သရုပ်ဆောင်​တစ် ယောက်​အဖြစ် အာ​ရွှီး​တဲ့​ကို​ကို ဇာတ်​ကား​တွင် ပထမ​ဆုံး​ပါဝင်​ခဲ့ သည့် Bobby Soxer က ဇာတ် ကား​ရိုက်​ကူး​ရန် ထပ်မံ​ကမ်းလှမ်း လာ​ပါ​က ဇာတ်​လမ်း​ကို သေ​သေ ချာချာ​ရွေး​၍ ရိုက်​ကူး​ချင်​သည်​ဟု ပြော​သည်။

‘‘ပရိသတ်​ကတော့ ချစ်​တဲ့ မျက်စိ​လေး​နဲ့ ကြည့်​ပြီး ညီမ​ကို ပထမ​ဆုံး​သရုပ်ဆောင်​တာ မ ကြောင်​ဘူး​လို့​တော့ ပြော​ကြ​တယ်။ သရုပ်ဆောင်​တာ​က ကိုယ်လုပ်​နေ ကျ​အရာ​မဟုတ်​တဲ့​အတွက် စိတ် တိုင်း​မ​ကျ​တာ​တွေ အများ​ကြီး​ဖြစ် တယ်။ လို​တာ​တွေ​ကတော့ အ များ​ကြီး​ပါ။ ဒီ့​ထက်​လည်း​ပို​ပြီး ပြင်ဆင်​ချင်​ပါ​တယ်’’ ဟု Bobby Soxer က ပြော​သည်။

အဆို​ပါ​ဇာတ်​ကား​ရိုက်​ကူး ခဲ့​ခြင်း​သည် သရုပ်ဆောင်​ခြင်း​နှင့် ပတ်သက်​၍ အတွေ့​အကြုံ​အများ ကြီး​ရ​ခဲ့​ပြီး အတူ​တွဲ​ဖက်​သရုပ် ဆောင်​များ​နှင့် ရှု​တင်​အဖွဲ့​သား များ​ဆီ​မှ အကူအညီ​ရသ​ကဲ့သို့​ပညာ​လည်း​ရ​ခဲ့​သည်​ဟု ဆို​သည်။

သရုပ်ဆောင်​အနေ​ဖြင့် ထပ် မံ​ရိုက်​ကူး​လို​သည့် ကာ​ရိုက်​တာ​ကို​စဉ်းစား​မ​ထားသော်​လည်း ဇာတ် ကား​များ ရိုက်​ကူး​ရန် ထပ်မံ​ကမ်း လှမ်း​လာ​ပါ​က ဇာတ်​လမ်း​ကို သေသေချာချာ​ဖတ်​၍ လက်ခံ​ရိုက်​ကူး မည်​ဟု Bobby Soxer က ပြော​သည်။

အနု​ပညာ​လှုပ်ရှား​မှု​အနေ ဖြင့် မတ်​လ ၂​၉ ရက်​တွင် မန္တလေးမြို့​၌ ပြုလုပ်​မည့် ဖျော်ဖြေ​ပွဲ​တွင် ပါဝင်​မည်​ဖြစ်​ပြီး သင်္ကြန်​သီချင်း ခွေ​များ​တွင်​လည်း ပါဝင်​သီ​ဆို ထား​သည်​ဟု ပြော​သည်။

Credit to 7Day Daily