မြန်မာ​နိုင်ငံ​သို့ ဒုတိယ အကြိမ်​အဖြစ် လာ​ရောက်​မည့် အို​ဘား​မား​၏ ခရီး​စဉ်​တွင် ပြည် သူ​လူထု စိတ်ဝင်စား​မှု လျော့ ကျ​ခဲ့​သ​ဖြင့် အို​ဘား​မား အမှတ်တရ​အဖြစ် ရိုက်​နှိပ်​ထား​သည့် အင်္ကျီ​မှာ​ယူ​မှု​များ လျော့​နည်း​သွား ကြောင်း သတင်းရ​ရှိ​သည်။

‘‘ဒီ​နှစ် အို​ဘား​မား​လာ​မှာ​ကို သွား​ကြို​ကြ​မယ့် အခြေအနေ​က အရင်​တစ်​ခေါက်​ထက် များ​နိုင် မယ်​မ​ထင်​ဘူး။ အရင်​တစ်​ခေါက် က​ဆို​ရင် အို​ဘား​မား ရုပ်ပုံ​ပါ​တဲ့ အင်္ကျီ​တွေ အမှာ​အများ​ကြီး ထပ် ပြီး​ရိုက်​ရ​တာ​တွေ​တောင်​ရှိ​တယ်။ အခု​တစ်​ခေါက်​က အင်္ကျီ​အမှာ တွေ နည်း​နေ​တယ်။ အထည် ၃​၀​၀ လောက်​ပဲ ရှိ​တယ်။ အရင် တစ်​ခေါက်​က အို​ဘား​မား​တစ် ယောက်​တည်း​ပုံ​ပေါ့။ အခု​ကျ တော့ အို​ဘား​မား​နဲ့ ဒေါ်​အောင် ဆန်း​စု​ကြည် တွဲ​လျက်​ပုံ​ကို တံ ဆိပ်​ရိုက်​ခိုင်း​တယ်။ မြန်မာ​နိုင်ငံ နဲ့ အမေ​ရိ​ကန် လက်ကိုင်​အလံ တွေ​ကို​လည်း တချို့​တွေ လာ​ဝယ်​ကြ​တယ်။ ဒီ​နှစ်​မှာ အဖွဲ့​အစည်း​တွေ​က လာ​ဝယ်​တာ အတော်​နည်း​တယ်’’ ဟု ရွှေ​ဂုံ​တိုင်​လမ်းဆုံ​ရှိ စူ​ပါ​တံဆိပ်ရိုက်​လုပ် ငန်း​မှ ဦး​စိုး​အောင်​က ပြော​သည်။

အို​ဘား​မား တစ်​ဦး​တည်း​လက်​ပြ​နေ​သော​ရုပ်ပုံ၊ အို​ဘား​မား​နှင့် ဒေါ်​အောင်​ဆန်း​စု​ကြည် တွဲ​လျက်​ပုံ​ပါ​သည့် ဒီ​ဇိုင်း​များ ပိုမို​အမှာ​ရှိ​နေ​ကြောင်း တံဆိပ်ရိုက်​လုပ်​ငန်း​ရှင်​အချို့​က ပြော​သည်။

၂​၀​၁​၂ နိုဝင်ဘာ​လ​က အမေ​ရိ​ကန် သမ္မတ​များ​ထဲ​တွင် မြန်မာ နိုင်ငံ​သို့ ပထမ​ဆုံး​ရောက်​ရှိ လာ​သူ​ဖြစ်​သော အို​ဘား​မား​၏ ခရီး​စဉ်​တွင် မြန်မာ​ပြည်​သူ​များ​က ရင်ခုန်​စိတ်​လှုပ်ရှား​စွာ မျှော်လင့် ချက်​များ​စွာ ထားခဲ့​ပြီး စိတ်​ဝင် စား​မှု​လည်း ပိုမို​များ​ခဲ့​သည်။ ထို့ ကြောင့် အို​ဘား​မား​ကို ကြိုဆို ကြောင်း အမှတ်တရ အင်္ကျီ​များ နှင့် အမေ​ရိ​ကန်​အလံ​များ ရိုက် နှိပ်​ရောင်းချ​သည့် တံဆိပ်ရိုက် လုပ်​ငန်း​များ​စွာ ရှိ​ခဲ့​ပြီး ဝယ်​ယူ​သူ လည်း များ​ခဲ့​သည်။

သို့သော် ယခု​တစ်​ကြိမ်​တွင် အို​ဘား​မား အမှတ်တရ​အင်္ကျီ ရိုက်​နှိပ်​သော တံဆိပ်ရိုက်​လုပ်​ငန်း မှာ အနည်းငယ်​သာ​ရှိ​ပြီး ၎င်း​တို့ မှာ​လည်း ပထမ​အကြိမ်​နှင့် စာ လျှင် အမှာ​နည်း​နေ​သည်။

‘‘အို​ဘား​မား​က မြန်မာ​နိုင်ငံ ကို ခဏခဏ​လာ​တဲ့ လူ​မျိုး​လည်း မဟုတ်​ဘူး။ ပထမ​အခေါက်​က လှိုက်⁠လှိုက်​လှဲ​လှဲ ကြိုဆို​ကြ​တယ် ဆို​တာ ပထမ​ဆုံး​အခေါက်​ဖြစ်​နေ လို့။ ပြီး​တော့ အို​ဘား​မား​လာ​ရင် ဆို​တဲ့ မျှော်လင့်​ချက်​လေး​တွေ ရှိ နေ​ကြ​လို့​ပါ။ ဒုတိယ​အကြိမ်​ဆို တော့ သိပ်​မ​ထူးဆန်း​တော့​ဘူး ပေါ့။ ဒါပေမဲ့​လည်း တချို့​က ရင် ခုန်​စွာ​နဲ့ စောင့်မျှော်​နေ​ကြ​တာ လည်း ရှိ​ပါ​တယ်’’ ဟု Page Admin တစ်​ဦး​ဖြစ်​သူ ကိုကျော် လင်း​နိုင်​က ဆို​သည်။

အို​ဘား​မား​ခရီး​စဉ်​နှင့် ထိပ်​သီး​ဆွေးနွေး​ပွဲ​များ​ကြောင့် ရန်ကုန်​နှင့် နေပြည်တော်​တွင် လုံခြုံ​ရေး​အမြင့်​ဆုံး​ချထား​သည်။ ယခု​တစ်​ခေါက်​ခရီး​စဉ်​တွင် ကာ​တွန်း​ဆရာ​အချို့​က​လည်း အို​ဘား​မား​ကို သရော်​သည့် ကာ​တွန်း​များ ရေး​ဆွဲ​လာ​ကြ​သည်​ကို​လည်း တွေ့​ရ​သည်။

Credit to 7Day Daily