အလုပ်​ခွင် တစ်​ခု​မှာ အလုပ်​ကို အကောင်း​ဆုံး​ဖြစ်​အောင် ကြိုးစား လုပ်ဆောင်​နေ​ရုံ​နဲ့​လည်း လုပ်​ငန်း​မှာ နေပျော်​ပြီး အောင်မြင်​မှု ရ​လိမ့်​မယ်​လို့ မ​ထင်​ပါ​နဲ့​ဗျာ။ တကယ်​တော့ ကိုယ့်​အထက္က​အရာရှိ (တစ် နည်း) ပြော​ရ​ရင် မန်နေဂျာ​နဲ့​လည်း အဆင်​ပြေ​ပါ​မှ လုပ်​ငန်း​ခွင်​မှာ စိတ်လက်​ချမ်းသာ​စွာ နေထိုင်​နိုင်​မှာ ဖြစ်​ပြီး အလုပ်​လုပ်​ရ​တာ လဲ ကောင်းမွန်​တယ်​လို့ ခံစား​ရ​မှာ ဖြစ်​ပါ​တယ်။

အောက်​ပါ နည်း​လမ်း​တွေ​ကတော့ မန်နေဂျာ​နဲ့ သင်​နဲ့ ကြား​ထဲ​မှာ အဆင်​ပြေ​စေ​မယ့် နည်း​လမ်း​တွေ တစ်​နည်း​ပြော​ရ​ရင် မန်နေဂျာ​တွေ​ကို တည့်​အောင်​ပေါင်း​နည်း​တွေ ဖြစ်​ပါ​တယ်။

  • တခြား​သူ​တွေ​နဲ့ မ​တူညီ​အောင် လုပ်ဆောင်​ပြ​ပါ။ ချိုသာ​စွာ နှုတ် ဆက်​ခြင်း၊ အများ​ထက် အလုပ်​ကို ပိုမို ကြိုးစား​ပြ​ခြင်း၊ အလိုက်​တ သိ နေထိုင်​ပြ​ခြင်း စ​တာ​တွေ ဖြစ်​ပါ​တယ်။
  • ကိုယ့် အထက် အရာရှိ​ကို အမြဲ​တမ်း လေးစား​ချစ်ခင်​မှု ရှိ​ပါ။ နောက် ကွယ် ထိ​အောင်​ပါ လေးစား​မှု​ရှိ​ပါ၊ ထား​ပါ။
  • ပေး​တဲ့ တာဝန်​ကို ငြင်းဆန်​ချက် မ​ရှိ​ပဲ လုပ်ဆောင်​ပါ၊ တကယ်​လို့ မ​လုပ်ဆောင်​နိုင်​ဘူး​ဆို​ရင်တောင်​မှ တစ်​ကြိမ်​တော့ အနည်း​ဆုံး ကြိုးစား​ပြီး​မှ မိမိ မ​စွမ်းဆောင်နိုင်​ကြောင်း ပြန်လည်​တင်ပြ​ပါ။
  • နောက်​ကွယ်​မှာ မိမိ​ရဲ့ အထက်​အရာရှိ​ရဲ့ မ​ကောင်း​ကြောင်း​ကို မ​ပြော​ပါ​နဲ့။
  • နောက်​ပြီး ကိုယ့်​နေရာ​မှာ ကိုယ်​နေ​ပါ၊ ကိုယ်​နဲ့ မ​ဆိုင်​ပဲ ဝင်​ရောက် ပြောဆို​တာ၊ အကြံပေး​တာ​တွေ မ​လုပ်ဆောင်​ပါ​နဲ့။
  • အလုပ်​ဟာ ပုဂ္ဂိုလ်​ရေး​နဲ့ သီးခြား ဖြစ်​ကြောင်း​နားလည်​ပါ။
  • ပြန်လည် သက်ရောက်​မှု​နဲ့ ဖြစ်ပေါ်​လာ​တဲ့ ကောင်း​ကွက်၊ ဆိုး​ကွက်​တွေ​ကို အမြဲ​တမ်း ပြန်လည် တင်ပြ​ပါ။
  • နောက်​ပြီး ကိုယ့်​အပေါ်​မှာ ရှိ​နေ​တဲ့ သူဌေး​ရဲ့ သံသယ​စိတ်​တွေ ကို ပျောက်​အောင် လုပ်ဆောင်​ပါ။ သံသယ​ဆို​တဲ့ နေရာ​မှာ လုပ်​ငန်း ရှင်​တိုင်း​က ဒီ​ဝန်​ထမ်း ဒီ​တာဝန်​ကို အောင်မြင်​အောင် ထမ်း​ဆောင်​နိုင် ပါ့​မ​လား​ဆို​တာ​မျိုး​ကို ဆိုလို​ပါ​တယ်။