မ​ကြာ​မီ​က ပြဋ္ဌာန်း လိုက်​သော အမျိုးသား​ပညာ​ရေး ဥပဒေ​ကို မ​ကျင့်​သုံး​ရ​သေး​မီ ပြန် လည်​ပြင်ဆင်​ရန် တောင်း​ဆို​နေ ကြ​ခြင်း​သည် အဆင့်ကျော်​နေ သ​လို​ဖြစ်​နေ​ကြောင်း ပညာ​ရေး ဝန်ကြီး​ဌာန၊ ပြည်ထောင်​စု​ဝန် ကြီး ဒေါက်​တာဒေါ်​ခင်​စန်း​ရီ​က ပြော​ကြားလိုက်​သည်။

တက္ကသိုလ် ကျောင်းသား များ​က အမျိုးသား​ပညာ​ရေး​ဥပဒေ အား လေး​ရက်ကြာ သပိတ်မှောက် ဆန္ဒ​ပြ​မှု​ရပ်ဆိုင်း​၍ အာဏာပိုင် များ​၏ တုံ့​ပြန်​မှု​ကို ရက်​ပေါင်း ၆​၀ စောင့်ဆိုင်း​မည်​ဟု ကြေညာ​ခဲ့ သည်။

ထိုသို့ ကြေညာ​ပြီး နောက်​တစ်​ရက်​တွင် ပညာ​ရေး​ဝန်ကြီး ဌာန​က မီ​ဒီ​ယာ​များ​နှင့် တွေ့​ဆုံ​ခဲ့ ခြင်း​ဖြစ်​သည်။

‘‘ကျောင်းသား​တွေ​ပြော​တဲ့ အချက် ခြောက်ချက်​မှာ​ပါ​တဲ့ ကိစ္စ​တွေ​ဟာ ဆက်​စပ်​ဥပဒေ​တွေ​မှာ ပါသွား​ဖို့​ရှိ​နေ​ပေ​မယ့် သူ​တို့​က တစ်​ဆုံး​ကြီး​အမျိုးသား​ပညာ​ရေး ဥပဒေ​ပြင်​ဖို့​လို့​ပြော​ရင်​တော့ ဥ​ပ ဒေ​ရေး​တဲ့​သူ​နဲ့ ဆက်​စပ်​ပေး​ဖို့​ရှိ တယ်။ ဒါပေမဲ့ ကျွန်မ​တို့ ဒီ ဥပဒေ​ကို မ​ကျင့်​သုံး​ရ​သေး​ဘဲ​နဲ့ ပြင်​ဖို့​ဆို​တဲ့​ဟာ​က ဘယ်​လို​ပြော မ​လဲ။ အဆင့်​တစ်​ခုကျော်​နေ​သ လို​မျိုး​ဖြစ်​နေ​ပါ​တယ်’’ဟု သ​တင်း စာ​ရှင်းလင်း​ပွဲ​တွင် ပညာ​ရေး​ဝန် ကြီး​ဌာန ပြည်ထောင်​စု​ဝန်ကြီး ဒေါက်​တာ ဒေါ်​ခင်​စန်း​ရီ​က​ပြော သည်။

အမျိုးသား​ပညာ​ရေး​ဥပဒေ ကို လွှတ်တော်​သို့​မ​တင်​သွင်း​မီ က​ပင် ကျောင်းသား​သမဂ္ဂ​များ၊ တက္ကသိုလ်ဆရာ၊ ဆရာ​မ​များ အသင်း၊ အရပ်​ဘက်​ပညာ​ရေး အဖွဲ့​အစည်း​များ​က ကန့်ကွက် ဆန့်ကျင်​မှု​များ​ပြုလုပ်​ခဲ့​ကြ​သည်။

ပြည်​သူ့​လွှတ်တော်​နှင့် အ မျိုး​သား​လွှတ်တော်​တို့​ကြား​တွင် ငြင်းခုံ​ဆွေးနွေး​မှု​များ​ဖြစ်ပေါ်​ခဲ့ ပြီး သမ္မတ​နှင့် လွှတ်တော်​ကြား တွင်​လည်း သဘောထား​ကွဲလွဲ​မှု များ​ရှိ​ခဲ့​ပြီး​နောက် အတည်ပြု ပြဋ္ဌာန်း​လိုက်​သော အမျိုးသား ပညာ​ရေး​ဥပဒေ​ကို ယခု​အခါ တက္ကသိုလ်​ကျောင်းသား​များ​က လမ်းပေါ်​ထွက် သပိတ်မှောက်​ခဲ့ ခြင်း​ဖြစ်​သည်။

