A သွေး ပိုင်​ရှင်​များ​ရဲ့ အချစ်​ရေး

A သွေး​များ​သည် အချစ်​ရေး​မှာ ပွင့်​ပွင့်လင်း​လင်း
ချစ်​တက်​သော သွေး​အမျိုး​အစား​များ ဖြစ်​ကြ​ပါ​သည်

သဝန်​အရမ်း​တို​တတ်​ပြီး အချစ်​ကြီး​သော သွေး​များ​ဖြစ်​တာ​မို့
Aသွေး​များ​နဲ့ ချစ်​သူ​ဖြစ်​ပြီ​ဆို​ရင် နားလည်​မှု မ​ပေး​နိုင်​သော ချစ်​သူ​မျိုး​နဲ့ တွေ့​ပြီး​ဆို​ရင်
ခဏ​တာ ချစ်​ခွင့်​ရ​ပြီး ကွဲကွာ​သွား​တတ်​ပါ​သည်

အချစ်​ဆို​တာ​ကို ပေး​ဆပ်​ခြင်း ရ​ယူ ပိုင်ဆိုင်​ခြင်း
အနစ်​နာခံ​နိုင်​ခြင်း​များ​နှင့် ချစ်​တတ်​ကြ​ပေ​မဲ့ တစ်​ခါ​တ​လေ​မှာ​တော့ အချစ်​အတွက် စိတ်ထွက်​ပေါက်​ရှာ​ပြီး လွတ်လပ်​ပွင့်လင်း​စွာ ပြောဆို​တတ်​ပါ​သည်

သို့​ပေ​မဲ့​လည်း အချစ်​ရေး​မှာ သိပ်​ပြီး ကံ​မ​ကောင်း​ကြ​ပါ​ဘူး ကိုယ်​ချစ်​သ​လောက် ကိုယ့်ကို​ပြန်​မ​ချစ်​ပဲ ဥပေက္ခာ​ပြု​တာ အမြဲ​တမ်း​ခံ​ရ​ပါ​သည်
မိမိ​ချစ်​သူ​ကို ဂရု​တစ်​စိုက်​နဲ့ အရိပ်​တ​ကြည့်​ကြည့် ကြည့်​နေ​ပေ​မဲ့​လည်း ကိုယ့်​အပေါ်​ကြ​တော့ ဂရုစိုက်​ခြင်း​မ​ရှိ ကိုယ်​ပြော​လိုက်​တဲ့ စကားလုံး တစ်​ခု​ကို ရန်​လုပ်​နေ​သည် ရစ်​နေ​သည်​ဟု ထင်​နေ​တတ်​ကြ​ပါ​သည်

အချစ်​ရေး​မှာ အချစ်​ကြီး​သ​လောက် သဝန်​အရမ်း​တို​တတ်​ပြီံး စိတ်ကူး​ထဲ​ရှိ​နေ​တဲ့​အတိုင်း လွတ်လွတ်​လပ်​လပ် ပြောဆို​တတ်​၍
မိမိ ချစ်​သူ​နဲ့ စကားပြော​သော အခါ​တိုင်း စကား​များ ရန်​ဖြစ်​ရ​ပါ​သည်

A သွေး​ပိုင်​ရှင်​များ​ကို အထူးသဖြင့် သတိပေး​ချင်​တာ​ကတော့
မိမိ ချစ်​တဲ့​သူ​အပေါ် နားလည်​မှု့​ဆို​တာ​ထက် ချစ်​တတ်​တဲ့ စိတ်​ကြောင့်
အရမ်း​ကြီး မ​ရစ်​ကြ​ပါ​နဲ့​လို့​ပြော​ချင်​ပါ​တယ်

A သွေး​များ​ရဲ့ အချစ်​ရေး​ဟာ ပျော်​ရွှင်​ခြင်း​များ ခံစား​ရ​ပြီ​ပြီး​ဆို​ရင်
စိတ်ညစ်​ခြင်း​များ နောက်​က ရောက်လာ​နေ​ပါ​သည်

