အီး-စီး​က​ရက်​မှ ထွက်ပေါ်​လာ သည့် (မ​မြင်​ရ​သော)ရေ​ငွေ့​တွင် Formaldehyde (အပုပ်​နိုင်​သော ပစ္စည်း)နှင့် acetaldehyde အပါ အဝင် ဓာတု​ပစ္စည်း​များ​ပါဝင်​နေ​မှု အဆင့်​မြင့်⁠မြင့်​ရှိ​နေ​သည်​ကို ဂျပန် နိုင်ငံ​ရှိ ကျန်းမာ​ရေး​ကျွမ်းကျင်​သူ များ​က တွေ့​ရှိ​သည်​ဟု သိ​ရ​သည်။

ဤ​တွေ့​ရှိ​ချက်​သည် အီး-စီး က​ရက်​အပေါ်​အား​ထား​နေ​သူ​များ ကို ထိုး​နှက်​လိုက်​ရာ​ရောက်​သွား​လေ သည်။ အီး-စီး​က​ရက်​သည်​သာမန် စီး​က​ရက်​များ​ထက် ပို​၍ အန္တရာယ် ကင်း​သည်​ဟု ထုတ်​ပြန်​ကြေညာ ထား​သည်။

အီး-စီး​က​ရက်​ကို ကမ္ဘာ​တစ်​ဝန်း လုံး​က ကြိုက်​လာ​သည်။ အထူး​သ ဖြင့် လူ​ငယ်​များ​က ပို​ကြိုက်​သည်။ အီး-စီး​က​ရက်​သည် ပူပူ​နွေး⁠နွေး​အ နံ့​မွှေး⁠မွှေး​အရည်​တစ်​မျိုး​ဖြစ်​သည်။ ယင်း​တွင်​လည်း နီ​ကို​တင်း​ဓာတ်​ပါ ဝင်​သည်​သာ​ဖြစ်​သည်။ အီး-စီး​က​ရက် မှာ ရေ​ငွေ့​ကို ရှူ​ရ​သော ဆေးလိပ် ဖြစ်​သည်။ ယင်း​သည်​သာမန်​စီး​က ရက်​နှင့် များ​စွာ​တူ​သည်။

အီး-စီး​က​ရက်​မှ ထွက်​သည့် ရေ​ငွေ့​ထဲ​တွင် Formaldehyde နှင့် acetaldehyde တို့​ကဲ့သို့​သော ကင် ဆာ​ဖြစ်​စေသော​အရာ (Carcinogens) ဓာတ်​ပစ္စည်း​များ​ပါဝင်​နေ​သည် ဆို​သည်​ကို ဂျပန်​ကျန်းမာ​ရေး​ဝန်ကြီး ဌာန​က တာဝန်​ပေး​ထား​သည့် သု တေ​သီ​များ​က တွေ့​ရှိ​ကြောင်း သိ​ရ သည်။

သို့​ဖြစ်​၍ အီး-စီး​က​ရက်​တွင် ကင်​ဆာ​ဖြစ်​စေသော ဓာတ်​ပစ္စည်း ပါဝင်​မှု​သည် သာမန်​စီး​က​ရက်​ထက် ဆယ်​ဆ​ပို​၍ ပါဝင်​သည်​ဟု သု​တေ သီ​တို့​က ဆို​ကြ​သည်။

Formaldehyde ကို​ဆောက် လုပ်​ရေး ပစ္စည်း​များ​တွင် တွေ့​ရ သည်။ အပုပ်​နိုင်​ဆေး​ရည်​များ​တွင် လည်း​တွေ့​ရ​သည်။ Formaldehyde ဓာတ်​ပစ္စည်း ပါဝင်​မှု​သည် သာမန် စီး​က​ရက်​မီးခိုး​ငွေ့​မှာ​ထက် အီး-စီး က​ရက်​ရေ​ငွေ့​တွင် ပို​၍​ပါဝင်​ကြောင်း၊ ယင်း​ဓာတ်​ပစ္စည်း​သည် ကင်​ဆာ​ရော ဂါ​ကို​ဖြစ်​စေ​ကြောင်း ကျန်းမာ​ရေး အရာရှိ​တစ်​ဦး​က ဆို​သည်။

acetaldehyde ကို ထု​နှင့်​ထည် နှင့် မ​တွေ့​ရတတ်၊ ပမာဏ​အနည်း ငယ်​မျှ​သာ တွေ့​ရတတ်​သည်။ သို့ သော်လည်း အက်​စစ်​နှင့် တခြား ဓာတု​ပစ္စည်း​များ ထုတ်​လုပ်​သည့် စက်​ရုံ​များ​တွင် ယင်း​ကို​အဓိက​အသုံး ပြု​သည်။

ယင်း acetaldehyde ဓာတ် ပစ္စည်း​ကို​လည်း သာမန်​စီး​က​ရက် မှာ​ထက် အီး-စီး​က​ရက်​တွင် ပို​တွေ့ ရ​သည်​ဟု အဆို​ပါ​ကျန်းမာ​ရေး​အ ရာ​ရှိ​တစ်​ဦး​က​ပင် ဆို သည်။

သို့​ဖြစ်​၍​ကင်​ဆာ​ရောဂါ​ကို ဖြစ်​စေသော​ဓာတ်​ပစ္စည်း​သည် သာ မန်​စီး​က​ရက်​မှာ ထက် အီး-စီး​က​ရက် တွင် ဆယ်​ဆ​ပို​၍ ပါဝင်​သည်​ဟု ဂျ ပန်​နိုင်ငံ၊ အမျိုး သား​ပြည်​သူ့ ကျန်းမာ ရေး​ဌာန​မှ ဒေါက်​တာ​ကာ​အို​ကီ​ကု နူ​ဂီ​တ​က ဆို​ခြင်း​ဖြစ်​သည်။

အများ​ပြည်​သူ​သုံး နေရာ​များ တွင် အီး-စီး​က​ရက်​အသုံးပြု​ခြင်း​ကို လည်း တားမြစ်​သင့်​သည်​ဟု ကမ္ဘာ့ ကျန်းမာ​ရေး​အဖွဲ့​က ဆို​သည်။

Credit to FB