နိုင်ငံ​ပိုင် သတင်းစာ​များ​မှ တစ်​ဆင့် သပိတ်မှောက်​ကျောင်း သား​အချို့​၏ ထုတ်​ပြန်​ချက် အပေါ် ရှင်းလင်း​ချက်​နှင့် ဖိတ် ခေါ်​ချက်၊ ပညာ​ရေး​မြှင့်​တင်​မှု အကောင်​အထည်ဖော်​ရေးကော် မ​တီ​၏ အစီ​အစဉ်​များ​နှင့် သ​တင်း ရေးသား​ချက်​များ​သည် တစ်ဖက် သတ် ရေးသား​ချက်​များ​ဖြစ်​ပြီး ဆန့်ကျင် ကန့်ကွက်​ကြောင်း သပိတ်မှောက်​ကျောင်းသား​များ က ပြန်လည်​တုံ့​ပြန်​ထား​သည်။

‘‘သူ​တို့ ထုတ်​ပြန်​ချက်​က နည်း​လမ်း​ဟောင်း​ကြီး​တွေ​ပါ​ပဲ။ သူ​တို့​ဖိတ်ခေါ်​နေ​တာ အခု​မှ​မဟုတ်​ပါ​ဘူး။ အရင်​တုန်း​ကတည်းက ပြော​ခဲ့​တဲ့​စကား​ပါ။ အခု ကျွန် တော်​တို့​က​သွား​ရောက်​ဆွေးနွေး ရ​မယ့်​အချိန်​မဟုတ်​တော့​ပါ​ဘူး’’ဟု သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်​တစ်​ဦး​ဖြစ်​သူ ကို​ဇေ ယျာ​လွင်​က​ပြော​သည်။

ကျောင်းသား​သပိတ်​တ​တိ ယ​မြောက်​နေ့​တွင် ပညာ​ရေး​ဝန် ကြီး​ဌာန တာဝန်ရှိ​သူ​များ​က ကျောင်းသား​ခေါင်းဆောင်​များ နှင့် သွား​ရောက်​တွေ့​ဆုံ​ခဲ့သော် လည်း အဆင်​မ​ပြေ​ဖြစ်​ခဲ့​ပြီး နောက် ကျောင်းသား​များ​နှင့် ပူး ပေါင်း​ဆောင်ရွက်​နိုင်​ရန် ဖိတ်ခေါ် ကြောင်း ဝန်ကြီး​ဌာန​က ကြေညာ လိုက်​ခြင်း​ဖြစ်​သည်။

‘‘ကျောင်းသား​တွေ ဖြစ်​တဲ့ အတွက် ကျွန်မ​တို့​ဟာ သူ​တု့​ိ​နား လည်​တဲ့​အထိ ရှင်း​ပြ​ဖို့​ရှိ​ပါ​တယ်။ တားဆီး​မှု​မ​ရှိ​ပါ​ဘူး။ သူ​တို့​ဟာ ကျွန်မ​တို့​ရဲ့ သားသမီး​ပဲ​ဖြစ်​တဲ့ အတွက် ဒီ​ဥပဒေ​ကို မ​ကြိုက်​တဲ့ အချက်အလက်​တွေ​ရှိ​ရင်​သူ​တို့ ပြော​တာ နားထောင်​ဖို့​အဆင် သင့်​ရှိ​ပါ​တယ်။ နားထောင်​ပေ မယ့်​လည်း သူ​တို့​ပြော​တာ အား လုံး​ကို လုပ်​ပေး​နိုင်​ပါ​တယ်။ မ​လုပ်​ပေး​နိုင်​ဘူး​ဆို​တာ​က ဒီ​မို​က​ရေ​စီ နိုင်ငံ​ဖြစ်​တဲ့​အတွက် တစ်​ယောက် တည်း​ဆုံးဖြတ်​လို့​လည်း မ​ရ​ဘူး။ ဒီ​အဖွဲ့​အစည်း​တစ်​ခု​တည်း​က လည်း ဆုံးဖြတ်​လို့​မ​ရ​ပါ​ဘူး’’ဟု ဒေါက်​တာ ဒေါ်​ခင်​စန်း​ရီ​က​ပြော သည်။

ပညာ​ရေး​ဝန်ကြီး​ဌာန​အနေ ဖြင့် ရှေ့​လုပ်​ငန်း​စဉ်​များ​ကို ဆက် လက်​ဆွေးနွေး​ဆောင်ရွက်​လျက် ရှိ​ပြီး အမျိုးသား​ပညာ​ရေး​နည်း ဥပဒေ​နှင့် အခြား​ဆက်​စပ်​ဥပဒေ များ ရေး​ဆွဲ​ဆောင်ရွက်​လျက်​ရှိ ကြောင်း ပညာ​ရေး​ဝန်ကြီး​က သ​တင်း​ထောက်​များ​ကို​ပြော​သည်။

