ရှိ​အရာရှိ​လောင်း များ​ကို မွေး​ထုတ်ပေး​လျက်​ရှိ​သော ရေကြောင်း​တက္ကသိုလ်​နှင့် ရေ ကြောင်း​သိပ္ပံ​တို့​တွင်​လည်း အမျိုး သား​များ​ကို​သာ လက်ခံ​ဆဲ​ဖြစ် သည်။ ၂​၀⁠၀​၈-၂​၀⁠၀​၉ ပညာသင် နှစ်​မှ​စ​၍ အမျိုးသမီး​များ ကျောင်း သူ​များ​ကို စတင်​လက်ခံ​ခဲ့​သော ရေကြောင်း​တက္ကသိုလ်​တွင်​လည်း အရာရှိ​လောင်း​များ​အဖြစ် တိုက် ရိုက်​သင်္ဘော​လိုက်​ခွင့်​ရှိ​သော Nautical Science နှင့် Marine Engineering ဘာသာ​ရပ်​များ​ကို ကျောင်း​သူ​များ​အား ဝင်​ရောက် ခွင့်​မ​ပေး​သေး​ပေ။

အချို့​မြန်မာ​အမျိုးသမီး​များ ခရီးသည်​တင် အပျော်​စီး​သင်္ဘော များ​၌ သွား​ရောက်​လုပ်ကိုင်​နေ​မှု များ​ရှိ​ကြောင်း၊ ဟောင်​ကောင်၊ စင်​ကာ​ပူ​အစ​ရှိ​သော နိုင်ငံ​များ​၏ အပျော်​စီး​သင်္ဘော​များ၊ ခရီးသည် တင်​သင်္ဘော​များ​တွင် သွား​ရောက်​လုပ်ကိုင်​လေ့​ရှိ​ကြောင်း၊ သို့သော် ရေကြောင်း​ဦးစီး​ဌာန​မှ တရားဝင် ထုတ်ပေး​ထား​သော အသိ​အမှတ် ပြု​လက်မှတ်​များ​မ​ရှိ​ကြ​ကြောင်း၊ မြန်မာ​အေဂျင်စီ​များ​ဘက်​မှ​လည်း ခေါ်​ဆို​မှု​များ​မ​ရှိ​သေး​ကြောင်း​ကို JSM သင်္ဘော​လိုင်း​မှ ဒါ​ရိုက်​တာ ကပ္ပတိန် ဇော်​ရဲ​ကို​က ပြော​သည်။

အမျိုးသမီး​များ​သင်္ဘော လိုက်​ခြင်း​အပေါ် အချို့​သင်္ဘော သား​များ​က​လည်း ဝေဖန်​မှု​များ​ရှိ နေ​ပြီး မြန်မာ​အမျိုးသမီး​များ​အ နေ​ဖြင့် သင့်လျော်​မှု​မ​ရှိ​ကြောင်း၊ လက်​ရှိ တရားဝင်​မှတ်ပုံတင်​ထား သော သင်္ဘောသား​ဦးရေ​မှာ တစ် သိန်း​ခန့်​ရှိ​နေ​ပြီ​ဖြစ်သော်​လည်း အမှန်​တကယ် သင်္ဘော​လိုက်​နေ​ရ သူ​များ​မှာ သုံး​သောင်း​ခန့်​သာ​ရှိ​နေ သေး​ကြောင်း သင်္ဘောသား​အ သိုင်း​အဝိုင်း​မှ သိ​ရ​သည်။

Credit to 7Day Daily