ကြိုက်​လွန်း​လို့..အကြိမ်ကြိမ် ပြန်​ဖတ်​ပါ​တယ်..ဖတ်​ပြီး​တိုင်း​လဲ​ပြန်​မျှဝေ​ပေး​ချင်​တဲ့
စိတ်​ကြောင့်…ပြန်​တင်​ပေးလိုက်​ပါ​တယ်နော်…မ​ဖတ်​ရ​သေး​တဲ့​သူငယ်​ချ​င​္း​တွေ​အတွက်​ပါ………
ဒီ​စာ​လေး ဖတ်​ပေး​ပါ​အုံးနော်……. သိပ်​ကောင်း​တဲ့ စာ​လေး​ပါ၊ ဒီ​စာ​လေး​ဖတ်​ပြီး ဒဏ်ရာ​တွေ​များ​ရှိ​နေ​လို့ ပျောက်​ခဲ့​မယ်​ဆို​ရင်………
ဒီ​စာ​လေး​ကို​ကျေးဇူးပြု​ပြီး ဆုံး​အောင်​ဖတ်​ပေး​ပါ….

ဟို​တုန်း​က အင်မတန်​မှ စိတ်တို၊ စိတ်ဆတ်​တဲ့ ကောင်​လေး တစ်​ယောက်​ရှိ​သ​တဲ့။ တစ်​နေ့​ကျ​တော့ သူ့​အဖေ​က ကောင်​လေး​ကို အိမ်​ရိုက်​သံ​တစ်​ထုပ် ပေးလိုက်​ပြီး ပြော​ပါ​တော့​တယ်။
မင်း​တစ်​ခါ စိတ်တို​တိုင်း သံ​တစ်​ချောင်း​ကို​နောက်ဖေး က ဝင်း​ထရံ​တိုင်​မှာ သွား​ရိုက်​ချေ​ကွာ​တဲ့။

အဖေ​က အဲ​ဒီ​လို​ပြော​ပြီး သံ​ထုပ်​ကို​ပေးလိုက်​တဲ့ ပထမ​နေ့​မှာ ကောင်​လေး​ဟာ ဝင်း​ထရံ​တိုင်​မှာ သံ​ပေါင်း ၃​၇ ချောင်း​ရိုက်​သွင်း ဖြစ်​သွား​တယ်။ အဲ​ဒီ​လို​နဲ့​သူ​စိတ်တို​တိုင်း သံလေး​တွေ​ကို ဝင်း​ထရံ​မှာ ရိုက်​ရင်း​ရိုက်​ရင်း ကောင်​လေး​ဟာ သူ့​စိတ်​သူ ထိန်း​နိုင်​လာ​သ​တဲ့။ သံ​ရိုက်​ချက်​တွေ​ဟာ​လည်း တစ်​နေ့​ထက်​တစ်​နေ့ ကျဲ​လာ​ခဲ့​တယ်။
ဒီ​လို​နဲ့ ကောင်​လေး​ဟာ ဝင်း​ထရံ​မှာ သံ​ပြေး​ရိုက်​တာ​ထက်​စာ​ရင် ဒေါသ​ဖြစ်​နေ​တဲ့ စိတ်​ကို​ထိန်း​ရ​တာ ပို​လွယ်​မှန်း သ​ဘောက်​ပေါက်​လာ​တော့​တယ်၊ အဆုံး​မှာ ကောင်​လေး​ဟာ စိတ်​မ​တို​ပဲ​နေ နိုင်​တဲ့​နေ့​ကို ရောက်လာ​ရော၊ ကောင်​လေး​က ပြေး​ပြီး သူ့​အဖေ​ကို သ​တင်း သွား​ပို့​တယ်…. အဖေ​ရေ… သား​တော့ စိတ်​ကို ထိန်း​နိုင်​သွား​ပြီ​ဗျ။
အဲ့​ဒီ​လို​ကျ​တော့ သူ​အဖေ​က တစ်​မျိုး​ခိုင်း​ပြန်​ရော…၊

မင်း​ကိုယ်​မင်း ဒေါသ​မ​ဖြစ်​အောင်​တစ်​နေ​ကုန် ထိန်း​နိုင်​ပြီ​ဆို​တာ​နဲ့ အဲ့​ဒီ​သံတွေ​ကို ပြန်​နုတ်​ဦး​ကွာ။ တစ်​နေ့​ထိန်း​နိုင်​ရင် ည​အိပ်​ခါ​နီး တစ်​ချောင်း​နှုန်း​နဲ့ နှုတ်နော်​လို့ မှာလိုက်​သ​တဲ့။ ရက်​တွေ​ကြာ​လာ​တော့ ကောင်​လေး က သူ့​အဖေ​ကို​ပြော​နိုင်​သွား​တယ်။ အဖေ​ရေ သား​ရိုက်​ခဲ့​တဲ့ သံတွေ အားလုံး ကို​နှုတ်​ပြီး​သွား​ပြီ၊ တစ်​ချောင်း​မှ မ​ကျန်​တော့​ဘူး။
သည်​အခါ အဖေ​လုပ်​တဲ့​သူ​က သား​ရဲ့​လက်​ကို ဆွဲ​ပြီး သား​ရိုက်​ခဲ့​တဲ့ ဝင်း​ထရံ​ဆီ​ကို ခေါ်​သွား​တယ်၊
တော်​တယ်​ငါ့​သား​လို့​လည်း ဆို​ပါ​တယ်။

