အီ​ဂျစ်​အမျိုးသမီး​တစ်​ဦး​သည် သူမ​၏​ခင်ပွန်း သေ​ဆုံး​သွား​ပြီး​နောက် မိသား​စု​ကို ထောက်ပံ့​ရန်​နှင့် အလုပ် ရှာဖွေ​ရန် အမျိုးသား​တစ်​ဦး​အဖြစ် ဝတ်ဆင်​ကာ နှစ်​ပေါင်း ၄​၀ ကျော် ကြာ နေထိုင်​ခဲ့​ကြောင်း Xinhua သ တင်း​အရ သိ​ရ​သည်။

အသက် ၆​၅ နှစ်​အရွယ် ဆီ ဆာ​ဂါ​ဘာ​အဘူ​ဒူ​သည် သူမ​၏​ဇာ တိ​ဖြစ်​သော လူဇော်​မြို့​တွင် အထင်​ကရ​ပုဂ္ဂိုလ်​တစ်​ဦး​ဖြစ်လာ​ခဲ့ သည်။

စနေနေ့​က ကျ​ရောက်​ခဲ့​သော အီ​ဂျစ် နိုင်ငံ​၏ အမေ​များ​နေ့​တွင် သူမ​သည် ထောက်ပံ့​ပေး​နိုင်​ဆုံး​သော မိ​ခင်​အ ဖြစ် သတ်​မှတ်ခံ​ခဲ့​ရ​ပါ​တယ်။

အီ​ဂျစ် သမ္မတ အဗ္ဗ​ဒယ်-ဖာ​တာ​အယ်လ်- စီ⁠စီ​သည် တနင်္ဂနွေနေ့​က ၎င်း​၏ သမ္မတ​နန်းတော်​တွင် ဒူ​အား ဂုဏ် ပြု​ခဲ့​ပြီး သူမ​အား စံ​ထား​ထိုက်​သော မိ​ခင်​အဖြစ် သတ်​မှတ်​ခဲ့​သည်။

ထို့ အပြင် သူမ​အား အမေ​ရိ​ကန်ဒေါ် လာ ၆​၅​၀​၀ ခန့် ဆုငွေ​ချီးမြှင့်​ခဲ့​သည်။

သူမ​၏​ခင်ပွန်း​သည် ၎င်း​တို့​၏ ပထမ ရင်သွေး​အတွက် ကိုယ်ဝန်​လွယ်​ထား​စဉ် တွင် ကွယ်​လွန်သွား​ခဲ့​သည်။

သူမ​၏​မိသား​စု​အတွက် သူမ တွင် ရွေးချယ်​စရာ​လမ်း မ​ရှိ​ခဲ့​ပေ။ ၁​၉​၇​၀ ပြည့်​နှစ်​များ​ကတည်းက အီ ဂျစ်​တွင် အမျိုးသမီး​များ​ကို အလုပ် သမား​အဖြစ် ငှားရမ်း​ခြင်း မ​ရှိ​ကြ​သ​ဖြင့် အမျိုးသား​တစ်​ဦး​ကဲ့သို့ ဝတ်ဆင်​ကာ အလုပ်​ရှာ​ခဲ့​ရ​သည်။

သူမ​သည် အမျိုး သားတစ်​ဦး​နှင့် တူ​စေ​ရန် ဆံပင်​တို​ညှပ် ခဲ့​ရ​ပြီး ခေါင်းပေါင်း ပေါင်း​ထား​ရ သည်။ သူမ​သည် ဖိနပ်​တိုက်​ခြင်း၊ လယ်သမား​လုပ်​ခြင်း​နှင့် ဆောက်​လုပ် ရေး​အလုပ်​သမား​အဖြစ်​ပါ လုပ်ကိုင် ခဲ့​သည်။

သူမ​ဟန်ဆောင်​ထား​သည်​ကို မ​သိ​နိုင်​သော ကျေးရွာ​များ​တွင် အ လုပ်⁠လုပ်​ရန် သူမ​ရွေးချယ်​ခဲ့​သည်။

”ကျွန်မ​ယောက်ျား​သေ​သွား​ပေ​မယ့် နောက်​အိမ်ထောင်​မ​ပြု​ပါ​ဘူး။ ကျွန် မ​ရဲ့ တစ်​ဦး​တည်း​သော​သမီး​အတွက် မိ​ခင်​တာဝန်​ရော ဖ​ခင်​တာဝန်​ပါ ကျေ​အောင် လုပ်​ခဲ့​ပါ​တယ်။ ကျွန်မ အလုပ်​တွေ​မျိုး​စုံ​လုပ်​တယ်။ ကျွန်မ လေးလံ​တဲ့ ကွန်​က​ရစ်​နဲ့ ဘိလပ်မြေ အိတ်​ကြီး​တွေ​ကို ခေါင်းပေါ်​တင်​ပြီး သယ်​ခဲ့​တယ်။ သူတောင်းစား​အလုပ် က​လွဲ​လို့ ကျန်​တဲ့​အလုပ်​အားလုံး ကျွန်မ​လုပ်​နိုင်​တယ်” ဟု သူမ​က အီ ဂျစ်​ရုပ်​သံ​ချန်​နယ် CBC မှ​ထုတ်​လွှင့် သော အစီ​အစဉ်​တွင် ခါး​သီး​စွာ ပြော​ကြား​ခဲ့​သည်။