Facebook ဝက်ဘ်​ဆိုက် ထူထောင်​သူ မာ့ခ်​ဇူ​ကာ​ဘာ့ဂ်​နှင့် ဇနီး​ဖြစ်​သူ ပရစ်​စီ​လာ​ချန်​တို့​သည် အီ​ဘို​လာ​ရောဂါ တိုက်​ဖျက်​ရေး ကဏ္ဍ​အတွက် ဒေါ်လာ(၂​၅)သန်း ထည့်​ဝင် လှူဒါန်း​ခဲ့​ကြောင်း သတင်းရ​ရှိ​သည်။

ယခု​နှစ်​အတွင်း အနောက်​အာ​ဖ​ရိ​က နိုင်ငံ​များ​တွင် စတင်​ကူး​စက်​လာ​ပြီး ကမ္ဘာ့​ကျန်းမာ​ရေး
ပြဿနာ​ကြီး တစ်​ခု​သဖွယ် ကျယ်​ပြန့်​လာ​သည့် အီ​ဘို​လာ ရောဂါ​ကို ထိန်း​ချုပ်​နိုင်​အောင် ကြိုးပမ်း​ေ
န​သည့် CDC ဖောင်​ဒေး​ရှင်း ရန်​ပုံငွေ​အဖွဲ့​သို့​ဇူ​ကာ​ဘာ့ဂ်​တို့​ဇနီးမောင်နှံ​က ငွေ​ကြေး​လှူဒါန်း​ခဲ့​ခြင်း
ဖြစ်​သည်။

ဇူ​ကာ​ဘာ့ဂ်​တို့ လှူဒါန်း​သည့် ငွေ​ကြေး​များ​ကို အမေ​ရိ​ကန် ရောဂါ​ကာ​ကွယ်​ရေး​နှင့် ထိန်း​ချုပ်​ရေး ဌာန​မှ​တစ်​ဆင့် ဂီ​နီ​ရာ၊ လိုက်​ဘေး​ရီး​ယား၊ ဆီ​အာ​ရာ​လီ​ယွန် နိုင်ငံ​များ​ရှိ အီ​ဘို​လာ ကု​သ​ရေး စင်
တာ​များ​သို့ ခွဲဝေ​ပေး​သွား​မည်​ဟု CDC ဖောင်​ဒေး​ရှင်း​က ကြေညာ​သည်။

အီ​ဘို​လာ​ရောဂါသည် တစ်​ကမ္ဘာ​လုံး​ကို ခြိမ်းခြောက်​နေ​ပြီ​ဖြစ်​ကြောင်း အမေ​ရိ​ကန် သမ္မတ ဘာ​ရတ်​အို​ဘား​မား​က မှတ်ချက်​ပြု​ခဲ့​ဖူး​ပြီး အမေ​ရိ​ကန် ဆေး​ရုံ​များ​တွင်​လည်း အီ​ဘို​လာ ကု​သေ
ရး​ဆိုင်​ရာ ကိရိယာ​များ​ကို တပ်​ဆင်​လျက် ရှိ​သည်။ ကမ္ဘာ့​ကျန်းမာ​ရေး အဖွဲ့​ကြီး (WHO)က ယ
ခု​နှစ်​အတွင်း အီ​ဘို​လာ​ကြောင့် သေ​ဆုံး​သူ ဦးရေ​သည် (၄​၀⁠၀​၀)ကျော်​သွား​ပြီ​ဟု ကြေညာ​ထား
သည်။

နည်း​ပညာ​နယ်ပယ်​မှ ကျော်​ကြား​သူ​များ​အနက်Microsoft ကော်​ပို​ရေး​ရှင်း​ပူးပေါင်း​တည်ထောင်​သူ
ပေါလ်​အလန်​သည်​လည်း ပြီး​ခဲ့​သည့် လ​အတွင်း​က အီ​ဘို​လာ တိုက်​ဖျက်​ရေး​အတွက် ဒေါ်လာ(၉)သန်း လှူဒါန်း​ခဲ့​ဖူး​ကြောင်း သိ​ရ​သည်။

Credit to 7Day Daily