ဒါ​ပေ​မယ့် သား​သေချာ​ကြည့်​စမ်း။ ဝင်း​ထရံ​တိုင်​မှာ အပေါက်​တွေ​ဖြစ်​ကျန်​ခဲ့​တယ်နော်။ ဒီ​ဝင်း​ထရံ​တိုင်​တွေ​က အရင်​တုန်း​က လို ချော​ချောမွေ့​မွေ့ မဟုတ်​တော့​ဘူး​ဆို​တာ သား​မြင်​တယ် မဟုတ်​လား။
အေး သား​က စိတ်တို​တို​နဲ့ ပါး​စပ်​က ပြော​ချ​လိုက်​တဲ့​အခါ တစ်ဖက်သား​ဆို​တဲ့ ဝင်း​ထရံ​တိုင်​မှာ အခု​လို အမာရွတ်​တွေ​ထင်​ကျန်​ရစ်​ခဲ့​တတ်​တယ် သား​ရယ်။

အဲ​ဒီ​လို​ပဲ လူ​တစ်​ယောက်​ကို သား​က ဓါး​နဲ့​ထိုး​လိုက်​တယ်။ ပြီး​ရင် ဓါး​ပြန်​နှုတ်​ပြီး ရှိခိုး​တောင်​ပန်​တယ်​ဆို​ပါ​စို့။ သား​ဘယ်နှစ်​ခါ​ဘဲ ရှိခိုး​တောင်းပန်​ပါ​စေ။ ဒဏ်ရာ​နဲ့ အမာရွတ်​တွေ​ကတော့ မ​လွဲ​မ​သွေ ကျန်​ခဲ့​မှာ​ပဲ ငါ့​သား​ရယ်….တဲ့။

တကယ်​တော့ မိတ်ဆွေ​သူငယ်ချင်း​တွေ​ဆို​တာ အဖိုးတန်​တဲ့ ရတနာ​တွေ​ပါ​ပဲ။ သူ​တို့​ဟာ ငါ​တို့​တွေ​ကို ပျော်​ရွှင်​ရယ်မော​စေ​တယ်။ အားပေး​ကူညီ​တယ်။ ဒုက္ခ၊ သုခ​တွေ​ကို လည်း မျှဝေ​ခံစား​ကြ​တယ်။ ရင်​ဖွင့်​သ​မျှ​ကို ဂရုစိုက်​နားထောင်​ပေး​တယ်။

ဒါ​ကြောင့် တစ်​ခု⁠ခု​ဆို စိတ်​လိုက်​မာန်​ပါ မ​လုပ်​နဲ့။ သူ​တို့​ကို သံ​နှုတ်​ရာ​ကျန်​ခဲ့​တဲ့ ဝင်း​ထရံ​တွေ​အဖြစ် မ​ရောက်​ပါ​စေ​နဲ့။ ကိုယ့်​မိတ်ဆွေ သူငယ်ချင်း​တွေ​ကို ကိုယ်​က ဘယ်လောက်​ဂရုစိုက် ကြောင်း သူ​တို့​ကို​လည်း သူ​တို့​ရဲ့ မိတ်ဆွေ​တွေ​အပေါ် ဂရုစိုက်​လာ အောင် လုပ်​ပေး​သင့် ကြောင်း​ပြော​ကြား​ပေး​ပါ။

ဒါ​ကြောင့် ကိုယ်တိုင်​က သူငယ်ချင်း​ကောင်း မိတ်ဆွေ​ကောင်း​အဖြစ် သတ်​မှတ်ထား​တဲ့​သူ​တွေ​ဆီ​ကို ဒီ​ပုံပြင်​လေး​ကို လက်ဆင့်ကမ်း​ပါ။ ယုတ်​စွ​အဆုံး ဒီ​စာ​လေး​ကို ပို့​လိုက်​တဲ့​သူ​ဆီ ဒီ​အတိုင်း ပြန်​ပို့​နိုင်​ပါ​သေး​တယ်။ ကိုယ်​ပို့​လိုက်​တဲ့ စာ ကိုယ့်​ဆီ​ပြန်​ရောက်လာ​ရင် ကိုယ့်​မှာ မိတ်ဆွေ​ကောင်း​တွေ ရှိ​နေ​တာ​ကို အလိုလို ခံစား​နိုင်​မှာ​ပါ။

(ဒီ​စာအုပ်​နာမည်​က နေပျော်​တဲ့​ဘ၀၊ ကြည်မြ​တဲ့​ဘဝင်၊ ရွှင်လန်း​တဲ့​စိတ် ဖြစ်​ပါ​တယ်။ ရေး​တဲ့​သူ​က ဆရာ​အတ္တကျော်​ပါ။)
Credit: Phyu Sin