စ​ပီ​ကာ လောက​မှာ အောင်မြင်​မှု​ရထား​ပြီး​ဖြစ်​တဲ့ Beats by Dre တံ​ဆပ်​ရဲ့ Beats Pill အိပ်​ဆောင် စ​ပီ​ကာ အသစ်​တစ်​မျိုး အဖြစ် Beats Pill XL ကို အရောင်​သစ်​နှစ်​မျိုး​နဲ့ အတူ ထပ်မံ​ထုတ်​လုပ်​လိုက်​ပါ​ပြီ။

Beats Pill XL ဟာ ပိုမို အရွယ်​အစား ကြီး​ပြီး ပိုမို အသံကျယ်​ကာ အလွယ်​တ​ကူ သုံး​နိုင်​တယ်​လို့ သိ​ရ​ပါ​တယ်။ ထို စ​ပီ​ကာ ဟာ အခန်း​ကျယ် တစ်​ခု​စာ အတွက် လုံလောက်​တဲ့ အသံကျယ်​လောင်​မှု ကို ပေး​နိုင်​သ​လို အိမ်​နောက်ဖေး အသား​ကင် ပါ​တီ ပွဲ တစ်​ခု အတွက်​ကောင်း​စွာ သုံး​နိုင်​တယ်​လို့ သိ​ရ​ပါ​တယ်။ ဒါ့​အပြင် မည်​သည့် Bluetooth ကိရိယာ​နှင့်​မ​ဆို တွဲ​ဖက်​အသုံးပြု​နိုင်​တာ​ကြောင့် သင်​ကြိုက်​နှစ်သက်​တဲ့ ဂီ​တ သံ​စဉ်​တိုင်း​ကို ဘယ်​နေရာ​ကို မ​ဆို ယူဆောင်​သွား​နိုင်​မှာ ဖြစ်​ပါ​တယ်။

အခု​တစ်​ခေါက်​မှာ​တော့ Beats Pill တွေ အတွက် ကွဲပြား​တဲ့​အရောင်​တွေ အဖြစ် Beat Pills XL ကို အဖြူ​ရောင် ၊ မိုး​ပြာ​ရောင်​နှစ်​မျိုး​နဲ့ ထုတ်​လုပ်​လိုက်​တယ်​လို့ သိ​ရ​ပါ​တယ်။

Credit to Trend Myanmar