အသက် ၁⁠၁​၅ နှစ်​ရှိ​နေ​ပြီ​ဖြစ်​တဲ့ Emma Morano ဟာ ကမ္ဘာ့ ပဥ္စ​မ​မြောက် အသက်​အကြီး​ဆုံး အမျိုးသမီး တစ်​ယောက် ဖြစ်​ပြီး ဥ​ရော​ပ​မှာ​တော့ အသက်​အကြီး​ဆုံး ဖြစ်​ပါ​တယ်။

အီ​တ​လီ​နိုင်ငံ ၊ ဗာ​ဘေး​နီး​ယား​မြို့​မှာ​နေထိုင်​တဲ့ Emma Morano ဟာ သူမ အခု​လို အသက်​ရှည် နုပျို​နေ​ရ​တဲ့ လျှို့​ဝှက်​ချက်​ကို ထုတ်ဖော် ပြောဆို လိုက်​ပါ​တယ်။ သူမ​ရဲ့ လျှို့​ဝှက်​ချက်​ကတော့ တစ်​နေ့​ကို ကြက်ဥ အစိမ်း​တွေ စား​သုံး​ပြီး အမျိုးသား​တွေ​ကို ရှောင်​ကြဉ်​တယ်​လို့ ဆို​ပါ​တယ်။

သူမ​ဟာ ၁​၉​၃​၈ ခု​နှစ်​မှာ သူမ​ရဲ့ ခင်ပွန်း​နဲ့ ကွာရှင်း​ခဲ့​ပြီး​တဲ့​နောက်​မှာ အမျိုးသား​တွေ​နဲ့ ပတ်သက်​ခဲ့​ခြင်း မ​ရှိ​တော့​ဘူး​လို့ သိ​ရ​ပါ​တယ်။ သူမ​ဟာ ဆယ်ကျော်​သက် ဘဝ​ကတည်းက ကြည်​ဥ တစ်​နေ့ ၃ လုံး ခန့် စား​ခဲ့​ပြီး အခု​အချိန်​ထိ​လည်း ကြည်​ဥ​ကို မနက်​တိုင်း အစိမ်း​လိုက် သောက်​သုံး​နေ​တုန်း​ပဲ​လို့ သိ​ရ​ပါ​တယ်။

သူမ​ဟာ ကမ္ဘာ​စစ်​ကြီး ၂ ခု​ကို ဖြတ်​သန်း​ခဲ့​ဖူး​သူ တစ်​ယောက်​ဖြစ်​ပါ​တယ်။ သူမ​ကို ၁​၈​၉​၉ ခု​နှစ် နိုဝင်ဘာ ၂​၉ ရက်​နေ့​မှာ အီ​တ​လီ​နိုင်ငံ အနောက်မြောက်​ပိုင်း​က Piedmont ဆို​တဲ့ မြို့​လေး​တစ်​မြို့ မှာ​မွေး​ဖွား​ခဲ့​ပါ​တယ်။

Credit to Trend Myanmar