နို​ဘယ်​ဆု​ရ ကမ္ဘာ ကျော် ရူပဗေဒ ပညာ​ရှင် အဲလ်​ဘတ် အိုင်း​စ​တိုင်း နှင့် ပက်​သက် ၍ လူ​သိ နည်း သော အကြောင်း အရာ​များ က အောက်​ပါ အတိုင်း ဖြစ်​ပါ တယ်။

၁။ အိုင်း​စ​တိုင်း ဟာ အသက် ၄ နှစ် အရွယ် က​စ​လို့ စကားပြော တတ် ခဲ့​ပါ​တယ်။ သို့​ပေ​မယ့် အ သက် ၉ နှစ် အထိ စကား​ကို ပီပီ ပြင်​ပြင်၊ များ​များ စား​စား မ​ပြော​နိုင် ပါ​ဘူး။ တစ်​ရက် မိသား​စု နှင့် ညစာ စား​စဉ်​ချိန် မှ ” The Soup is too hot” လို့ စ​ပြော​ပြီး သူ​စကား ပြော​တတ်​ရဲ့ သား​နဲ့ မ​ပြော ပဲ နေ​ခဲ့ တယ် ဆို​တာ ကို သိ​သွား ပါ​တယ်။ သူ့​ရဲ့ အကြောင်းပြ ချက် ကတော့ “Because up to now everything was in order.” ဖြစ်​ပါ တယ်။

၂။ အသက် ၅ နှစ် အရွယ်​မှာ ဖ​ခင် ဖြစ်​သူ က သူ့​ကို သံ​လိုက် အိမ်​မြောင် တစ်​ခု လက်ဆောင် ပေး ခဲ့​ပြီး ရူပဗေဒ ပညာ အပေါ် ရူး​သွတ်​ခြင်း ကို ယင်း သံ​လိုက် အိမ်​မြောင် မှ စတင် ခဲ့​ခြင်း ဖြစ်​ပါ​တယ်။ သံ​လိုက် အိမ်​မြောင် ဟာ ဘာ​လို့ အရပ် မျက်နှာ ပြသ​မှု​မှာ ပုံသေ ဖြစ်​နေ​ရ​တာ လည်း​ကို စတင် စိတ်ဝင်စား ခဲ့​ခြင်း ဖြစ် ပါ​တယ်။

၃။ ကျောင်း​ပညာ​ရေး မှာ ညံ့​ဖျင်း ပြီး စာ​မေး​ပွဲ တောက်​လျှောက် ကျ​တဲ့ အတွက် ကျောင်း​အထုတ် ခံ​ရ ပါ​တယ်။ အသက် ၁​၇ နှစ် အရွယ်​က လည်း ကော​လိပ် ဝင်​ခွင့် ဖြေ​ဆို​တာ သင်္ချာ​နဲ့ ရူပဗေဒ က လွဲ​လို့ ကျန်​တဲ့ ဘာသာ တွေ ကျ​ပါ​တယ်။

၄။ အိုင်း​စ​တိုင်း နှစ်သက် တဲ့ ပစ္စည်း နှစ်​ခု ကတော့ ခေါင်း​ဖီး နဲ့ ခြေ​အိတ်​ဖြစ် ပါ​တယ်။

၅။ City Light အမည်​ရ ဟော​လိ​ဝုဒ် ရုပ်​ရှင် ရုံ အတင် ဖွင့်​ပွဲ​ကို အိုင်း​စ​တိုင်း ရောက်​ဖြစ်​စဉ် ဟာ​သ မင်းသား ချာ​လီ​ချက် ပ​လင် နဲ့ တွေ့​ဆုံ စဉ် ချာ​လီ​မှ သူ့​ကို စကား တစ်​ခွန်း ပြော​ခဲ့ ပါ​တယ်။ “ကျွန် တော့် ကို​ကျ လူ​တွေ နားလည် လို့ အားပေး ကြ​တယ်။ ခင်​များ ကို​ကျ လူ​တွေ နား​မ​လည် လို့ အားပေး ကြ​တယ်”

၆။ အိုင်း​စ​တိုင်း ပထမ ဇနီး Mileav Maric နဲ့ လမ်း​ခွဲ ရ​တဲ့ အကြောင်း က သူ့​မှာ မောင်​နှမ ဝမ်း ကွဲ တော်​သူ မိန်း​ကလေး Elsa နဲ့ ချစ်ကြိုက်​နေ လို့ ဖြစ်​ပါ​တယ်။ ဒါ​ကြောင့် အိုင်း​စ​တိုင်း ဟာ အိမ်ထောင်​ရေး ဖောက်​ပြန် သူ တစ်​ဦး ( Adultery ) ဖြစ်​ပါ​တယ်။

၇။ ဟစ်​တ​လာ က အိုင်း​စ​တိုင်း ကို နံပါတ် တစ် ပြည်​သူ့ ရန်သူ အဖြစ် သတ်​မှတ် ခဲ့​ပါ​တယ်။

၈။ အိုင်း​စ​တိုင်း ကွယ်​လွန်​ချိန် မှာ သူ့ ဦးနှောက် ကို အဖယ်​ရှား ခံ​ခဲ့ ရ​ပါ​တယ်။ သူ့ မိသား​စု ခွင့်​ပြု ချက် ကို နှစ် အတော်​ကြာ မှ ပြန်လည် တောင်း ဆို​တာ ဖြစ်​ပါ တယ်။ ဖယ်ရှား​သူ ကတော့ ဒေါက် တာ သော​မတ်စ် ( Thomas Stoltz Harvey ) ဖြစ်​ပြီး လေ့​လာ စစ်ဆေး ရန် ဖြစ်​ပါ တယ်။ ကမ္ဘာ တစ်​လွှား က ဆေး ပညာ​ရှင်၊ Scientist များ​ထံ ပို့ ခဲ့​ပြီး အဖြေ ရှာ​ရာ သာမန် လူ​တွေ ထက် ထူးခြား တဲ့ ဦးနှောက် ကို ပိုင်ဆိုင် ထား​ကြောင်း လေ့​လာ တွေ့​ရှိ ခဲ့​ပါ​တယ်။

၉ ။ အိုင်း​စ​တိုင်း ဟာ တယော တီး ဝါသနာ ပါ​သူ တစ်​ဦး ဖြစ်​ပါ​တယ်။ ” အကယ် ၍ ရူပဗေဒ ပညာ ရှင် သာ ဖြစ်​မ​လာ​ရင်၊ ကျွန်တော် ဟာ အနု​ပညာ ရှင် တစ်​ဦး ဖြစ်​နေ​လောက် ပါ​ပြီ။ သီ ချင်း​တွေ ကို ထိုင်​တွေး နေ​မိ​ပြီး အိပ်မက် ထဲ​မှာ လည်း သီချင်း တွေ ကြား ထဲ​မှာ နေထိုင် နေ​ပါ​တယ်။ တယော​တီး မိ​တဲ့ အချိန်​ကျ ဘဝ​ရဲ့​အပျော် ဆုံး အချိန် တစ်​ခု လို​ပဲ သတ်​မှတ် ခံစား ရ​ပါ​တယ်” လို့ ပြောဆို ခဲ့​ဖူး ပါ​တယ်။

Credit To အောင်​ခမ်း ( ရိုးရာ​လေး )