‘‘ဒီ​နေ့ အစည်းအဝေး​က ကျောင်းသား​တွေ​ပြော​တာ​ကို ချေပ​ဖို့​ထက် ကျွန်မ​တို့​ရဲ့ ရှေ့​လုပ်​ငန်း​စဉ်​တွေ​ကို တင်ပြ​ဖို့​နဲ့ ဆွေး နွေး​ဖို့​လုပ်​တာ​ဖြစ်​ပါ​တယ်။ ကျွန်မ​တို့ ဆက်​ဆွေးနွေး​မှာ​က အမျိုး သား​ပညာ​ရေး နည်းဥပဒေ​ရေး​ဆွဲ​ပါ​မယ်။ ပြီး​ရင် အဆင့်​မြင့်​ပညာ​ရေး ဥပဒေ​ထွက်​ပါ​မယ်။ ဆရာ​အတတ်​သင်​ပညာ​ဥပဒေ​ထွက်​ပါ မယ်။ အခြေ​ခံ​ပညာ​ဥပဒေ​ထွက်​ပါ မယ်။ အဲ​ဒါ​အားလုံး​ဟာ ရှေ့​တစ် ပတ်၊ နှစ်​ပတ်​မှာ ပြီး​သွား​ရင် အကုန်​လုံး​ကို​ချ​ပြ​မှာ​ဖြစ်​ပါ​တယ်’’ ဟု ဒေါက်​တာ ဒေါ်​ခင်​စန်း​ရီ​က​ပြော​ကြား​သည်။

အဆင့်​မြင့် ပညာ​ဦးစီး​ဌာန (အောက်​မြန်မာ​ပြည်)ရုံး​တွင် ပြု လုပ်​သော သတင်းစာ​ရှင်းလင်း​ပွဲ တွင် ပညာ​ရေး​ဝန်ကြီး​ဌာန၊ ပြည် ထောင်​စု​ဝန်ကြီး​သည် မီ​ဒီ​ယာ​များ အား ၁​၀ မိ​နစ်​ခန့်​အဖွင့်​စကား ပြော​ကြား​ပြီး​နောက် အခန်း​မှ ထွက်​ခွာ​သွား​ခဲ့​သည်။ သ​တင်း သမား​များ​၏ မေးခွန်း​မေးမြန်း​မှု များ​ကို ပညာ​ရေး​မြှင့်​တင်​မှု အကောင်​အထည်ဖော်​ရေး ကော် မ​တီ အကြံပေး​ပညာ​ရှင် ဆရာ ကြီး​ဦး​သန်း​ဦး​က ဦးဆောင်​၍ ပြန် လည်​ဖြေ​ကြား​ခဲ့​ခြင်း​ဖြစ်​သည်။

သပိတ်မှောက်​ဆန္ဒ​ပြ​သော ကျောင်းသား​များ​အား ပညာ​ရေး ဝန်ကြီး​ဌာန တာဝန်ရှိ​သူ​များ အနေ​ဖြင့် သွား​ရောက်​တွေ့​ဆုံ ဆွေးနွေး​တော့​မည်​မဟုတ်​ဘဲ ကျောင်းသား​များ​အနေ​ဖြင့် လာ​ရောက်​တွေ့​ဆုံ​ဆွေးနွေး​နိုင်​ကြောင်း ရန်ကုန်​ပညာ​ရေး​တက္ကသိုလ်​ပါ​မောက္ခ​ချုပ် ဒေါက်​တာ​အောင်​မင်း​က​ပြော​သည်။

‘‘ဆွေးနွေး​ဖို့​က သူ​တို့​လာ ဆွေးနွေး​ရ​မှာ​ဖြစ်​ပါ​တယ်။ မိဘ ပြည်​သူ၊ မည်​သူမ​ဆို ဖိတ်ခေါ် ထား​ပါ​တယ်။ လာ​ဆွေးနွေး​ပါ။ ကျွန်တော်​တို့​တွေ ဆက်လက် ဆောင်ရွက်​နေ​တဲ့​ကိစ္စ​မှာ အားလုံး​အပြည့်​အဝ​ပူးပေါင်း​ပါ။ ဒါ​ပဲ ကျွန်တော်​တို့​က ပြော​လို့​ရ​မှာ​ဖြစ် ပါ​တယ်’’ဟု ဒေါက်​တာ အောင် မင်း​က ပြော​သည်။

အမျိုးသား​ပညာ​ရေး​ဥပဒေ နှင့် ပတ်သက်​၍ လက်​ရှိ​အစိုးရ​နှင့် တာဝန်ရှိ​သူ​များ​အနေ​ဖြင့် သပိတ် မှောက်​ကျောင်းသား​များ​ကို လာ​ရောက်​စေ့စပ်​ညှိနှိုင်း​ခြင်း တစ်​စုံ တစ်​ရာ​မ​ပြုလုပ်​ပါ​က လက်​ရှိ သပိတ်မှောက်​ဆန္ဒ​ပြ​မှု​ပုံစံ​ထက် ပိုမို​ပြင်းထန်၊ ကျယ်​ပြန့်၊ ကြီးမား​သော သပိတ်​တိုက်​ပွဲ​များ ဆင်​နွှဲဖော်​ဆောင် တုံ့​ပြန်သွား​မည်​ဖြစ်​ကြောင်း ကျောင်းသား​များ​က​ကြေညာ​ထား​သည်။

Credit to 7Day daily