ခေတ်​ကြီး​သည် ၂​၀ ရာ​စု​မှ​သည် ၂​၁ ရာ​စု​သို့​ရောက်​ရှိ​လာ​ခဲ့​ပါ​ပြီ။
အရာ​ရာ​တို့ သည်​လည်း​တစ်​ခေတ်​ပြီး​တစ်​ခေတ်​ပြောင်းလဲ​ခဲ့​ကြ​ပါ​ပြီ။
သို့​ပါသော်​လည်း​ကျွန်တော်​တို့​ဘိုး​ဘွား​စဉ်​ဆက်​ဆို​မိန့်​ခဲ့​ကြ​သော
အောက်​ပါ​အချက်​ကလေး​များ​ကတော့ ဘာ​ကြောင့်​ပဲ​ဖြစ်​ဖြစ် အသက်​ဝင်​နေ​ဆဲ၊အလေး​ဂရုပြု​ရ​မည့်​အရာ​များ ဖြစ်​နေ​ဆဲ​ဖြစ်​ပါ​တော့​သည်။

  •  အိမ်​ရှေ့​၌ ဌက်​ပျော​ပင်မ​စိုက်​ကောင်း။
  • ကိုယ်ဝန်ဆောင်​များ​သည် အပြောအဆို​မ​ကြမ်း​ကောင်း။
  •  လက်ဖက်​သုပ်​စား​ပြီး​နောက် ကလေး​ငယ်​၏​ပါး​ကို မ​နမ်း​ကောင်း။
  • ကတ်ကြေး၊ကွမ်းညှပ်၊ဓား စ​သည်​တို့​ကို ဖြတ်စ​ရာ ညှပ်​စရာ မ​ပါ​ပဲ
    မ​ညှပ်​ကောင်း။
  •  သစ်ပင်​နှစ်​ပင်​ကြား​တွင် အဝတ်​လှန်း​ရန် ဝါး​မ​ညှပ်​ကောင်း။
  •  အိမ်​တွင် ဇယ်​မ​ခုတ်​ကောင်း။
  • အိမ်သား​တစ်​ဦးဦး ဖျားနာ​နေ​စဉ် ခေါင်း​မလျှော်​ကောင်း။
  • ယောက်မ​နှင့်​ထမင်းအိုး​ကို မ​ရိုက်​ကောင်း။
  •  စလောင်း​ဖုံး​ကို မီး​ဖိုပေါ်​မ​အုပ်​ကောင်း။
  •  မီးဖို​မှာ လူ​နှစ်​ယောက်​ပြိုင်​တူ​မီး​မ​မှုတ်​ကောင်း။
  • ညောင်​သား​ကို​ထင်း​မ​စိုက်​ကောင်း။
  •  ကျောက်နီ​လက်​စွပ်​ကို နှစ်​ကွင်း​ထပ်​၍ မ​စွပ်​ကောင်း။
  •  ဖိနပ်ချွတ်​သော​နေရာ​တွင် ထီး​မ​ထား​ကောင်း။
  •  ဖိ​နပ်ပေါ်​သို့​ထီး​အချွန်​မ​ထောက်​ကောင်း။
  • ဖျာ​ကို​လိပ်​ပြီး အမြှင့်​၌ မ​တင်​ကောင်း။
  •  နာရီ​ကို ခြေရင်း​ဘက်​တွင် မ​ချိတ်​ကောင်း။
  •   မိဘ ကြီးကဲ​သူ​တို့​၏ ဖိနပ်​ကို​မ​နင်း​ကောင်း။
  • ဓာတ်​ခဲ​အဟောင်း​များ​ကို အိမ်​တွင်​မ​ထား​ကောင်း။
  •  အိမ်​၏​မျက်နှာစာ​တွင် ထမင်း​ဟင်း​ချက်​ပြုတ်​၍ မ​စား​ကောင်း။
  • ကွဲအက်​နေ​သော မှန်​များ အိမ်​တွင်​မ​ထား​ကောင်း။
    Credit to FB