၆​၄ ကြိမ်​မြောက် မယ်​ကမ္ဘာ​ရွေးချယ်​ပွဲ​မှာ အသက် ၂​၂ အရွယ် တောင်​အာ​ဖ​ရိ​က​အလှ​မယ်​က အနိုင်​ရ​ပြီး သရဖူ​ဆောင်း​သွား​ခဲ့​ပါ​တယ်။

ဆေး​ကျောင်း​သူ Rolene Strauss ဟာ တနင်္ဂနွေနေ့​က လန်ဒန်​မှာ​ကျင်းပ​တဲ့ အခု​နှစ် မယ်​ကမ္ဘာ​ရွေးချယ်​ပွဲ​မှာ အနိုင်​ရ​ရှိ​သွား​ခဲ့​တာ​ပါ။ ရုပ်​သံ​က​နေ တိုက်ရိုက်​လွှင့်​ထုတ်​တဲ့ အဲ​ဒီ​ရွေးချယ်​ပွဲ​ကို ကမ္ဘာ​အနှံ့​က လူ​သန်း​ပေါင်း​ရာ​နဲ့​ချီ​ပြီး​တော့ ကြည့်​ရှု​ခဲ့​ကြ​ပါ​တယ်။

ဟန်​ဂေ​ရီ​နိုင်ငံ​သူ Edina Kulcsar က ဒုတိယ၊ အမေ​ရိ​ကန်​ပြည်ထောင်​စု​က​အလှ​မယ် Elezabeth Safrit က တတိယ ရ​ရှိ​ခဲ့​ကြ​ပြီး ဒီ​ပြိုင်​ပွဲ​ကို နိုင်ငံ​ပေါင်း ၁​၂​၀ ကျော်​က အလှ​မယ်​တွေ ဝင်​ရောက်​ယှဉ်​ပြိုင်​ခဲ့​ကြ​ပါ​တယ်။

ဒီ​နှစ် မယ်​ကမ္ဘာ​ရွေး​ပွဲ​ကို ဝင်​ရောက်​ယှဉ်​ပြိုင်​မယ့် ဟွန်​ဒူး​ရပ်(စ) အလှ​မယ် Maria Jose Alvarado ပြီး​ခဲ့​တဲ့​လ​အတွင်း သေ​နတ်​နဲ့ ပစ်​သတ်​ခံ​ခဲ့​ရ​တဲ့ စိတ်​မ​ကောင်း​စရာ ဖြစ်​ရပ်​က အခု​နှစ်​မယ်​ရွေး​ပွဲ​ကို အစွန်း​ထင်း​ဖြစ်​စေ​ခဲ့​ပါ​တယ်။

Maria နဲ့ သူမ​ရဲ့​အမ​တို့​နှစ်​ယောက်​ဟာ အမ​ဖြစ်​သူ​ရဲ့​ရည်းစား​က သေ​နတ်​နဲ့​ပစ်ခတ်​ခဲ့​တဲ့​အတွက် သေ​ဆုံး​သွား​ခဲ့​ကြ​ပါ​တယ်။

Credit to VOA(Myanmar)