ချို​မြိန်​သော အချစ်​ရေး​များ တွေ့​ဆုံ​နိုင်​ကြ​ပါ​စေ


အချစ်​ရေး​နှင့် အို​သွေး

O သွေး ဆို​သည်မှာ
အချစ်​ရေး​မှာ​တော့ အရမ်း​ချစ်​တတ်​ပြီး ကိုယ်​ရဲ့​ချစ်​သူ​အပေါ်​မှာ
မြင်သာ ထင်ရှား​လာ​အောင် ဖွင့်​ဟ မ​ပြောဆို​ပဲ ရင်​ထဲ​မှာ သိမ်းထား​တတ်​တဲ့
သွေး​အမျိုး​အစား​များ​ဖြစ်​ကြ​ပါ​သည်

ကိုယ်​ချစ်​သူ​အပေါ်​ကို ဥပေက္ခာ ပြု​နိုင်​တယ် လို့ ထင်​ထား​ပေ​မဲ့ အရမ်း သဝန်တို​တတ်​တဲ့ စိတ်​မျိုး​လည်း ရှိ​တတ်​ကြ​ပါ​တယ်
ကိုယ်​ကို ဂရု​မ​စိုက်​ဘူး ပစ်ထား​ခြင်း ခံ​ရ​တယ်​လို့ ခံစား​နေ​တတ်​ကြ​ပါ​တယ်

အချစ်​အရမ်း​ကြီး​တဲ့ အတွက်​ကြောင့်​မို့​မိမိ ချစ်​သူ​က ကိုယ်​ကို ဘယ်လောက် ချစ်တယ် ဆို​တာ သိရှိ​လာ​အောင် စမ်းသပ်​တဲ့ သဘော​မျိုး​နဲ့ အချစ်​စမ်းသပ်​တတ်​ကြ​ပါ​တယ်

သဘော​ကတော့ ချစ်​သူ ရဲ့ ကြင်နာ ယုယ​ခြင်း​များ ခံစား​ချင်​၍ စမ်းသပ်​တဲ့ သဘော​မျိုး​ဖြစ်​ပါ​သည်
အချော့​ခံ​ချင်​လို့​ပါ ချော့​လိုက်​ပါ သူငယ်ချင်း​တို့

အို သွေး ဆို​သည်မှာ အချစ်​ဆို​တာ​ကို ဘယ်​သူ​မှ မ​သိ​အောင် တစ်​ယောက်​ထဲ တိတ်⁠တိတ်​လေး ခံစား​ရင်း​နဲ့​အရမ်း​ချစ်​တတ်​တဲ့ သွေး​များ ဖြစ်​ကြ​ပါ​သည်

ဘီ​သွေး​နဲ့​အချစ်​ရေး

ဘီ သွေး​များ​သည်
အချစ်​ရေး​မှာ လွမ်း​ရ​ခြင်း ဆွေး​ရ​ခြင်း
မိမိ ချစ်​တဲ့ ချစ်​သူ​ကို ဦးစားပေး​ရ​ခြင်း​များ​နဲ့​ချစ်​နေ​ရတတ်​ပါ​တယ်

သံယောဇဉ် တ​အားကြီး​ပြီး တစ်​ယောက်​ဆို​တစ်​ယောက်​ကို​ပဲ
ချစ်​မြတ်နိုး​တတ်​ကြ​ပါ​တယ်

တစ်​ခါ​တ​လေ​မှာ​တော့ မိမိ ချစ်​သူ​အပေါ် ဘယ်လောက်​ချစ်​လဲဆို​တာ​အရမ်း သိ​ချင်​ကြ​ပါ​တယ်

စိတ်ကူး​နဲ့​အချစ် တ​ထပ်​ထဲ မ​ကျ​တဲ့​အခါ​မျိုး​တွေ ရှိ​နေ​တတ်​ပါ​တယ်

အချစ်​ရေး​မှာ​တော့ ပေး​ဆပ်​ခြင်း​နဲ့
အနစ်​အနာ​ခံ​ပြီး ချစ်​တတ်​ကြ​သော သွေး​များ ဖြစ်​ကြ​ပါ​တယ်

ချစ်​သူ ရည်းစား​အပေါ် သစ္စာ ရှိ​စွာ
ပေါင်းသင်း​နေထိုင်​တတ်​သော
သွေး​များ​ဖြစ်​ကြ​ပါ​သည်

မိန်း​ကလေး​များ​မှာ​တော့ မိမိ ချစ်​သော​သူ​ကြောင့်
မျက်ရည် ခဏခဏ ကျ​ရ​ပါ​သည်

ယောက်င်္ကျား​လေး​များ​မှာ​တော့
မိမိ​ချစ်​သူ​ကြောင့် ခဏခဏ
သဝန်တို​တတ်​ကြ​ပါ​သည်


AB သွေး အကြောင်း သိ​ကောင်း စရာ

AB သွေး​များ​ဟာ ကလေး​တစ်​ယောက်​ကဲ့သို့ လိုချင်​တောင်း​တ​ခြင်း​များ အများ​အပြား ရှိ​နေ​တတ်​ပါ​တယ်

သူငယ်ချင်း​အပေါ် မိတ်ဆွေ​များ​အပေါ် အရမ်း ဂရုစိုက်​တတ်​ကြ​ပါ​တယ်
စိတ်ဆိုး​တာ စိတ်ကောက်​တာ များ​တယ် ဆို​ပေ​မဲ့ AB သွေး​များ​ရဲ့​စိတ်​က

သူ​တို့​ကို ဂရု​မ​စိုက်​ပဲ ပစ်ထား​တာ လုံး​ဝ မ​ကြိုက်​ကြ​ပါ​ဘူး

ပျော်​ရွှင်​စွာ နေထိုင်​တတ်​ပြီး မိဘ ရွှေ​မျိုး​များ​ကို စိတ်​ချမ်းသာ​အောင်​ထား​ရ​ဖို့​အဓိက အရေးကြီး​တယ်​ဆို​တဲ့ စိတ်​မျိုး ရှိ​ပါ​တယ်

ဝမ်းနည်း​နေ​တဲ့ အချိန်​မျိုး​မှာ အားကိုး ရှာ ချင်​စိတ် ဖြစ်ပေါ်​တတ်​ကြ​ပါ​တယ်

တစ်​ခု⁠ခု​ကို သင်​ယူ​မှတ်​သာ​နေ​တဲ့ အချိန်​မျိုး​မှာ သူတစ်ပါး​ထပ် သူငယ်ချင်း​များ​ထက် အမြဲ​တမ်း အသာ​စီး ရ​နေ​တတ်​ပါ​တယ်

မ​ခံ​ချင်​တဲ့ စိတ်​က AB သွေး​များ​ကို ပြုပြင် ဆုံးမ ပေး​တတ်​ပါ​တယ်

အချစ်​ရေး​မှာ​တော့ AB သွေး​တွေ ချစ်​သ​လောက် ဂရု​တ​စိုက် ရှိ​သ​လောက် ပြန်​ပြီး ဂရု​တ​စိုက် နေ​ပေး​မဲ့​သူ မ​ရှိ​သ​လောက် ရှားပါး​နေ​ပါ​တယ်

အချစ်​အရမ်း​ကြီး​ပြီး မိမိ ချစ်​သူ​ကို ဘယ်​လို့ နားလည်​မှု့ ပေး​ရ​မယ် ဘယ်​လို့​ဂရုစိုက်​မှု့​ပေး​ရ​မယ်

အချိန်​တိုင်း ဦးစားပေး​နေ​တတ်​တဲ့ သွေး​မျိုး​ဖြစ်​ပါ​တယ်

မ​ခင်မင်​တဲ့ လူ​များ​ဆို​ရင်​တော့ လုံး​ဝ လှည့်​မ​ကြည့်​ပဲ နေ​တတ်​ပေ​မဲ့

တကယ် ခင်မင်​ရင်းနှီး​သွား​ရင်​တော့ သူငယ်ချင်း​တွေ အပေါ်​ကို
အနစ်​အနာ​ခံ​ပြီး ပေါင်းသင်း​တတ်​တဲ့ သွေး​မျိုး ဖြစ်​တာ​မို့

AB သွေး​များ​နဲ့ သူငယ်ချင်း ဖြစ်​ရ​ပါ​က ပျော်​ရွှင်​စရာ​များ ပြည့်​နပ်​နေ​ပါ​လိမ့်​မယ်

AB သွေး​နဲ့ အို​သွေး​များ သူငယ်ချင်း ဖြစ်​မိ​က လူ​ဘဝ​ကြီး​မှာ

သူ​တို့​နှစ်​ယောက်​လောက် ပျော်​ရွှင်​စရာ ကောင်း​တဲ့ အချိန်​မျိုး ဘဝ​မျိုး မ​ရှိ​သ​လောက်​ပါ​ပဲ​ဗျာ

Credit to FB